Saturday, October 1, 2011

အသိပေးစကားစုများ


(၁) ကျွေးတာအကုန်စား ၊ ကိစ္စမရှိဘူး ။ စေတနာကိုတော့ အကုန် မသုံးလိုက်ပါနဲ့ ။ 
(၂) တစ်ခုခုကိုဖိထားရင် အင်အားတွေလည်း နိမ့်ကျနေတယ် ။ တစ်ခုခုကို ပင့်တင်ထားရင် အင်အားတွေလည်း မြင့်ရာဆီကို တိုးတက်နေတယ် ။ 
(၃) ဧည့်သည်က အိမ်ရှင်ရဲ့အလုပ်ကို ၊ အိမ်ရှင်က ဧည့်သည်ရဲ့အလုပ်ကို ၊ ကူညီသလိုလိုနဲ ၀င်ရှုပ်တတ်ပါတယ် ။ ကိုယ့်အလုပ်ကိုယ် လုပ်နေကြမှ သဘောမှန် ဖြစ်တယ် ။ 
(၄) မကောင်းတာကို လုပ်မယ့်အစား မလုပ်ပဲ နေတာက ကောင်းတယ် ။
() လောကရဲ့ " ဂုဏ် " ဆိုတာ မက်မောသူအတွက် အားကိုးစရာ ထင်ရပေမယ့် တကယ့် ကြောက်စရာကြီးပါ ။

() " ကိုယ်ချင်းစာတယ် " ဆိုတာ ကိုယ် လောဘ , ဒေါသကြီးသလို သူလည်း လောဘကြီး ဒေါသကြီးမှာပဲလို့ထင်တာမျိုး မဟုတ်ပါဘူး ။ တကယ်ကိုယ်ချင်းစာတတ်ရင်သူများချင်းလည် စာနာတတ်လာတယ် ။
() ကောင်းတယ်ထင်တာတွေ ရမ်းပြီး မလုပ်ပါနဲ့ ။ ကောင်းတာ သေချာသိမှ လုပ်ပါ။ကောင်းမှန်းသိဖို့ အရင်ကြိုးစားပါဦး ။
() ငါကသာ စဉ်းစားနေတာ သူကတော့ သိမှာ မဟုတ်ပါဘူး ။
() " အရိပ်လို နေပူက စောင့် " တဲ့ ၊ သွားလိုက်စမ်းပါ - မြန်မြန် ! အရိပ်ကိုလဲ ရောက်မယ် ၊ နေပူလဲ မမိတော့ဘူး ၊ စောင့်မနေနဲ့ ။
() ကိုယ့်ကိုယ်ကို ကိုယ်ပြန်ကြည့် ၊ ကြည့်မိရင် သတိ ၊ ကြည့်နိုင်ရင် သမာဓိ ၊ ကြည့်တတ်ရင် ပညာ ၊ ကြည့်နေရင် ၀ီရိယ ၊ ခု , ကြည့် , ခုသေချာသိတယ်လို့ ယုံတာက သဒ္ဓါပေါ့ ။ ချမ်းသာတယ်
() ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကောင်းတာလဲ ရှိတယ် ၊ ပတ်ဝန်းကျင်ကြောင့် ကိုယ်ကောင်းတာလည် ရှိတယ် ။ ကိုယ်နဲ့ ပတ်ဝန်းကျင် အကောင်းတွေ တစ်ထပ်တည်းကျရင် ပိုကောင်းမှာပေါ့ ။
() ပြောသမျှ စကား ၊ တရားဖြစ်ပါစေ ။ ကိုယ်ကပဲ ပြောပြော ၊ သူများပြောတာပဲကြားကြားတရားဖြစ်ဖို့ စကားတိုင်းက ကူညီနေပါတယ် ။
() ကြိုက်တာကို ကြည့်ရင်းနဲ့ မကြိုက်တာတွေကိုပါ မြင်တတ်တယ် ။ မကြိုက်တာကို ကြည့်ရင်းနဲ့ ကြိုက်တာတွေကို ဖုံးကွယ်ပစ်တတ်တယ် ။
() ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ ဘာမှမလုပ်ပဲ နေလိုက်တာ အကောင်းဆုံးပေါ့ ၊ သိမှ ဆက်လုပ် ။
() မျက်စိစွေနေသူကို " ကြည့်ရတာ တော်တော်ခက်မှာပဲ " လို့ အထင်နဲ့ တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး ၊ သူ့ဟာနဲ့သူတော့ " အဆင်ပြေနေတယ် " ဆိုတာ သိလိုက်စမ်းပါ ။
(၁၆) ၀ါသနာချင်း ညှိလို့ကတော့ ငြိကုန်မှာပဲ ။ မညှိပဲ ညီတာက ပိုကောင်းတာပေါ့ ။
(၁၇) အိပ်မက်ကို အဟုတ်ထင်တတ်တယ် ၊ အဟုတ်ကိုလဲ အိပ်မက်လို့ ဇဝေဇ၀ါ ဖြစ်တတ်တယ် မသိတာချင်း အတူတူပါပဲ ။
(၁၈) ငယ်စဉ်ကပြုပြင်ပေးရင် ကောင်းလာတတ်တယ် ။ ကြီးလာရင် မလွယ်ဘူး ၊ ကိုယ်က ပြင်ပေးချငလွန်းတော့ " အားလုံးကို ငယ်တယ် " ပဲ ထင်တော့တာပေါ့ ။
(၁၉) "ရယူထားနိုင်ရင် အရသာရှိတယ်" တဲ့ ၊ ပေးစွန့်လိုက်ရရင်လည်း အရသာရှိတာပါပဲအရသာချင်းတော့ မတူပါဘူး ။
() " ငါ " မရှိမှ သိကြလိမ့်မယ်တဲ့ ။ အဲဒီ " ငါ " ကရော ရေရေရာရာ ဘာတွေကို သိထားပြီးပြီလဲ ?
() " ခံ " ရခက်တဲ့အခါ မတုန်မလှုပ် တည်နိုင်တာကို " ခံတည် " တဲ့ ၊ " စံ " ရတဲ့အခါမှာလည် မတုန်မလှုပ် တည်နိုင်တဲ့ " စံတည် " လည်း ရှိဖို့လိုတယ် ။ နှစ်မျိုးစုံမှ " ခန္တီ" အစစ် ။
() စိတ်မကောင်းရက်နဲ့ စားရင် စားမကောင်းဘူး ။ မပျော်ပဲ အိပ်ရင် အိပ်မပျော်ဘူး ။
() လွှမ်းမိုးနိုင်သူတွေမှာ - တစ်ခုခုကို လွှမ်းမိုးချင်သူဟာ ကျန်တာတွေကို မလွှမ်းမိုးနိုင်လို့ ဘယ်ဟာမှ မလွှမ်းမိုးချင်ရင် အားလုံးကို လွှမ်းမိုးနိုင်တဲ့အား ရှိနေပြီမှတ် ။
() လွတ်မကျစေနဲ့ လွတ်သွားရင် လိုက်ဖမ်းလို့ မမှီတော့ဘူး ။ လိုက်ဖမ်းနေရင် ဘယ်ဆင်းရဲမှ မမှီအောင် ခံစားနေရမယ် ။
() မကောင်းမှန်းသိရက် - တစ်ရက်ကို ဘယ်နှစ်လိပ်သောက်သလဲ ? ဆိုရာကနေ တစ်လိပ်ကိ ဘယ်နှစ်ရက် သောက်မလဲ ? နောက်ဆုံး မသောက်ရင် အကောင်းဆုံး ။
(၂၆) သူ့အတွက်ပါ ဆိုပြီး ငါ့ဖို့ ပါတတ်တယ် ။ ငါ့အတွက်ပါဆိုပြီး သူ့ဖို့ ပါတတ်တယ် ငါနဲ့သူ မျှရဲ့လား။
(၂၇) " ဦးချို " ရှိသူက " ဦးချို " အားကိုးတော့ " ဦးချို " ကျိုးတတ်တယ် ။ " အစွယ် " ရှိသူက " အစွယ် " အားကိုးတော့ " အစွယ် " ကျိုးတတ်တယ် ။ " အသိ " ရှိသူက " အသိ အားကိုးရင် အသိတိုးတက်တယ် ။
(၂၈) ဖြစ်ချင်ရင်လည်း မဖြစ်တတ်ဘူး ၊ မဖြစ်ချင်ရင်လည်း ဖြစ်တတ်တယ် ။ အော် ?
(၂၉) ကိုယ့်ဖို့တစ်ဖက်ထဲသာ ကြည့်ရင် , အပြစ်ပဲမြင်တတ်တယ် ။ နှစ်ဖက်မျှကြည့်ရင် အပြစ်ကင်းတယ် ။
() ထုတ် , မပြောဝံ့တာတွေကို မတွေးနဲ့ ။ လူရှေ့မှာ မလုပ်ဝံ့တာတွေကို မပြောနဲ့ ကာင်းတဲ့အလုပ်ကို ပြောသမျှ လုပ် ၊ လုပ်တဲ့အတိုင်းသာပြော ။
() စိတ်ဆိုးနေရင် စိတ်ကောင်းဖြစ်လာအောင် ပြောင်းလိုက်ပါ ။ မြန်မြန် ! စိတ်ကိုပြောင်းဖို့ထက် ဆိုးတဲ့ဓာတ်ကို ကောင်းဓာတ် ပြောင်းလိုက်ပါ ။
() ဘာမျှမသိတဲ့လူတွေက ချီးကျူးခံရတာလောက် သိက္ခာကျတာ ၊ ဂုဏ်ပျက်တာ မရှိတော့ပါဘူးသူများချီးကျူးတိုင်း ကောင်းတယ် မထင်နဲ့ ။
(၃၃)။တကယ်သိရင် မဟုတ်တာမလုပ်ပါဘူး၊သိလျက်နဲ့ မဟုတ်တာလုပ်သေးတယ် မသိတဲ့သူထက် ဆိုးသွားပြီပေါ့။
(၃၄)။ချိန်ဆတတ်တာကောင်းပါတယ်။ဒါပေမယ့် သူများနဲ့ကိုယ်ချိန်ရင် “မာန”၊ကိုယ့်ကိုယ် ကိုယ်သာချိန်ဆရင် “ ပညာ” နားလည်ပါစေ။
(၃၅)။ထမင်း မငတ်ရုံသာ ကြိုးစားရင် သူဌေး မဖြစ်ဘူး၊သူဌေးဖြစ်ဖို့သာကြည့်ရင် ထမင်းငတ်သွားတတ်တယ်။ရေတို ရေရှည် နှစ်မျိုးလုံးကြိုးစားပေါ့။
(၃၆)။စောင်းမပြောနဲ့ တည့်တည့်ပြော၊ရွဲ့မထိုင်နဲ့ တည့်တည့်ထိုင်၊ ကိုယ်နဲ့ကိုယ်တည့်ပါစေ။
(၃၇)။နင့်အတွက်သာနင်ကြည့်တတ်သလို၊ငါလည်း ငါ့အတွက်သာကြည့်လိုက်ရင်?။
(၃၈)။ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ၊နောင်ရေးကလည်းမရောက်သေးပါဘူး၊ အခု ဆိုတာက ချက်ချင်းဆိုတော့ ဘယ်လိုစိတ်ပူပန်ရမှန်းတောင်မသိလိုက်ပါဘူး။
(၃၉)။မကောင်းတာတွေ ကြုံရ ဆုံရတာကို ဝဋ်ခံရတယ်လို့ခေါ်တယ်။ကံမကောင်းရင်လည်း ဥာဏ်တုံးရင်လည်း ဝဋ်ခံရတယ်။ ဝီရိယ လွဲရင်လည်း ဝဋ်ခံရတယ်။
(၄၀)။ငါရှာတာ “ငါ” မတွေ့ ၊ တွေ့တာဟာ ငါပဲပေါ့။
(၄၁)။အတုပဲ ခိုးလို့ရမယ်၊အစစ်ဆိုတာ ကျင့်မှ။အမှန်ကိုသိသလောက်ကျင့် အစစ်ဖြစ်တယ်။
(၄၂)။လေးစားကြလို့ အတူတူပေါင်းသင်း အလုပ်လုပ်နေတာပေါ့။အရည်အတွက်ကိုလေးစားတာလား! အရည်အချင်းကိုလေးစားတာလား!
(၄၃)။မတူညီတဲ့ အထဲမှာ တူညီတဲ့သဘောကို မြင်အောင် ကြည့်တတ်ပါစေ။
(၄၄)။ကိုယ်က သူ့ကို၊သူက ကိုယ့်ကို အထင်ကြီးတတ်သလို အထင်လဲသေးတတ်တယ်။ကိုယ်ဟာကိုယ် သူဟာ သူပါပဲ။
(၄၅)။”ငါ့” ကိုသာလေးစား၊ “ငါ့”စကားသာနားထောင် ဆိုရင် တစ်အိမ်ထဲမှာပဲ ဖြစ်ပါစေ။ဖရိုဖရဲ ကျဲကုန်ရော။
(၄၆)။မခံနိုင်စရာ ဆူညံသံကြောင့် ကက်ဆက်ကိုရိုက်မခွဲလိုက်ပါနဲ့။တိတ်ခွေကိုသာပြောင်းလိုက်ပါ။မခံနိုင်မဖြစ်တာ “ပို” ကောင်းတာပေါ့။
(၄၇)။ အပြစ်ဆိုတာ . . . မကောင်းဘူး ၊ ကောင်းချင်ရင် အပြစ်မလုပ်နဲ့ ။
(၄၈) " ပုထုဇ္ဇနော ဥမ္မတ္တကော " တဲ့ ၊ လူတိုင်းလိုလို တစ်မျိုးလေးတွေချည်းပါပဲ တစ်မျိုးကြီးအထိ မဖြစ်စေနဲ့ ။ တစ်မျိုးလေးဆိုတာကိုတောင် ဖျောက်ပစ်ရမှာ ။
(၄၉)။”ဘဝ “မြင့်ရင် “ဘဝင်”မြင့်တတ်တယ်။ “ဘဝ”ပဲ မြင့်ပါစေ။
(၅၀)။အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို အားကိုးလို့ရနိုင်သလို ပြဿနာကြောင့်ရရှိလာတဲ့ အသိဥာဏ်ကိုလဲ အားကိုးနိုင်တယ်။
(၅၁)။သူခမျာ တို့(ဒို့) လိုစိတ်မျိုး မထားနိုင်ဘူး၊တို့(ဒို့)ကလည်း သူလိုစိတ်မျိုးမထားသင့်ပါဘူး။
(၅၂)။ဖြစ်ချင်ရုံ သက်သက်နဲ့ ဘာမှမဖြစ်လာဘူး ၊ဖြစ်အောင်လုပ်တတ်၊လုပ်နိုင်၊လုပ်နေရတယ်။
(၅၃)။အထင်သေးတတ်ရင် အားလုံးကို အထင်သေးတယ်။အထင်ကြီးတတ်ရင်လည်းအားလုံးကိုအထင်ကြီးတယ်။
(၅၄)။ပညာရှိရင် စိတ်ရှင်းနေတယ်။ သမာဓိ ရှိရင် စိတ်ကြည်နေတယ်။သတိရှိရင် စိတ်အေးနေတယ်။
(၅၅)။ " အပြော " ကြောင့် မယုံလိုက်ပါနဲ့ ။ သေချာပေါင်းကြည့်ပါဦး ၊ သိလာလိမ့်မယ် ။
(၅၆)။ သူက စော်ကားရင် ပြန်စော်ကားမှာပဲ ၊ မစော်ကားရင် ကိုယ်က ပြန်ပြီး မစော်ကားဘူး သဘောက အတူတူပါပဲ ၊ စော်ကားလိုစိတ်မရှိ ၊ စော်ကားတတ်တဲ့ အကျင့်ပါ ပျောက်ဖို့ အရေးကြီးတယ် ။
အရှင်ဆေကိန္ဒ(ဓမ္မဒူတ) လူတိုင်းသိစေချင်ပါသည်စာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }