Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Sunday, April 8, 2012

Dear friend...................

sorry, i am very busy.if i free i will come to your blog.
thanks........

ချစ်သူငယ်ချင်းတို့ ခင်ဗျာ

   ကျွန်တော်အလုပ်တွေရှုပ်နေလို့ ဘလော့ဘက်မလှည့်ဖြစ်လို့ ပါ။
ခုရက်တော့တော်တော်လေးအားပါပြီ။ နောက်ပိုင်းကို မြန့်မာ့
နည်းပညာဆိုက်ပေါင်းစုံမှကောင်းနိုးရာရာတွေကိုကျွန်တော်
လည်းလေ့လာရင်းကျွန်တော့်ဘလော့ကိုလာရောက်ဖတ်ရှုတဲ့
သူတွေလည်းအဆင်ပြေအောင်တင်ပေးထားပါ့မယ်။
                                 
                                                  ကိုမင်းနိုင်(ကန္တာရလူသား)

Thursday, December 29, 2011

ချစ်သူများနေ့ပေါ်ပေါက်လာပုံ အကြောင်းသူငယ်များသိစေဖို့


အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။

Wednesday, December 28, 2011

Ubuntu OS အသုံးပြုသူများအတွက် အကူအညီ ပေးနေသည့် LoCo Team နှင့် တွေ့ဆုံမေးမြန်းခြင်း

http://news.yatanarpon.com.mm/cp/internetjournal မှကူးယူဖော်ပြလိုက်ပါတယ်...

Photo
လက်ရှိအချိန်မှာ Ubuntu OS ကို ရုံး၊ ကုမ္ပဏီနဲ့ စက်ရုံများမှာ အသုံးပြုလာကြသလို အိမ်သုံးအဖြစ်လည်း အလွယ်တကူ သုံးစွဲနိုင်တဲ့ အတွက်  Ubuntu OS ဟာ လူကြိုက်များတဲ့ Operation System တစ်ခုဖြစ်လာ ပါတယ်။ Ubuntu ဆိုတာ အာဖရိကန် ဘာသာစကားနဲ့ လူသားချင်း စာနာ ထောက်ထားမှုလို့ အဓိပ္ပာယ် ရပါတယ်။ အခမဲ့ သုံးစွဲနိုင်တဲ့ Operation System တစ်ခု ဖြစ်တာနဲ့ အညီ Application တွေကိုလည်း အခမဲ့ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေမှာ Ubuntu OS နဲ့ ပတ်သက်တဲ့ installer များ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် နိုင်ငံအချို့မှာ LoCo Team လေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း Ubuntu အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ အကူအညီများနဲ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ အတွက် LoCo Team ကို ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Ubuntu OS နဲ့ ပတ်သက်ပြီး အထောက်အကူပေးမယ့် LoCo Team အဖွဲ့က တာဝန်ရှိသူတွေနဲ့ သူတို့ အဖွဲ့အကြောင်းကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

Thursday, December 1, 2011

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

aungthin စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူ
ငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အ သက်
အရွယ် ထောက်လာသည့်တိုင်နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်
တတ်အောင်အကြံပေးလိုသည့်ဆန္ဒရှိနေသည်။ ရန်ကုန်မြို့မှစာရေးဆရာကြီး ဦးအောင်သင်း အား  ခေတ်ပြိုင်
ဂျာနယ် အယ်ဒီ တာချုပ်ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အထူး သဖြင့်
ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့ သို့ဖြေ
ကြားသည်။

ဖြေ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေ ဟာ
ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက် ကြ
တယ်ဆိုတော့ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။
နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။ ဘာကြောင့်လဲဆိုတော့ ကို စိန်ကျော်
လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့သိပ်မခွာ
ချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြားသိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြား ထဲမှာ
သွားပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာမေတ္တာထားမိပါတယ်။ ဒါကြောင့်  ကျနော်တို့
သူတို့ကို စကားပြောချင်တာကပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်
လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ကျနော် ပြောချင်တာပါ။

Friday, November 11, 2011

ကံကောင်သူများတွင် ရှိတတ်သော "အရည်အချင်းများ"

အချို့လူများသည် ကံကောင်းသူများအဖြစ် သတ်မှတ်ခံရလေ့ ရှိကြသည်။

ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
 အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

၁။မိတ်ဆွေအပေါင်းအသင်းပေါများခြင်း
၎င်းတို့သည် လူအများနှင့်ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ နေထိုင်ရခြင်းကို
နှစ်သက်တတ်သူများဖြစ်သည်။ ဖော်ရွေသည်။ လူသူစိမ်းကို နှုတ်ဆက်ပြောဆို
လွယ်ကြသည်။ ရင်းနှီးခင်မင်တတ်သူ ၊ ရိုးသားပွင့်လင်းသူဟူသော
ဟန်ပန်သွင်ပြင်ပေါ်လွင်၍ ယင်းသွင်ပြင်ကြောင့်ပင် တစ်ဖက်သားစိတ်၌
ပြန်လည်ရင်းနှီး ခင်မင်လိုစိတ် ဖြစ်ပေါ်စေတတ်သော သူမျိုးသာ
ဖြစ်သည်။မိတ်ဆွေ အပေါင်းအသင်း ပေါများသည့်အခါ နေရာတကာ၌
မိမိကိုကူညီပေးသူများ၊ လိုက်လံဆက်သွယ်ပေးသူများနှင့် ကြုံရတတ်သဖြင့်
သူတပါးနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊
မိမိတဦးတည်းလုပ်ကိုင် ရသည့် လုပ်ငန်းများတွင် လည်းကောင်း အလွယ်တကူ
အောင်မြင်မှု ရတတ်ပေသည်။ ၎င်းတို့၏ အပေါင်းအသင်းပေါများခြင်းဆိုသော
အရည်အချင်းကို မသိကြသူများက ကံကောင်းသူများ ဟူ၍ တံဆိပ်ခတ်
နှိပ်တတ်ကြပေသည်။


၂။ ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်ခြင်း
ကံကောင်းသူများမှာ ရဲရဲတင်းတင်း ကံစမ်းကြသူများ ဖြစ်သည်။
ကံစမ်းခြင်း ဆိုသည်မှာ ထီထိုးသောအလုပ်မျိုးကိုမဆိုလိုပါ။
မိမိလေ့လာသိရှိထားသော အချက်အလက် အထောက်အထားများအရ
စမ်းကြည့်လျှင် အကျိုးရှိနိုင်မည်ဟု ထင်ရသည့် အလုပ်မျိုးကို
ရဲရဲတင်းတင်း ၀င်ရောက်လုပ်ကိုင်တတ်ခြင်းကို သာ ဆိုလိုပေသည်။ ကံကောင်းသည်
ကံလိုက်သည် ဆိုခြင်းမှာ ကံစမ်းကြည့်သူများ၌သာ ကြုံရနိုင်သော
အရာမျိုးဖြစ်သည်။ ထို့ကြောင့် ကံကောင်းသူဖြစ်လိုလျှင် သမားရိုးကျ
မိမိသွားနေကျ လမ်းအို လမ်းဟောင်း မှာသာ တွယ်ကပ်မနေဘဲ လမ်းသစ်ထဲသို့
ဝင်ကြည့်ရဲရမည်။ သိသာထင်ရှားသည့် အခွင့်ရေးကို မြင်လျှင် မိမိ
မလုပ်ဖူးသေးသည့် အလုပ်သစ်ထဲသို့ပင် စွန့်စားဝင်ရောက်ရဲရသည်။ သို့သော်
ရဲရင့်ခြင်း နှင့် ရမ်းခြင်းကိုတော့ ခွဲခြား သတိထားတတ်ဖို့
လိုပါသည်။ထို့ကြောင့် ဥာဏ်နှင့်ယှဉ်သော ရဲတင်းမှုမျိုး
ဖြစ်ရန်အရေးကြီးပါသည်။

၃။ ဆုံးရှုံးမှုမကြီးမားအောင်ထိန်းတတ်ခြင်း
လုပ်ငန်းမှန်သမျှသည် အနည်းနှင့်အများ စွန့်စားရသည်ချည်း ဖြစ်သည်။ ရာနုန်းပြည့် သေချာသော
အလုပ်ကိုမှ စောင့်၍ လုပ်မည်ဆိုလျှင် သင့်တစ်သက်လုံး ဘာအလုပ်မှ
လုပ်ခွင့်ကြုံတော့မည် မဟုတ်ပေ။ထို့ကြောင့် ဖြစ်နိုင်ခြေ အလားအလာကို
ကြည့်ကာ အောင်မြင်နိုင်သည့်ဘက်က အလေးသာလျှင် ရဲရဲတင်းတင်း
ကံစမ်းလုပ်ကိုင် ကြည့်ပါက ကံကောင်းသူဖြစ်နိုင်သည့် အခွင့်အရေးနှင့်
ကြုံရနိုင်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ထိုသို့ ကံစမ်းကြည့်ရာတွင်
ကံကောင်းခွင့်နှင့် မကြုံဘဲ ကံဆိုးနှင့်လည်း
ကြုံရနိုင်ပေသည်။ထိုအခါမျိုးတွင် အရေးကြီးသည့်အချက်မှာ ကံဆိုးကို
လျှင်လျှင်မြန်မြန် စွန့်ပစ်ဖို့ပင် ဖြစ်သည်။ကံကောင်းသည် ဆိုသူများသည်
ကံဆိုးကို လျှင်မြန်စွာ စွန့်ပစ်တတ်ကြသူများဖြစ်၍ ကံဆိုးသည်ဆိုသူများသည်
ကျရောက်လာသည့် ကံဆိုးမှုကို လက်ထဲတွင် ကြာရှည် သိမ်းဆည်းထားတတ်သူများ
ဖြစ်ချေသည်။ရဲရဲတင်းတင်း လုပ်တတ်သူများ (၀ါ) ကံစမ်းရဲသူများသည်
လုပ်ငန်းတစ်ခု စမ်းသပ်လုပ်ကိုင်ကြည့်ပြီး အောင်မြင်မှုမရှိသည်ကို
တွေ့ရသည်နှင့် တစ်ပြိုင်နက် ယင်းလုပ်ငန်းမှ အဆုံးအရှုံးမကြီးမားမီပင်
မြန်မြန်ဆန်ဆန် စွန့်လွတ်ကာ လုပ်ငန်းသစ်သို့ ကူးပြောင်းတတ်ကြ၍
မရဲတင်းသူများမှာမူ အလုပ်တစ်ခုကို အလွယ်တကူ မစွန့်လွတ်ရဲဘဲ
ပြန်ကောင်းလာနိုး မျှော်ကိုးစောင့်စားရင်း ပို၍ပို၍ ဆုံးရှုံးရတတ်ခြင်း
ဖြစ်သည်။

၎။ ကြုံရမည့်ပြသနာအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်း
လုပ်ငန်း၌ ကံကောင်းတတ်သူများသည် ရဲဝင့်စွန့်စား လုပ်ဆောင်တတ်သူများ ဖြစ်သည်ဟု
ဆိုခဲ့ပါသည်။ ၎င်းတို့သည် ဖြစ်နိုင်ချေရှိသည့် အလုပ်မျိုးတွင်မှ
စွန့်စားလုပ်ဆောင်တတ်သူများ (၀ါ) ဥာဏ်နှင့်ယှဉ်၍ စွန့်စားတတ်သူများ
ဖြစ်သည်ဟူ၍လည်းဆိုခဲ့ပါသည်။၎င်းပုဂ္ဂိုလ်များနှင့် ပါတ်သက်၍ နောက်ထပ်
မှတ်သားသင့်သည့် အချက်မှာ ၎င်းတို့သည်အောင်မြင်နိုင်သည့် အလားအလာကို
မျှော်ကိုးပြီး စွန့်စားကြသည်ဆိုသော်လည်းအမြဲအကောင်းကိုသာမျှော်လင့်စောင့်စားနေကြသူများ
မဟုတ်ဟူသော အချက်ဖြစ်သည်။စွန့်စားသူ ဖိုးကံကောင်းများသည် မိမိတို့
စွန့်စားဆောင်ရွက်မည့်လုပ်ငန်း၌ ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှု
အန္တရာယ်များကို ကြိုတင်တွက်ဆကာအကယ်၍ ဆုံးရှုံးရပါကလည်း
ယင်းဆုံးရှုံမှုဒါဏ်ကို မိမိ ခံနိုင်သည်ဟုသေချာပြီးမှသာ စွန့်စားတတ်ကြစမြဲ
ဖြစ်သည်။ထို့ကြောင့် ၎င်းတို့အနေနှင့်ဆုံးရှုံသည့် အခါ၌လည်း အရှုံးကြီးမရှုံးပဲ
ပြန်လည်နာလန်ထူနိုင်သည့် အခြေအနေမျိုး ၊နောက်ထပ် အလုပ်သစ်တစ်ခု
ဆက်လက်ဆောင်ရွက်နိုင်သည့်အခြေအနေမျိုး သာ အမြဲရှိကြပေသည်။
မိမိပတ်ဝန်းကျင်ရှိ ကံကောင်းသည် အပြောခံရသူများ၊ ကံဆိုးသည်
အပြောခံရသူများကို အထက်တွင် ဖော်ပြခဲ့သည့် အချက်များဖြင့်
ချိန်ထိုးစိစစ်ကြည့် သင့်ပါသည်။ သုတေသီ ဂွန်သာ၏ တွေ့ရှိချက်များနှင့်
သင့်စိစစ်ချက်တို့ တိုက်ဆိုင် ကိုက်ညီနေပြီဆိုပါက သင့်အနေနှင့်လည်း
မိမိကိုယ်တိုင် ကံကောင်းသူတစ်ဦးဖြစ်အောင် လုပ်ဆောင်ရန် အစီအစဉ်များ
ချမှတ်ဆောင်ရွက်ဖြစ်လာပါလိမ့်မည်။

* လောက၌ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရန် ကြိုးပမ်းကြသူများသာ 
ပေါက်မြောက် အောင်မြင်ကြစမြဲ ဖြစ်ပါသည်။*

Saturday, October 15, 2011

power ဆိုတာဘာပါလဲ............

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင် ပိုကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။

…လူနဲ့ တိရစ္ဆာန် ခြားနားမှုဖြစ်တဲ့ မိမိစိတ်ကို မိမိသိခြင်းဆိုတဲ့ စွမ်းရည်ဟာ အတိုင်းအတာ ကန့်သတ်ချက် မရှိဘူး။ လူကို လူပီသအောင်လုပ်ပေးတဲ့ စွမ်းအားသတ္တိဖြစ်ရုံတင်မကပါဘူး၊ သာမန်လူထက် ပိုလွန်တဲ့၊ ထူးကဲတဲ့၊ မြင့်မြတ်တဲ့ လူသားတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။

…လူတိုင်းမှာ တကယ်မလုပ်မဖြစ်တဲ့အလုပ် တစ်ခုပဲရှိတယ်။ ကိုယ့်အကြောင်း ကိုယ် သိဖို့ပဲ။

…ကိုယ့်အကြောင်းကို ကိုယ် အမှန်အတိုင်း သိရတာ မသက်သာပါဘူး။

…ကိုယ့်စိတ်ကို ကိုယ် သိလာတဲ့အခါမှာ အင်မတန်ကြီးမားတဲ့ အင်အားတစ်ခုကို တွေ့ရတယ်။ အားငယ်စိတ်၊ ကြောက်စိတ် မရှိတော့ဘူး။ ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို မကြောက်တော့ဘူး။ ဆင်းရဲတာ ပင်ပန်းတာကို မကြောက်တော့ဘူး။ ဘာကိုမှ မကြောက်တဲ့စိတ်ကို ရတယ်။

Thursday, October 6, 2011

ဘလော့ရေးသူကျွန်တော်

                   ကျွန်တော်အကြောင်းကြောင်းကြောင့်ဘလော့ရေးခြင်းကိုခေတ္တနားထားပါသည်။

Sunday, October 2, 2011

Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ)


ပထမဦးဆုံး အနေ နဲ့ ဒီခေါင်းစဉ်လေးထဲက စကားလုံး နှစ်ခု ဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက

တော်တော်များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်း မသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အရည်အသွေးတွေသူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ်ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကိုပြောဖို့အတွက် ပထမဆုံးအနေနဲ့ Chatter တွေ ကျင်လည်ကျက်စားတဲ့ Chatting Website တွေရဲ့ သဘောသဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံးသိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီးလေ့လာကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိကကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံးအများဆုံးကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည်အရင်းကို သုံးစရာမလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို

Saturday, October 1, 2011

အသိပေးစကားစုများ


(၁)။ ကျွေးတာအကုန်စား ၊ ကိစ္စမရှိဘူး ။ စေတနာကိုတော့ အကုန် မသုံးလိုက်ပါနဲ့ ။ 
(၂)။ တစ်ခုခုကိုဖိထားရင် အင်အားတွေလည်း နိမ့်ကျနေတယ် ။ တစ်ခုခုကို ပင့်တင်ထားရင် အင်အားတွေလည်း မြင့်ရာဆီကို တိုးတက်နေတယ် ။ 
(၃)။ ဧည့်သည်က အိမ်ရှင်ရဲ့အလုပ်ကို ၊ အိမ်ရှင်က ဧည့်သည်ရဲ့အလုပ်ကို ၊ ကူညီသလိုလိုနဲ့ ၀င်ရှုပ်တတ်ပါတယ် ။ ကိုယ့်အလုပ်ကိုယ် လုပ်နေကြမှ သဘောမှန် ဖြစ်တယ် ။ 
(၄)။ မကောင်းတာကို လုပ်မယ့်အစား မလုပ်ပဲ နေတာက ကောင်းတယ် ။
(၅)။ လောကရဲ့ " ဂုဏ် " ဆိုတာ မက်မောသူအတွက် အားကိုးစရာ ထင်ရပေမယ့် တကယ့် ကြောက်စရာကြီးပါ ။

Sunday, September 18, 2011

ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?????

ညနေခင်းလေးတစ်ခု... လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။

"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "

ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။

"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။

မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။

မလေးရှားရောက် ရွှေမြန်မာတွေ

မပြောမဖြစ်လို့ ပြောရဦးမယ်….

မလေးရှားရောက် ရွှေမြန်မာတွေ အကြောင်းပါ…. ယောင်္ကျားလေး မိန်းခလေး အားလုံးပါပဲ …

ကိုယ့် ဘဝ အဆင်ပြေဖို့အတွက်အခုတည်းနဲ့တော့ တန်းဖိုးရှိတဲ့ ကိုယ့် ဘဝကိုရောင်းမစားချင်ကြပါနဲ့ဗျာ..

မိန်းခလေးတွေပေါ့ တော်တော်များများဟာ… ဘာမဟုတ်တဲ့ လူမျိုးခြားတွေနဲ့ကြိုက်ကြ ချစ်ကြ (ချစ်တယ်လို့တော့ ပြောလို့ရမယ် မထင်ဘူး)

အတူတူနေ နေကြတာတွေကို တွေ့နေ မြင်နေရတာ ကျွန်တော့် စိတ်ထဲ တော်တော်လေးကို ခံပြင်းမိတယ်(ခံပြင်းမိတယ်ဆိုတော့ ကိုယ့်လာမကြိုက်လို့ လို့မထင်ကြနဲ့ဦးနော်)

ဘာကြောင့်လဲ ဆိုတော့ ရတဲ့လစာက နည်းနည်း ငွေဈေးတွေက အရမ်းကျနဲ့ အိမ်ကိုပို့ချင်ကြတာရယ် သူများတွေ ဝတ်သလို ဝတ်ချင်ကြတယ် သူများတွေ ဖုန်းအကောင်းစား ကိုင်တော့

ကိုယ်လဲ ကိုင်ချင်ကြတယ်..အဲ့ဒီတော့ သူတို့စဉ်းစားကြပြီလေ.. တယောက်ယောက်နဲ့တွဲလိုက်ရင် ရလာနိုင်တယ် ဆိုတာ သူဆို့သိနေတယ်လေ..

ဒါပေမဲ့ ကိုယ်က ဘာတွေပေးရမှာလဲ ဆိုတာလဲ သူတို့သိကြတယ်.. ကဲ သူတို့ဘာလုပ်ကြလဲ သိလား… ကြိုက်ကြတာပေါ့… ကျွန်တော် စဉ်းစားမိတယ်

Thursday, September 8, 2011

အထွေထွေဆိုက်များ


http://komoethee.blogspot.com ဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
www.hancinema.com (or) net
www.hanfever.con
http://lee-junki.com ဒါကတော့ကိုရီးယားစတားလီဂျွန်ကီလေဆိုက်လေ။
http://yeinjee.com ဒါလဲကောင်းတာပဲနော်။
www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free ရတယ်ပြောတာပဲနော်။
www.bazanlin-wordpress.com ဒီဆိုက်ကတော့ဗိုလ်ချုပ်နဲ့ပါတ်သက်တယ်ဗျ။သူ့အကြောင်းလေးပါပဲနော်။
www.myochitmyanmar.org ဒီဆိုက်ကတော့နိုင်ငံရေးဆန်တယ်ဗျ။ကြည့်ချင်လည်းကြည့်ပေါ့နော်။
http://www.ramonnya.co.cc ဒီဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။ယူထားလိုက်။
အောက်ကဆိုက်တွေကတော့ကောင်းတယ်ဗျ။
www.wiki-mysteryzillion.org
www.edu-mysteryzillion.org ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
www.mmopenxteam.com ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
www.mmenglish.net ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။ကိုဇေတို့ကတော့အမြဲတမ်းကြည့်ပါတယ်။
www.ornagai.com ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
www.dems.net.mmဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။ codeနံပါတ်နဲ့ကြည့်လေ။
အမြန်ချောစာမှကြည့်လို့ရတာနော်။
www.myanmartraining.com ဒါလဲကောင်းတာပဲ။

www.myanmaritpros.comဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။သူများကိုဒုက္ခပေးချင်သူများကြည့်လို့ရတယ်နော်။
www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။ဟိုကိုရီးယားကား ဒိုးဒိုးဒေါက်2ဘုနှင့်ဘောက်
ဆိုလားဇာတ်ကားကမင်းသမီးကိုအဲဒီကရတာ။
http://www.sharkbreak.com/widgets-view-13 ငါးလေးတွေကူးနေတယ်

Wednesday, September 7, 2011

ချစ်သူကိုဘယ်အချိန်မှာဖုန်းဆက်တတ်သလဲ?

၁။အိပ်ယာနိုးနိုးချင်း  ဖုန်းဆက်တတ်သူ
၂။လမ်းမပေါ်မှာ   ဖုန်းဆက်တတ်သူ
၃။အလုပ်ချိန်မျာ    ဖုန်းဆက်တတ်သူ
၎။အိပ်ယာမဝင်ခင်မှာ ဖုန်းဆက်တတ်သူ
၅။ဆက်ချင်တဲ့အချိန်မှာ  ဖုန်းဆက်တတ်သူ
                     အခုပြောခဲ့ တဲ့ အမျိုးအစား(၅)မျိုး ထဲမှာ...သင်က ဘယ် အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ.......
၁။အိပ်ယာနိုးနိုးချင်းဖုန်းဆက်တတ်သူ
     အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရမ်းလှုပ်ရှားတတ်သူဖြစ်တယ်။သင်ဟာအခွင့်ကောင်းနဲ့ကြုံရင်လက်မလွတ်တတ်သူဖြစ်တယ်။
အချစ်စစ်သူရဲကောင်းအမျိုးအစားဖြစ်တယ်။အချစ်အတွက်ပျော်ပျော်ကြီးစွန့်လွှတ်အနစ်နာခံရဲသူဖြစ်တယ်။
ချစ်သူဆီကဘာမှမမျှော်ကိုးပဲပေးဆပ်သူ  ချစ်သူကျေနပ်အောင်ကြင်နာသူ ချစ်သူဆီကဘာမှတုံ့ပြန်မှုမရလည်းအပြစ်မတင်ပေးဆပ်တတ်သူ
ဖြစ်တယ်။အချစ်မှာသင်ဟာပျော်နေတတ်ပေမယ့်အကြံတစ်ခုတော့ပေးချင်ပါတယ်။
ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ကြင်နာမှုဟာ....ချစ်သူအတွက် အကျင့်ဖြစ်မသွားစေပါနဲ့။
ချစ်သူဆိုတာနှစ်ဦးနှစ်ဖက်  အပေးအယူညီမျှဖို့လိုတယ်။သင့်အတွက် အလိုက်ဖက်ဆုံးသူကလည်း သင့်ကို ကြင်နာတဲ့သူ...
သင့်ကိုတန်ဖိုးထားတဲ့သူပဲ ဖြစ်သင့်ပါတယ်။

Sunday, September 4, 2011

♥ ♥ ♥ ကွန်ပြူတာအသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ ♥ ♥ ♥


http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ ဝှက်ချက်တွေသိချင်ရင်
http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ
http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာဂျီမေးနှင့်ဂျီတော့အသုံးပြုနည်း
http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များhttp://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်းလက်တွေ့သင်ခန်းစာများ
http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့တစ်ခုပြုလုပ်ပုံအဆင့်ဆင့်
http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခုဖန်တီးခြင်း
http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်
http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့်ဆိုက်ဘာအတိုက်အခံသမားများ လက်စွဲ
http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း
http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)
http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)
http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)
http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0
http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ
http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ

WEBSITE လမ်းညွှန်တွေပါ

ဖတ်စရာစာအုပ်တွေနော်



ကြာလာတော့အမည်မေ့နေလို့အမည်မသိလို့ပေးလိုက်ရတဲ့စာအုပ်ပိုင်ရှင်များခွင့်လွှတ်ပေးပါ
နာမည်သိရင်ပြောပြပေးကြပါ*
စာရေးသူ................................အကြည်တော်
ခေါင်းစဉ်................................အိုင်အိုဒင်းကိုကိုကြီး
I o din ko ko gyi.pdf<http://api.ning.com/files/ihPnrifzPD9wOd8tyyIK*KlK75PucD3deHNiRSYXJmPRlsKDRaWzdvgVvE6JteQVNV9xfjnDURy4iy1NZ4hcfVslIKf-ekBG/Iodinkokogyi.pdf>
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }