Internet Download Manager ကို အင်စတောလ် လုပ်တာ အဆင်မပြေကြဘူးလို့ ပြောလာကြတာနဲ့ နောက်ထပ် Install လုပ်နည်းလေးတစ်ခုကို တင်ပြချင်ပါတယ် ။ အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ
အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့ အားလုံး Exit ပေးပြီး IDM ကို Uninstall လုပ်ပြစ်လိုက်ပါ ။ ပြီးရင် Restart တောင်းရင် Restart ပေးလိုက်ပါ ။ အရင်ဆုံး ဒီနေရာလေးမှာ နောက်ဆုံး Update ဖြစ်တဲ့ Internet Download Manager 6.07 Build 14 (12/Oct/2011) ကို ဒေါင်းယူထားလိုက်ပါ ။ ဘာမှ မလုပ်သေးပါနဲ့ဦး ။ ဇာတ်လမ်းကို ဒီမှာ စ ပါမယ် ကဲ စ လိုက်ကြရအောင်
အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပါ။
HIKEY-CURRENT-USER >>SOFTWARE ဒီ Software ဆိုတဲ့ အထဲမှာ Download Manager ကို တွေ့အောင်ရှာပါ ။ ရှာတွေ့ရင် သူ့အပေါ်မှာ မောက်စ်ပွိုင့်တာ လေးတင်ပြီး Right Click နဲ့ Delete ပေးလိုက်ပါ ။
နောက်တစ်ဆင့်ကတော့ HIKEY-LOCAL-MACHINE >> SOFTWARE ကို သွားပြီး Internet Download Manager ကို ရှာပါ တွေ့ရင် အစောကလိုပဲ Delete လုပ်ပေးလိုက်ပါ ။ Registry ထဲကို ရှင်းပေးလိုက်တာပါ။
နောက်ထပ်တဆင့်ကျန်ပါသေးတယ် My computer >> C: >> Program File >> Internet Download Manager ကိုလဲ Delete ပေးလိုက်ပါဦး ။ ကဲအားလုံးရှင်းပြီးသွားပါပြီ....:)
ပြီးသွားပြီဆိုရင်တော့ စောစောက ဒေါင်းထားတဲ့ Internet Download Manager 6.07 Build 14 ကို စ တင်လို့ အင်စတောလ် လုပ်ပေးနိုင်ပါပြီ ။ ကျန်တာကိုတော့ ဒီနေရာလေးမှာ ရေးထားတဲ့အတိုင်း ဆက်လုပ်ကြပေတော့ဗျို့ ကဲ IDM နဲ့ အမြဲတမ်းကွိုင်တတ်နေကြတဲ့ သူငယ်ချင်းများအားလုံး အောင်မြင်ပါစေဗျာ....
ဝင်းကမ္ဘာကျော်
No comments:
Post a Comment