| ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း | ||||
![]() ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း ယမန်နေ့က ကန်ပြီးသွားခဲ့သော ယူရို ၂၀၁၂ အတွက် ခြေစစ်ပွဲစဉ်များ အတွင်းတွင် အသင်းကြီး အားလုံး ရလဒ်များ ကောင်းမွန်ခဲ့ကြ သည်ကို တွေ့ခဲ့ရသည်။ အဆိုပါ ခြေစစ်ပွဲစဉ် အတွင်း ခြေအစွာဆုံး အသင်း အဖြစ် ဟော်လန် အသင်းက ဦးဆောင်သွားခဲ့သည်။ ဟော်လန် အသင်းသည် ဆန် မာရီနို အသင်းအား ၁၁ ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ယူရို ၂၀၁၂ အုပ်စု(A) ဂျာမဏီ ၆-၂ သြစတြီးယား ဂျာမဏီ အသင်းသည် အဖွင့်ဂိုးအား စောစီးစွာ ရရှိသွားခဲ့ပြီး ရီးရဲ မက်ဒရစ် ကွင်းလယ် ကစားသမား ဖြစ်သူ အိုဇေးလ်မှ ပွဲချိန် ၈ မိနစ်တွင် အဖွင့်ဂိုး ရယူပေးခဲ့သည်။ အိုဇေးသည် ယနေ့ပွဲတွင် ဟက်ဒရစ် ရယူသွားခဲ့သည်။ ဂျာမဏီတို့သည် ပွဲချိန် ၂၃ မိနစ်တွင် အိုဇေး၏ ဒုတိယဂိုးနှင့် ပွဲချိန် ၂၈ မိနစ်တွင် ပိုဒေါစကီး၏ ဂိုးဖြင့် ဆက်တိုက်ဆိုသလို ရယူသွားခဲ့ကြသည်။ သြစတြီးယား အသင်းသည် ပွဲချိန် ၄၂ မိနစ်တွင် Marko Arnautovic ၏ သွင်းဂိုးဖြင့် ချေပဂိုး တစ်ဂိုး ရရှိခဲ့သည်။ |
