Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Saturday, June 16, 2012

ရိုဟင်ဂျာ သမိုင်းကို မသိသေးသူများအတွက် မျှဝေလိုက်ပါတယ် Posted by မောင်ဟန်သော်ခေးရ် on ဇွန် 14, 2012


လူအခွင့်အရေးကို ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန် ကြိုးစားနေကြသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့်

Thursday, May 10, 2012

သမိုင်းအထောက်အကူပြုတဲ့ ရေဦးမြို့မှ မိသားစု



ဧရာဝတီဘလော့ . ၉ရက်နေ့ မေလ ၂၀၁၂ —- လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တို့ရဲ့ မိန့်ခွန်းတွေ ပါဝင်တဲ့ ဓာတ်ပြားတွေကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အိမ်အမှတ် (၆၅၅) ၊ ဘီအိုစီ အနီး နေထိုင်တဲ့ ဦးအုန်းမောင်နှင့် ဒေါ်ဗူးညွန့် မိသားစုက လှူဒါန်းမှု သတင်းတခုပါ။ သမိုင်းကို ပြန်လည် ဖော်ထုတ်တဲ့ နည်းလမ်းကောင်း တခုပါဘဲ။
အဆိုပါ မိသားစုက သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ် ဦးဘချိုတို့ရဲ့ မိန့်ခွန်းတွေအပါအ၀င် မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းရဲ့ ရှမ်းဘာသာနဲ့ ဟောပြောထားတဲ့ မိန့်ခွန်းတွေ အားလုံး စုစုပေါင်း ဓာတ်ပြားဟောင်း(၂၂) ချပ်ကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ သို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
သမိုင်းကို အထောက်အကူပြုတဲ့ မိသားစု ပါပဲ။ ရေဦးမြို့ အတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ သမိုင်းကို တန်းဖိုးထား ထိန်းသိမ်းတတ်တဲ့ မိသားစုအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။
ကျွန်တော်လဲဂုဏ်ပြုပါတယ် ခင်ဗျာ...........

Tuesday, January 31, 2012

ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။

Monday, January 30, 2012

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရ

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

!_! ၅၀၀၀ တန်ဖုန်းသတင်းပါ !

ကျပ်၅၀၀၀ တန်ဖုန်းကိုဖြန့်ချိမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက လုပ်ငန်းစဉ်ဆိုင်ရာများ တင်ပြသည်တို့ကိုကို ဇန်န၀ါရီ(၂၉)ရက် နံနက် ၉ နာရီခွဲက ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းခန်းမတွင်ပြုလုပ်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်၊ အင်ဂျင်နီယာချုပ်များ၊ အခြားတာဝန်ရှိသူများတက်ရောက်ကြပြီး၊ ဖိတ်ကြားထားသောစာနယ်ဇင်းဆရာများနှင့် အခြားစာနယ်ဇင်းဆရာများလည်းတက်ရောက်လေ့လာခဲ့ကြသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေးတင်ပြချက်ကိုထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေး တင်ပြချက်

Saturday, January 21, 2012

ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း






ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ 


၃-၁-၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။

ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး


ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး
Browse › Home › ဆောင်းပါး » ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး
တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။

Friday, January 13, 2012

ခင်ညွန့်၊ ဦးမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးကြွယ်၊ ဦးပြုံးချို တို့ လွတ်မြောက်လာ


ဦး



ဦးခင်ညွန့်



ဦးခင်ညွန့်နှင့် ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ


ဦးမင်းကိုနိုင်
ဦးခွန်ထွန်းဦး

ဦးဌေးကြွယ်

ဦးပြုံးချို

နိုင်ငံတော် သမ္မတကြီး၏ စတုထ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင် အချို့မှ လွတ်မြောက်အကျဥ်းသား ဦးရေမှာ

စစ်တွေ ထောင်မှ ( ၁၁ )ဦး
ပြည်ထောင်မှ ( ၄ )ဦး
ပူတာအိုထောင်မှ ( ၁၃ )ဦး
မိတ္ထီလာထောင်မှ ( ၃ )ဦး
ဘူးသီးတောင်ထောင်မှ ( ၃ )ဦး
ဗန်းမော်ထောင်မှ ( ၁၀ )ဦး
( မန္တလေးအကျဉ်းထောင်မှ ယခင် ဗိုလ်ချုပ်ခင်ညွှန့် ၏တပည့်ထောက်လှမ်းရေးဟောင်း အကျဥ်းသားများ အားလုံး ကို ယနေ့နံနက် ( ၆ ) နာရီကတည်းက လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည် )

အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူ ၈၂ ဦးတွင် ဆရာတော်အရှင်စန္ဒိမာ၊ အရှင်သုမန၊ အရှင်ရေ၀ရ၊ အရှင်စဏ္ဍိက စသော ဆရာတော်များပါဝင်ကြောင်းသတင်းရရှိ သည်။ ထို့အပြင် ကိုကျော်စိုး၊ အောင်ကို၊ ဝေလင်း၊ ငြိမ်းချမ်း၊ သော်ဇင်၊ စောမောင်မောင်၊ ဘိုးတော်ခင်ဝင်း၊ ဇင်မင်းရှိန် ၊ သံဃာတော်များ၊ ထောက်လှမ်းရေးဟောင်းများ၊ ဦးနေဝင်း၏ မြေးများ ပါဝင်ကြောင်းသတင်းရရှိသည်။ လွတ်မြောက်လာ သူများထဲတွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၇ ဦးပါဝင်သည်။

သာယာဝတီအကျဉ်းထောင်မှ ယနေ့နံနက်တွင် အကျဉ်းသား၂၃ဦး ၊ အကျဉ်းသူ၂ဦး လွတ်မြောက်သည်။
လွတ်မြောက်သူများထဲတွင် သီးသန့်အကျဉ်းသား ၇ဦး ၊သာမန်သီးသန့်အကျဉ်းသားတစ်ဦး ၊သာမန်သီးသန့်အကျဉ်းသူ၂ဦး ၊ထောက်လှမ်းရေးဟောင်းအကျဉ်းသား၇ဦး ၊ (နဆရ၊ နဆက )အကျဉ်းသား၈ဦးလွတ်မြောက်လာကြောင်း သာယာဝတီအကျဉ်းဦးစီးဌာနမှ စာရင်းများအရသိရသည်။

တာင်ငူထောင်မှ လွှတ်မြောက်လာသူ သီးသန့် အကျဉ်းသား ၁၁ ဦး
၁။ ဦးခွန်ထွန်းဦး
၂။ ကိုဇော်ဇော်မင်း ( ၈၈ မျိုးဆက်ကျောင်းသား )
၃။ ကိုဝင်းကို ( မိုးညို NLD )
၎။ ကိုသန်းထိုက်အောင် ( မြင်းခြံ )
၅။ ကိုမျိုးအောင် ( ခ ) အငယ်လေး
၆။ ကိုဖြိုးဇော်လတ် ( ခ ) ၀တုတ်
၇။ ကိုရဲကျော်သူ ( ခ ) ပဲပဲ
၈။ ကိုမျိုးမြင့်အောင် ( မန္တလေး )
၉။ ကိုလွီစီငြိမ်း ( လွိုင်ကော် )
၁၀။ မနော်ခေးမူ
၁၁။ မနော်လှ






သမ္မတကြီးအား ကျေးဇူးအလွန်အမင်းတင်ရှိပါ၏။

 

ဓမ္မစကြာ

(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။








Friday, December 30, 2011

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား


ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များမင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။



ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များအဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

Wednesday, September 28, 2011

ဇတ်သိမ်းမကောင်းတဲ့ BHG ( ပေးစာ - ၂၇ )

BHG ခေါ် blink hacker group ကို နိုင်ငံ့အကျိုးပြု ဆိုက်တွေ၊ နိုင်ငံသားတွေ တည်ထောင်ထားတဲ့ ဘယ်သူ့ကိုမှ ပြဿနာမရှာတဲ့ ဆိုက် တွေကို ဖျက်ဆီး နှောက်ယှက်မှုကြောင့် http://www.blinkhackergroup.net ကို ကျွန်တော်တို့ ထိန်းသိမ်းထားလိုက်ပါပြီ။

BHG, Blink Hacker Group အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ အင်တာနက် စာမျက်နှာတွေကို ဖျက်ဆီးခဲ့ပါတယ်။ နည်းပညာညာ ထောက်ပံ့ရေး လို့ပြောပြီး တစ်ခါတုန်းက ညီနေမင်း ရဲ့ နည်းပညာ ဆိုက် ကိုတောင် ဖျက်ဆီးခဲ့ဖူးတာ အားလုံး အသိဖြစ်ပါတယ်။
အဲဆိုဒ်မှာ

တရုတ်စာတွေကို ဘာသာပြန် သည့် စာရေးဆရာမ ဘလော့ဂါ နိုင်းနိုင်းစနေ ကို အားပေးသူ များပြား


နိုင်းနိုင်းစနေ ဆိုရင် ဒီနေ့ အင်တာနက် သုံးနေတဲ့ လူတိုင်း သိကြပါတယ်။ အင်တာနက် စာမျက်နှာပေါင်းများစွာ၊ ဖော်ဝတ် မေးပေါင်းများစွာမှာ နိုင်းနိုင်းစနေ ရေးထားတဲ့ စာတွေ ကို အများကြီး တွေ့နိုင်ပါတယ်။

နိုင်းနိုင်းစနေဟာ တရုတ်စာကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားပြီး တရုတ်စာဖြင့်ရေးသားထားသော စာအုပ်များ၊ ဝဘ်ဆိုက်များမှ စာကောင်းပေကောင်းများကို အမြဲ ဘာသာပြန်ပြီး ပိုစ့်တင်တတ်သူဖြစ်ပါတယ်။ နိုင်းနိုင်းစနေဟာ ၂၀၀၆ ခုနှစ်မှစတင်ပြီး ဘလော့ရေးသားခဲ့သူဖြစ်ပြီး ယနေ့အချိန်အထိ www.99sanay.comတွင် ကြည့်ရှုသူအရေအတွက်(hits) ၂၅ သိန်းကျော် ရရှိထားသူဖြစ်ပါတယ်။ ထို့အပြင် Facebook လူမှုကွန်ရက် ၀က်ဘ်ဆိုက်၌ ပြုလုပ်ထားသော fan page၌ ပရိသတ် ၁၄၈၇၅ ဦးရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဘလော့၌ ရေးသားထားသောစာများကို စုစည်းထုတ်ဝေထားသည့် လုံးချင်းစာအုပ် ၁၁ အုပ်လည်း ထွက်ရှိထားခဲ့ပြီးဖြစ်ပါတယ်။

Tuesday, September 27, 2011

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစာစနစ် တရားဝင်ပါဝင်မည်

မိုက်ခရိုဆော့ဖ်၏ Windows 8 ကွန်ပျူတာစနစ်၌ မြန်မာစနစ် တရားဝင် ပါလာမည်ဖြစ်ကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ရေး အဖွဲ့(Myanmar NLP Lab) မှစက်တင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Windows 8 ၌ပါဝင်လာမည့် မြန်မာစာစနစ်မှာ ယူနီကုဒ်စံကို အတိအကျ လိုက်နာထားသည့် မြန်မာဖောင့်ဖြစ်ပြီး ဖောင့်အမည်မှာ Mya-nmar Text Regular ဖြစ်ကြောင်း သိရှိရပါသည်။ ထွက်ရှိမည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိရန် လျာထားသည့် Windows 8 ၏ Preview versionကို စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

Tuesday, September 6, 2011

အပျိုစင်ဘ၀ကို ခွဲစိတ်ခြင်းမှ ပြန်ရယူနေကြခြင်းနှင့် ပတ်သက်၍

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လက်ထပ်ခါနီး သတို့သမီးလောင်းများသည် “အပျိုစင် ဖြစ်အောင် ခွဲစိတ်ပြင်ဆင်မှု” ('virginity repair) ဟုခေါ်သော ခွဲစိတ်ပြုပြင်မှုမျိုးကို လက်မထပ်မီ ပြုလုပ်မှုများ သိသာစွာ မြင့်တက်လာနေကြောင်း သိရသည်။

Monday, September 5, 2011

ဖ့စ်ဘွခ်ရဲ့ Privacy Options ပြောင်းပြီ


ဖေ့စ်ဘွခ်ရဲ့ Privacy Options ပြောင်းပြီ


ဖေ့စ်ဘွခ် အသုံးပြုသူတို့ရဲ့ ကိုယ်ပိုင်ဒေတာတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး စိစစ်သုံးသပ်ရင်း ပိုမိုတိုးတက် ကောင်းမွန်အောင် အဓိကပြောင်းလဲမှုတွေကို လုပ်ဆောင်တော့မယ်လို့ ဖေ့စ်ဘွခ်က ကြေညာလိုက်ပါတယ်။
ဒီပြောင်းလဲမှုတွေထဲမှာ ဖေ့ဘုတ်ပေါ်တင်လိုက်သော အချက်အလက်တစ်ခုချင်းစီကို ဘယ်သူတွေကို တွေ့ခွင့်ပေးမလဲ ဆိုတဲ့ ကိုယ်ပိုင် အချက်အလက်ဝေမျှတဲ့ ဆက်တင်ပုံစံတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရာထူးမှနှုတ်ထွက်

Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရာထူးမှနှုတ်ထွက်

“ကျွန်တော် ပြောခဲ့ဖူးပါတယ်။ Appleရဲ့ အမှုဆောင်ချုပ်တစ်ယောက် ထမ်းဆောင်ရမယ့် တာဝန် ၀တ္တရားတွေ ကျွန်တော် မဆောင်ရွက်နိုင်တော့တဲ့အချိန် ရောက်လာရင် အားလုံးကို အသိပေးပါ့မယ် ဆိုတာကိုလေ။ ၀မ်းနည်းစရာ ကောင်းတာက အဲဒီအချိန်ဟာ ခုတကယ်ပဲ ရောက်လာခဲ့ပါပြီ”

အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် စတင်ဖွင့်လှစ်

အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် စတင်ဖွင့်လှစ်

OMyanmar Online Shopping Mall Kicked-Off

OMyanmar Online Shopping Mall Kicked-Off

iBiz Service Provider Co., Ltd. မှ အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် (www.omyanmar.com) ကို သြဂုတ်လ ၁၃ ရက်နေ့ က မြန်မာအင်ဖိုတက်ခ်၊ Conference Hall တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ်တွင် ပြင်ပ ရှော့ပင်းမောလ်များကဲ့သို့ ပြခန်း၊ ဆိုင်ခန်းများပါဝင်ကာ၊ ပြည်တွင်း ပြည်ပမှ ဈေးဝယ်သူများ အနေ နဲ့ ၂၄ နာရီ ပိတ်ရက်မရှိ ၀ယ်ယူနိုင်မည်ဖြစ်သည်။

အေဗရာဟမ်လင်ကွန်း၏ နိုင်ငံရေးဥာဏ်ရည်

အေဗရာဟမ်လင်ကွန်း၏ နိုင်ငံရေးဥာဏ်ရည်

ဘားရက်အိုဘားမား အမေရိကန်သမ္မတအဖြစ် အရွေးခံရပြီးစတွင် အများအံ့အားသင့်ရသည့်အရာတစ်ခု ပြုလုပ် ခဲ့သည်။ အဲဒါက သူ့ပါတီက သမ္မတလောင်းရွေးကောက်ပွဲတွင် သူနှင့်အကျိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့် ဟီလာရိ ကလင်တန်အား သူ့အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
          ပြိုင်ဘက်တစ်ယောက်ကို အဲသည်လောက်ကြီးမားသည့် ရာထူးနေရာပေးအပ်တာ ထူးဆန်းနေသလို တစ်ဖက်လူက သူ့လက်အောက်မှာဝင်ရောက်လုပ်ကိုင်ရန် လက်ခံခဲ့တာသည်လည်း အံ့သြစရာ ဖြစ်ခဲ့သည်။ လူအများစိတ်မှာ ထင်မထားတာတွေ ဖြစ်တာမှန်သော်လည်း သေသေချာချာစဉ်းစားကြည့်သည့်အခါ အံ့သြစရာ မဟုတ်။

ဘောလုံး​​ကွင်း​​အနီး​​ ဟိုတယ်အခန်း​​မှ ဂိုး​​သွင်း​​​နေသည့်​​စုံတွဲ

ဘောလုံး​​ကွင်း​​အနီး​​ ဟိုတယ်အခန်း​​မှ ဂိုး​​သွင်း​​​နေသည့်​​စုံတွဲက ​​ဘောလုံး​​ပွဲထက် ပရိသတ်ကိုဆွဲ​​ဆောင်ခဲ့

alt
ဂိုးသွင်းကောင်းတဲ့ တို့ကိုကိုပါ© dailymail
ဘယ်လ်ဂျီယမ်နိုင်ငံတွင် ​​ဘောလုံး​​အား​​​ပေး​​သူ ပရိသတ်များ​​သည် ​​ဘောလုံး​​ပွဲထက် ဟိုတယ်ခန်း​​ထဲတွင် ဂိုး​​သွင်း​​​နေ​​သော စုံတွဲတစ်တွဲကို အား​​နှင့်​​မာန်နှင့်​​ အား​​​ပေး​​ခဲ့​​​ကြောင်း​​ သိရှိရသည်။
ထောင်နှင့်​​ချီ​​သော ပရိသတ်များ​​သည် ​​ဘောလုံး​​ကွင်း​​အနီး​​ ဟိုတယ်တစ်ခုမှ အခန်း​​ပြူတင်း​​​ပေါက်တွင် ကပ်ပြီး​​ အကြိတ်အနယ် အချစ်ဇာတ်ခင်း​​​နေ​​သော စုံတွဲအား​​ မျက်ဝါး​​ထင်ထင် ​​တွေ့​​ရှိခဲ့​​ပြီး​​​နောက် သ​​ဘောကျစွာ ကြည့်​​ရှုခဲ့​​ကြသည်။ ​​နောက်ပိုင်း​​တွင် အဆိုပါ စုံတွဲအနက် အမျိုး​​သမီး​​မှာ အသက် ၂၆ နှစ်အရွယ် ​​မော်ဒယ်လ် အလီရှာ တန်ဒါး​​နက်စ်ဖြစ်​​ကြောင်း​​ သိရှိရလာရသည်။
သူမက ဟိုတယ် အခန်း​​ပြူတင်း​​​ပေါက်သည် အတွင်း​​မှ အပြင်သို့​​သာ မြင်ရသည့်​​မှန်မျိုး​​ဟု ထင်ခဲ့​​ပြီး​​ ​​ဖောက်ထွင်း​​မြင်ရသည်ကို မသိခဲ့​​​ကြောင်း​​ ​​ပြောဆိုခဲ့​​သည်။ သူမတို့​​စုံတွဲ Check outလုပ်ချိန်တွင် ဟိုတယ်မှ မိန်း​​က​​လေး​​က ရယ်ချင်​​နေပုံရသည်ကို သတိပြုမိ​​သော်လည်း​​ မည်သည့်​​အ​​ကြောင်း​​​ကြောင့်​​မှန်း​​ မသိခဲ့​​ဟု အလီရှာက ဝန်ခံခဲ့​​သည်။
သူမတို့​​သည် ​​နောက်တစ်​​နေ့​​ သတင်း​​စာကို ဖတ်မိမှ မျက်လုံး​​ပြူး​​ခဲ့​​ရသည်။ လိုကာရန်နှင့်​​ ကစား​​ခဲ့​​​သော ဆင်ထရူဒင်အသင်း​​မှ တာဝန်ရှိသူများ​​က ကွင်း​​အနီး​​တွင် အလား​​တူ အ​​ခြေအ​​နေမျိုး​​ ဖြစ်​​နေသည်ကို မလိုလား​​​ကြောင်း​​ ​​ပြောဆိုခဲ့​​ပြီး​​ ပရိသတ်ထဲတွင် က​​လေး​​ငယ် အများ​​အပြား​​ ပါဝင်​​နေ​​ကြောင်း​​ ​​ထောက်ပြခဲ့​​သည်။ ​​လော​​လောဆယ်တွင် ဟိုတယ်ပိုင်ရှင် လက်ဝင်း​​​ဖော့​​သည် ဟိုတယ်မှန်များ​​ကို တစ်ဖက်မြင်မှန်များ​​အဖြစ် ​​ပြောင်း​​လဲရန် အ​​ရေး​​တကြီး​​ စစ်​​ဆေး​​မှုများ​​ ပြုလုပ်​​နေ​​ကြောင်း​​ သိရှိရသည်။

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ

စိတ်ကြွပီကေကျွေးပြီး အဝတ်မဲ့ ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တင်မည်ဟု ပြော၍ ငွေသိန်း ၅ဝဝ ခန့် ခြိမ်းခြောက်ရယူမှု ပြည်မြို့တွင် ဖြစ်ပွား

စိတ်ကြွပီကေကျွေးပြီး ဝတ်လစ်စလစ်ပုံများ ရိုက်ယူကာ ငွေခြိမ်းခြောက်ရယူသည့် အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦးကို ရဲက ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးလိုက် ပြီဖြစ်ကြောင်း ပြည်မြို့ အမှတ် ၂ ရဲစခန်းမှ သိရသည်။ ပြည်မြို့ရှိကွန်ပျူတာ တက္ကသိုလ် ကျောင်းသူ တစ်ဦးကို ယောက်ျားစိတ်ပေါက်နေသူ

ဖိလစ်ပိုင်တွင် နန်းမာဒေါလ် တိုင်ဖွန်းဒဏ် လူရှစ်ဦး သေဆုံး

ဖိလစ်ပိုင်တွင် နန်းမာဒေါလ် တိုင်ဖွန်းဒဏ် လူရှစ်ဦး သေဆုံး

ဖိလစ်ပိုင်တွင် နန်းမာဒေါလ် တိုင်ဖွန်းဒဏ်၊ ရေလွှမ်းမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာ လူသေမှု များလည်းရှိသည်။
ဖိလစ်ပိုင်နိုင်ငံတွင် နန်းမာဒေါလ် တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်သွားရာ အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့သည်။ မုန်တိုင်းသည် ထိုင်ဝမ်သို့ ဦးတည်တိုက်ခတ်သွားရာ တင်္နလာ (၂၉.၈.၂၀၁၁) နေ့ နံနက်တွင် ထိုင်ဝမ်ကမ်းခြေ
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }