တချိန်တခါက ငါ့ရင်မှာနုပျိုခဲ့တဲ့အသဲတခုရှိခဲ့ တာပေါ့။
အဒီအသဲကမင်းနဲ့ တွေ့ တဲ့ အချိန်မှာရှင်သန်ပြီးလန်းဆန်းခဲ့တယ်ဆိုရမှာပေါ့။
မင်းထွက်သွားပြီးတဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲမင်းမှမသိနိုင်တော့တာ
အခုအချိန်မှာဒဏ်ရာတွေနဲ့ အကျည်းတန်ရင့်ရော်နေခဲ့ပြီ။မင်းပေးခဲ့တဲ့
ဒဏ်ရာတွေနဲ့ နုပျိုခဲ့တဲ့ငါ့ရဲ့ အသဲကအသက်မဲ့တဲ့ရုပ်ကြွင်းတခုလိုဘာမှ
တုန့်ပြန်မှုမရှိတော့ဘူးပေါ့။ငါလေမင်းကို လသာ ရက်တွေရောက်တိုင်း
အမြဲအမှတ်ရနေပါတယ်။အဲဒီညတွေတိုင်းမှာကျယ်ပြောလှတဲ့ကောင်းကင်
ပြင်ကြီးကိုကြည့်ရင်းကြည်လင်ပြတ်သားစွာတောက်ပနေတဲ့လမင်းကြီးက
ငါ့ကိုလှောင်နေသလိုခံစားနေရတယ်။လမင်းကြီးကငါ့ကိုမေးနေသလိုပဲ
မင်းတယောက်ထဲသန်းခေါင်ကျော်သည့်တိုင်အောင်ဘာလုပ်နေတာလဲပေါ့
ငါပြောပြနေမိခဲ့တယ်.ငါလေ အတိတ်ဆီကအရိပ်တခုကိုတမ်းတရင်း
လွမ်းနေရပါတယ်လို့ ...လမင်းကြီးရေ မင်းရဲ့အေးမြတဲ့လရောင်က
ငါ့ရင်ကသောကတွေကိုမအေးငြိမ်းနိုင်ပါဘူးလို့ ပြောလိုက်တယ်။
ဒါပေမဲ့ လမင်းကြီးကတော့ဒဏ်ရာတွေပြည့်နေတဲ့အသဲနဲ့ လူကို
ဂရုမစိုက်ပဲသာမြဲအတိုင်းသာနေခဲ့ပါတယ်......။

No comments:
Post a Comment