Firefox ကို နှေးစေသည့် Add-on (၉) ခု
ကျွန်တော်ဒီနေ့ ဝေမျှချင်တာကတော့ Firefox အသုံးပြုနေတဲ့ သူငယ်ချင်းများအတွက် လိုအပ်မယ့် အကြောင်းအရာလေး တစ်ခုပါ။ Firefox ကနေ ထွက်လာတဲ့ သုတေသန ရလဒ်တစ်ခုပါ။ ကျွန်တော်လုပ်ထားတာ မဟုတ်ပါဘူး..:P။ Firefox ကိုနှေးကွေးစေတဲ့ Add-on လေးတွေကို သုတေသနလုပ်ပြီး ထုတ်ပြန်ထားတာလေးပါ။ မိမိတို့ Firefox မှာ အောက်မှာဖော်ပြထားတဲ့ Add-on လေးတွေရှိနေခဲ့ရင် Firefox ကို နှေးစေနိုင်ပါတယ်။ ဒါကြောင့် Uninstall ပေးနိုင်ဖို့ အောက်မှာ ဖော်ပြလိုက်ပါတယ်။ အားလုံးအဆင်ပြေ နိုင်ကြပါစေ။
Wednesday, December 23, 2009
Site တွေမှာပါလာတဲ့ ကြော်ငြာတွေကို Block နည်း
ကျွန်တော် မအားတဲ့ ကြာက သူငယ်ချင်းတစ်ယောက်မေးလို့ တင်ပြပေးလိုက်တာပါ။ ပုံတွေတော့ မတင်ပြတော့ဘူး။ ကျွန်တော်တို့ ဆိုဒ်တွေ ဖွင့်တဲ့ အခါ ကြော်ငြာတွေ တက်တက်လာတာ လူတိုင်းကြုံရပါတယ်။ အဲဒီလို ကြုံတာ အတော် စိတ်အနောက်အယှက်ဖြစ်ပါတယ်။ တစ်ချို့ဆိုဒ်တွေမှာ ကြော်ငြာတွေ ရှုပ်နေတာဘဲ။ ဒါကြောင့် အဲ့ဒီ ကြော်ငြာတွေကို Block ပေးတဲ့နည်းဖြစ်ပါတယ်။ အခုတင်ပြတဲ့ Firefox Add-on ကို Install လုပ်လိုက်တာနဲ့ ကြော်ငြာတွေကိုပါတဲ့ဆိုဒ်တွေမှာ မပါလာတော့ပါဘူး။ တစ်ချို့ ကြော်ငြာတွေ ပါလာတဲ့ အခါမှာလည်း အဲဒီကြော်ငြာတွေပေါ်မှာ Right click ထောက်ပြီ Adblock Image ကို click လိုက်တာနဲ့ နောက် လုံးဝ တက်မလာတော့ပါဘူး။
1. ကျွန်တော်တို့ ဒီ Firefox add-On ကို Install လုပ်ပြီတာနဲ့ Firefox ကို Restart ချလိုက်ပါ။
2.ပြီရင် Firefox ပြန်တက်လာတဲ့ အခါမှာ Subscribe လုပ်ဖို့အတွက် BOX တစ်ခုကျလာပါမည်။ ပုံမှန်အားဖြင့် အပေါ်ဆုံးက EasyList(USA) ကိုဘဲ ရွေးပြီ Subscribe ကို click လိုက်ရုံပါဘဲ။ ပြီရင်တော့ မိမိတို့ ဆိုဒ်တွေကို ဖွင့်ကြည့်လိုက်ပါ။ ကြော်ငြာတွေ ပါမလာတော့ပါဘူး။ ပါလာခဲ့ရင်လဲ Right click ထောက်ပြီ Adblock image လုပ်လိုက်ရုံပါဘဲ။ ကျွန်တော်တို့ မိမိတို့ ကြော်ငြာတွေ ပါတာကို လိုချင်တယ်ဆိုရင်လဲ Firefox ရဲ့ ညာဘက်ထိပ်မှာ ABP Icon တွေ အနီရောင်လေးနဲ့ ပြသထားပါတယ်။ အဲဒါလေးကို click ပြီ Enabled ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ရုံပါဘဲ။ သူငယ်ချင်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Friday, December 4, 2009
Auto Drownload For Firefox Add-On
Rapidshare, Megaupload, zShare, Mediafire, ဒီထပ်လဲ Auto Download လုပ်ပေးနိုင်တဲ့ Add-On လေးဖြစ်ပါတယ်.။ အတော်ကောင်းပါတယ်။ Repaidshare တွေ Megaupload တွေကို link လေးနိုပ်လိုက်တာနဲ့ Auto Download ချပေးပါတယ်။ အတော်များများ upload Site တွေကို Auto Download လုပ်ပေးနိုင်ပါတယ်။ ဟုတ်မဟုတ်သိရအောင် အောက်မှာ ကျွန်တော် တင်ပြထားတဲ့ Add-On လေးကို Firefox မှာ ပေါင်းထည့်ပြီတာနဲ့ upload link တစ်ခုကို ချကြည့်လိုက်ပါ။ ကျေးဇူးတင်ပါတယ်
https://addons.mozilla.org/en-US/firefox/addon/11243

Thursday, November 19, 2009
GoogleTube Player Add-0n For Firefox
ကျွန်တော် Firefox Add-On ကို ခေါင်းစဉ်တစ်ခုအနေနဲ့ တင်ပြလေ့ရှိတာကြောင့် အခု ကျွန်တော်သူငယ်ချင်းများအတွက် GoogleTube Player add-On လေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ google Tube Player လို့ဆိုပေးမဲ့ Yootube ဘဲဖြစ်ပါတယ်။ ဒါပေးမဲ့ သူ့ရဲ့ထူးခြားချက်ကတော့ Player လို ဖွင့်ထားလို့ရပါတယ်။ ပြီတော့ မိမိစိတ်ကြိုက် Skin, Zoon, related video တွေကို စိတ်ကြိုက်ပြောင်းလို့ရပါတယ်။ Search မှာတော့ မိမိနားထောင်ချင်တဲ့ သီချင်းတွေကို ရှာဖွေနာထောင်နိုင်ပါတယ်။Firefox မှာ Add-On လုပ်ပြီတာနဲ့ ညာဘက် အောက်ဆုံးထောင့်မှာ Icon လေးပေါ်နေမှာဖြစ်ပါတယ်။ အဲဒါ လေး ကို click လောက်တာနဲ့ အောက်ပိုင်းအတိုင်းကျလာမှာဖြစ်ပါတယ်. ကျွန်တော် ၀ိုင်းပြထားတဲ့ နေရာတွေမှာ ကိုယ်တိုင်းစမ်းသပ်ကြည့်လိုက်ပါ။ ထူးခြားမှုတွေကိုတွေ့ ရမှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း www.youtube.com မှာသီချင်းတွေ နားထောင်ရတာ နဲ့စားရင် အတော်ကောင်းပါတယ်။ သုံးကြည့်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ (မှတ်ချက် ။ ။ မြန်မာပြည်ကသူငယ်ချင်းများ အတွက်တော့ ဖွင့်မရနိုင်ဘူးနဲ့တူတယ်။ သုံးကြည့်ပေးပါနော်. ရတော့လည် အမျက်ပေါ့။)
https://addons.mozilla.org/en-US/firefox/addon/8049

Friday, November 6, 2009
Pict Uploader Add-On For Firefox
ကျွန်တော်တို့ ဒီ Add-On လေးကတော့ Image Upload အတွက်အဆင်ပြေသလို ကိုဖတ်နေတဲ့ဆိုဒ်က ကြိုက်တဲ့အပိုင်းလေးသောလည်ကောင်း ဒါမှမဟုတ် Page တစ်ခုလုံးသော်လည်ကောင်း Image အဖြစ်တခါတည် upload တင်ပေးပြီ Link ထုပ်ပေးသလို ကိုက Link မထုတ်ဘဲ Disk မှာ သိမ်းမယ်ဆိုလဲ အဆင်ပြေပါတယ်။ ဒါတင်မကသေးပါဘူး မိမိစက်ထဲက ပုံတွေကို upload တင်လို့လဲရပါတယ်။ ဒါကြောင့် ပေါ့ပေါ့ရှိလှတဲ့ Add-On လေးကို တင်ပြပေးလိုက်ပါတယ်။ ကျွန်တော် Add-On လုပ်နည်းကိုတော့ အသေးစိတ်မရေးပြတော့ပါဘူး။ Add-On နဲ့ပတ်သက်ပြီ ကျွန်တော် ရှေ့မှာ အတော်များများတင်ပြခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မလုပ်တက်က ရှေ့က Postတွေကို ပြန်ကြည့်နိုင်ပါတယ်။
1. ဒီမှာ Add-On လုပ်လိုက်ပါ။
2. Add-On လုပ်ပြီတာနဲ့ Page ပေါ်မှာ Right click ထောက်လိုက်တာနဲ့အောက်ပါ အတိုင်း နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။

3.Save Page Screenshot မှာ သုံးမျိုးရွေးချယ်လို့ရပါတယ်။ ဒါတွေရဲ့ ထူးခြားမှု ကွာခြားချက်တွေတော့ ကိုယ်တိုင်းသာ လေ့လာလိုက်ပါနော်။ကျေးဇူးတင်ပါတယ်ဗျာ

a.Save Page Screenshot
b.upload Image From my computer
b.upload Image From my computer

3.Save Page Screenshot မှာ သုံးမျိုးရွေးချယ်လို့ရပါတယ်။ ဒါတွေရဲ့ ထူးခြားမှု ကွာခြားချက်တွေတော့ ကိုယ်တိုင်းသာ လေ့လာလိုက်ပါနော်။ကျေးဇူးတင်ပါတယ်ဗျာ
Wednesday, August 26, 2009
Monday, August 24, 2009
Firefox TV Add-On
ကျွန်တော် Firefox Add-On တွေ ကို ကျွန်တော် subject တစ်ခုအနေနဲ့ ကျွန်တော် တင်ပြပါတယ်။ အကြောင်းက တော့ Browser တွေမှာ Firefox က အတော် အသုံးများပါတယ်။ ဒါကြောင့် သူနဲ့ ပေါင်းစပ် အသုံးပြုလို့ရနိုင်တဲ့ add-0n တွေကို အသုံးတည့်နိုင်တဲ့ အတွက် တင်ပြလိုက်တာပါ။ အခု တင်ပြမှာကတော့ Firefox TV Add-On တစ်ခုပါဘဲ။ Channels 2700 ကျော်က TV တွေကို Internet ကနေ့ ကြည့်ရူ့နိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အသေးစိတ်ကိုတော့ မတင်ပြတော့ပါ။ Add-0n နဲ့ ပတ်သတ်လို့ လုပ်ပုံလုပ်နည်းတွေကို ရှေ့ Post တွေမှာ တင်ပြခဲ့ပြီ ဖြစ်လို့ မလုပ်တက်တဲ့ သူငယ်ချင်းများ ပြန်ကြည့်နိုင်ပါတယ်။ အောက်မှာ ပေးထားတဲ့ Site ကို click လိုက်ပါ။ ပြီရင် ဆက်လုပ်လိုက်ပါ။
http://toolbar.tv-fox.com/
အထပ်ပါ ဆိုဒ်ကို click လိုက်ရင် အောက်က ပုံအတိုင်း မိမိ Firefox မှာတွေ့ရမှာပါ။ မိမိကြိုက်နှစ်သက်ရာ လိုင်းတွေကို ကြည့်ရူ့နိုင်ပါတယ်။

Saturday, August 8, 2009
FireFox ကို မြန်အောင် Tweak Network Add-0n
ကျွန်တော် Firefox add-0n အကြောင်းတွေ တင်ပြချင်တာနဲ့ ရှာလိုက်တာ Firefox မြန်အောင်လုပ်နည်းလေးကို တွေ့လို့ တင်လိုက်ပါ။ အခြား တင်တဲ့သူတွေ နဲ့ တူခဲ့ရင်လည် ကျွန်တော် တောင်ပန်းပါတယ်. ကျွန်တော် Google ကတွေ့လို့တင်ပေးလိုက်တာပါ။
1. https://addons.mozilla.org/en-US/firefox/addon/327 ဒါကို click လိုက်ပါ။ Firefox မှာ Install လုပ်လိုက်ပါ။
2. ပြီရင် Firefox မှ Tools ကို click လိုက်ပါ။ Tweak Network Settings ကို click လိုက်ပါ။

3. အောက်ပါအတိုင်း ကျလာပါမည်။ Pipelining အကွက်ထဲကို အမှန်ခြစ် ပေးလိုက်ပါ။ Power Button ကို click လိုက်ပါ။ ပြီရင် Apply ကို click လိုက်ပါ။

4. ပြီရင် Ok ပေါ့။
5. ပိုမြန်လာပါလိမ်မည်။

Thursday, August 6, 2009
Rapidshare AutoWait
Rapidshare ကို စောင့်စရာ မလိုတော့တဲ့ Firefox Add-On ဖြစ်ပါတယ် ။ ကျွန်တော်တို့
တွေ့ဘူးမှာပါ။ စာအုပ်တွေ Software တွေ ကို Site တွေက Rapid share မှာ တင်ထားတဲ့အခါ မီနစ်တွေ စောင့်ရတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို မဖြစ်ချင် မစောင့်ချင်ရင်တော့ ဒီ ကျွန်တော်တင်ပေးတဲ့ ဆိုဒ်မှာ Rapidshare AutoWait ရဲ့ဘေးက Install ကို click လိုက်ပါ။အောက်ကဆိုဒ်မှာ သွားပြီ Install လုပ်လိုက်ပါ။ ဒါဆိုရင် Rapidshare ကို စောင့်စရာ မလိုဘဲ Down နိုင်ပါပြီ။
ဒီမှာသွားလိုက်ပါ

အကောင်းဆုံး Firefox Add-On (10) မျိုး
Firefox 3.5 အတွက် အကောင်ဆုံး The Best Themes တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်။ Firefox မှာ အကောင်းဆုံးနဲ့ အလှပဆုံးလေးတွေ သုံးချင်တယ်ဆိုရင်တော့ အောက်မှာ အကောင်းဆုံးလို့ ပြောထားတဲ့ The Best Themes (10) ခုကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ စမ်းစမ်းလေးသုံးချင်တဲ့သူလေးတွေ မှုလအတိုင်း သုံးရတာ အားမရတဲ့ သူငယ်ချင်းများအတွက် ကျွန်တော် အကောင်းဆုံးလို့ဆိုထားတဲ့ Add-On တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်။
နည်းလမ်း(၁)(Silvermel Add-On)
1. ဒီ Link ကို click လိုက်ပါ။ Add-On ဆိုတာကို click လိုက်ပြီ Install လုပ်လိုက်ပါ။ (မှက်ချက်။ ။ လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုတော့ ကျွန်တော် ရှေ့ပိုင်းမှာ တင်ပြပြီဖြစ်တဲ့အတွက် ကျွန်တော် အသေးစိတ်မပြတော့ပါဘူး အောက်မှာ ပြထားတဲ့ Link ကို Install ကို လုပ်လိုက်ရင် အောက်က ပုံစတိုင်းလိုမျိုး ဖြစ်သွားရမှာဖြစ်ပါတယ်။
2. https://addons.mozilla.org/en-US/firefox/addon/7517 ဒါကို click ပြီ အရင် Post တွေမှာ တင်ပြခဲ့တာတွေကို ပြန်ကြည့်ပြီ Firefox Add-On လုပ်နည်းအဆင့်ဆင့်ကို ကြည့်ပြီလုပ်ဆောင်ပါ။

နည်းလမ်း(၂)(Gradient iCool (Blue) Add-On)
1. https://addons.mozilla.org/en-US/firefox/addon/7403 ဒါလေးကတော့ အတော်လှတယ်ဗျ။ မိုက်လဲ မိုက်တယ်။

နည်းလမ်း(၃) (Noia 2.0 (eXtreme) )
1. https://addons.mozilla.org/en-US/firefox/addon/72 ဒါလေးကတော့ အတော်ကောင်းသေးတာဘဲဗျ။( ဟီးဟီး)

နည်းလမ်း(၄) (NASA Night Launch )
1. https://addons.mozilla.org/en-US/firefox/addon/4908 ဒါလေးကလဲ ကောင်းတယ်ဗျ။

နည်းလမ်း (၅)( Vista-aero)
1. https://addons.mozilla.org/en-US/firefox/addon/4988 ဒါလေးလဲ ကောင်းတယ်ဗျ။

နည်းလမ်း (၆)( myFireFox)
1. https://addons.mozilla.org/en-US/firefox/addon/4129 ဒါလေးလဲကောင်းတယ်ဗျ။

နည်းလမ်း(၇)
1. https://addons.mozilla.org/en-US/firefox/addon/10674 ဒါလေးလဲ လန်းတယ်ဗျ။

နည်းလမ်း(ဂ)
1. https://addons.mozilla.org/en-US/firefox/addon/2311 အတော်ကောင်းတယ်တဲ့ သူငယ်ချင်းကပြောတယ်။

နည်းလမ်း(၉)
1. https://addons.mozilla.org/en-US/firefox/addon/7379 ဒါလေးကတော့ ရိုးရှင်းတယ်ဆိုပေးမဲ့ ကောင်းတယ်ဆိုဘဲ။

နည်းလမ်း(၁၀)
1. https://addons.mozilla.org/en-US/firefox/addon/5394 ဒါကလဲ ကောင်းတယ်နော်။

Tuesday, August 4, 2009
Firefox မှာ Gmail notifier လို Toolbar တစ်ခုပေါင်းထည့်ချင်
သူကတော့ မိမိ Gmail တွေကို Alert ပေးထားလို့ရသလို မိမိတို့ mail တစ်ခုဝင်လာတိုင် alert က သတိပေးမှာဖြစ်ပါတယ်။ ဒီ Toolbar မှာ မိမိတို့ အတွက် အင်္ဂလိပ် မြန်မာ အဘိဓါန် လဲ ပါတယ်. သီချင်း စတဲ့ စတဲ့ ကောင်းတဲ့ အရာတွေပါတယ် .စမ်းကြည့်လိုက်ရင် မြင်သာပါတယ်။
1. http://www.all-channel.com/ac/ToolBar/ToolBar.aspx ဒါလေးကို ထုံစံအတိုင်း လုပ်လိုက်ပါခင်ဗျာ။

2. ဒီ Toolbar က ကျွန်တော်တင်ပြချင်တာကတော့ Gmail အပိုင်းပါ။ မိမိမှာရှိတဲ့ အကောင့်တွေကို ထည့််ထားလိုက်ရင် မေးလ်ဝင်လာတိုင်း အသံပေးသလို ဘယ်မေးလ်မှာ မဖတ်ရသေးတာ ဘယ်နှစ်စောင်ရှိတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ လုပ်ဆောင်နည်းကတော့ မိမိတို့ အပေါ်ကအဆင့်တွေ ပြီရင်တော့ အောက်က အဆင့်တွေကို ဆက်လုပ်ဆောင်ပါ.
3. Firefox ကို ဖွင့်လိုက်ရင် မိမိတို့ all-channel Toolbar ကိုတွေ့မြင်နိုင်ပါတယ်.အဲဒီမှာ Gmail Icon ပုံလေးကို click လုပ်လိုက်ပါ။ အောက်က ပုံလေးကိုကြည့်လိုက်ပါ။

4. မိမိတို့ Gmail တွေကို တွေ့ရမှာပါ. ထက်ထည့်ချင်တယ် ပြန်ဖြုတ်ချင်တယ် အသံလေး ပြောင်းချင် တယ် ဆိုရင် Setting ကို click လိုက်ပါ။အောက်က ပုံကိုကြည့်ပါ။မိမိထက်ထည့်ချင်တဲ့ အကောင့်တွေရှိရင် add ကို နိုပ်လိုက်ပါ နောက်ထပ် box တစ်ခု ထက်ကျလာပါမည်။ password နဲ့ အကောင့်ကိုသွင်လိုက်ပါ။ ပြီရင် ပြန်ဖျက်ချင်ရင်လဲ မိမိဖျက်ချင်တာကို select လုပ်ပြီ delete ကိုclick လိုက်ပါ။

5. နောက်တစ်ခုကတော့ မိမိတို့ အသံပေးဖို့အတွက်ပါ။ play a sound when a e-mail arrived ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီရင် Borrow မှ မိမိ ထည့်ချင်တဲ့ media တစ်ခုကိုရွေးပြီ ok ကို click လိုက်ပါ။ ဒါဆိုရင် အဆင်ပြေပါပြီ ။( မိမိတို့ firefox တော့ ဖွင့်ထားရပါမည်..) အိမ်သုံးတွေအတွက်ဘဲ အဆင်ပြေပါလိမ့်မည်. ဆိုင်သုံးတွေအတွက် မကောင်းပါ။

မေးလ်နှစ်ခုတစ်ခါတည် ဖွင့်ရအောင် ပြုလုပ်နည်း
မိမိတို့ တစ်ခါတစ်လေး အင်တာနက်သုံးတဲ့အခါ အကြောင်းတရားတွေကြောင့် စက်တစ်လုံးမှာ နှစ်ယောက်သုံးရတဲ့အခါ နှစ်ယောက်လုံးက မေးလ်ဖွင့်ချင်ရင် အဆင်မပြေကြပါဘူး။ဒါကြောင့် အဆင်ပြေစွာ နှစ်ယောက်လုံးဖွင့်လို့ရအောင် firefox မှာ add-on တစ်ခုပေါင်းထည့်ပါမည်။
1. https://addons.mozilla.org/en-US/firefox/addon/1419 ဒါလေးကို အထက်ပါအဆင့်တွေအတိုင်း လုပ်လိုက်ပါ.ပြီရင် အောက်ပါအတိုင်း လုပ်လိုက်ပါ။
2. ပထမဆုံ တစ်ယောက်ရဲ့ မေးလ်ကို ဖွင့်ထားပါ။ နောက် www.google.com ကို New tab(ctrl+t) ခေါ် ပြီ ရိုက်ထည့်လိုက်ပါ။
3. ပြီရင် firefox မှ TooL မှ IE tab option ဆိုတာကိုclick လိုက်ပါ။

4. အောက်ပါအတိုင်း ထပ်ကျလာပါမည်။ add ကို click လိုက်ပါ။ ပြီရင် ဒုတိယလူရဲ့ မေးလ်ကို ရိုက်ပြီဝင်လိုက်ပါ။ ဒါဆိုနှစ်ယောက်လုံး ဖွင့်ပြီပါပြီ။ တစ်ခုဘဲလိုချင်ရင်လည် မိမိတို့ add ခဲ့တာကို ရွေးပြီ delete လုပ်လိုက်ပေါ့။ ကျွန်တော်ဖွင့်ထားတဲ့ မေးနှစ်ခုတော့ မပြတော့ဘူးနော် လုပ်ကြည့်လိုက်ပါ။ သဘောပေါက်သွားမှာပါ။

Print Add-on
အခုဖော်ပြမှာကတော့ မိမိတို့မေးလ်တွေ web site တွေမှ လိုချင်တာကိုဘဲ print ရွေးချလို့ရတဲ့ Add on တစ်ခုဖြစ်ပါတယ်..
1.https://addons.mozilla.org/en-US/firefox/addon/4111 ဒါလေးကနေ အဆင့်ဆင့် ထုံစံအတိုင်းလေး လုပ်လိုက်ပါ။
2.မိမိ ဖွင့်ထားတဲ့ site မှ မေးလ်မှ လိုချင်တဲ့ စာလေး အကြောင်းအရားလေးတွေကိုဘဲ print ထုတ်ချင်တယ်ဆိုရင် ဒီလိုလေးလုပ်လိုက်ပေါ့ (ဟဲဟဲ.. ဘယ်လိုလုပ်မလဲခင်ဗျာ)
1) မိမိတို့ firefox မှာ Tools မှ Start Aardvark ဆိုတာလေးကို click လိုက်ပါ. ဒါဆိုရင် မိမိတို့ ဖွင့်ထားတဲ့ဆိုဒ်ပေါ်မှာ လေးထောင့်ကွက်လေးတွေ ပြေးနေပါမည် မိမိလိုချင်တာကို မှတ်လိုက်ပါ။
2) ပြီရင် မိမိတို့ firefox ရဲ့ File မှsave as ကနေ save လုပ်လိုက်ပါ. ပြီရင်တော့ print ထုတ်လိုက်ပါ။ ကျွန်တော် သရုပ်မပြနိုင်တာခွင့်လွတ်ပါ။့ကျွန်တော်မှာ printer မရှိတဲ့ အတွက်ကြောင့်ပါ။

Firefox မှာ အန္တရယ်ရှိတဲ့ site တွေကိုဖွင့်မိရင် သတိပေးတဲ့ နည်း
1. ပထမ https://addons.mozilla.org/en-US/firefox/addon/3456 ဒီဆိုဒ်ကို click လိုက်ပါ။ ထုံစံအတိုင်း မိမိတို့ Add to firefox ကို click လိုက်။ install nowကို click လိုက် ။Restart ချလိုက် ဒါတွေတော့ သိလောက်ပြီ ပုံမထည့်တော့ဘူး။ မိမိက ဆိုဒ်တွေကို ဖွင့်လိုက်ရင် အောက်ပါအတိုင်း အဆင့် (၄)ဆင့်နဲ့ ဖော်ပြပါတယ်
1) အစိမ်းရောင်-။ ။ သူကတော့ လုံသ အန္တရာယ်မရှိတဲ့ ဆိုဒ်ဖြစ်ပါတယ် ဖွင့်ပါ။
2) အ၀ါရောင် ။ ။ သူကတော့ သံသရ ရှိတဲ့ ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့် မိမိ register လုပ်ပြီမှ ၀င်ရမယ်ဆို မသင့်တော်ပါဘူး။
3) အနီရောင်။ ။ သူကတော့ အန္တရာယ်ရှိတှဲ့Site ဖြစ်ပါတယ် မဖွင့်သင့်ပါဘူး သူကလဲ ဖွင့်ခွင့်ပေးမှာ မဟုတ်ပါဘူး။ မဖြစ်မနေ ဖွင့်ချင်တယ်ဆိုရင်တေွာှ့WOT ကို enable လေးကို အမှန်ခြစ် ဖြုတ်ပေးလိုက်ရုံပေါ့။အောက်မှာကြည့်ပါ။(ကျွန်တော်က မဖြုတ်ထားပါဘူး)

4) အဖြူရောင်။ ။သူကတော့ အဆင့်သတ်မှတ်လို့ မရတဲ့အတွက် ဘာမှ အန္တရာယ် မရှိပါဘူးခင်ဗျာ

Monday, August 3, 2009
ကိုယ့်ဖွင့်တဲ့ site တွေမှ Code တွေကိုကြည့်နည်း
ဒီ Add-on ကတော့ မိမိတို့ Keyboard ကနေ ctrl+U ကို နိုပ်ပြီ web site တွေရဲ့ page source တွေကိုကြည့်လို့ရပါတယ်။ နောက် view button ကနေ page source ကို click ပြီ ကြည့်လို့ရပါတယ်။ ကြည့်ပြီတော့ ကိုယ့်ရေးနေတဲ့ Blog တွေ web page တွေ အတွက် Html ကို လေ့လာနေတဲ့သူတွေ အတွက် အသုံးဝင်ပါတယ်။ အပေါ်က နည်းတွေ အပြင် ကျွန်တော် တင်ပြမယ့် Add-on ကတော့ ပိုပြီကောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ သူက Style တွေ layout တွေကိုပါ ကြည့်နိုင်ပါတယ် အပိုင်းလိုက် ခွဲကြည့်လို့ အဆင်ပြေနိုင်ပါတယ်။လေ့လာလို့ရတာပေါ့ သူတို့ ဘယ်လိုရေးထာလဲဆိုတာ
1. ပထမ ဒီဆိုဒ်ကို click လိုက်ပါ။ https://addons.mozilla.org/en-US/firefox/addons/versions/1843 ။ အောက်ပါအတိုင်းကျလာပါမည်။ အဲဒီမှာ version တွေ အများကြီးပါပါတယ်။ ကျွန်တော်ကတော့ အပေါ်က version ကိုဘဲရွေးလိုက်ပါတယ်။ ၀ိုင်းထားတဲ့နေရာမှ Add to Firefox ကို click လိုက်ပါ။

2. ကျန်တဲ့ အပိုင်းတွေကတော့ ပထမဆုံဖော်ပြခဲ့တဲ့ နည်းတွေလိုပါဘဲ Install Now ကို click လိုက် firefox ကို restart ချလိုက်ရင် ပြီပါပြီ။ အထက်ပါအဆင့်တွေပြီရင်တော့ firefox ရဲ့အောက်ခြေမှာ အကောင် ပုံလေးတွေ့ရမှာပါ( ကျွန်တော်ကတော့ spider လို့ခေါ်လိုက်တယ်) ကိုယ့် ဖွင့်ထားတဲ့ ဆိုဒ်ရဲ့ code တွေကိုလေ့လာချင်ရင် အဲဒါလေးကို click လိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာပါ။
ဘလော့လ်ရေးနေတဲ့သူတွေ web site ရေးနေတဲ့သူတွေအတွက် ပညာရတာပေါ့ခင်ဗျာ။

မေးလ်တွေ ထဲမှာ attachment ကို လွယ်ကူစွာ မြင်ရနည်း
အခု မိမိတို့ ကွန်ပျူတာတွေမှာ Firefox တွေကို မိမိတို့ စိတ်ကြိုက် ပေါင်းစပ် အသုံးပြုလို့ ရနိုင်မဲ့ Add-on တွေကို ကျွန်တော် တင်ပြမှာဖြစ်ပါတယ်
မိမိမေးလ်တွေမှာ မေးလ်တွေကိုသိသာစွာ မြင်နည်း
1. မိမိမေးလ်ထဲမှာ ပို့တဲ့အကြောင်းအရာတွေကို စာပို့ထားတဲ့ မေးလ်ဆို မေးလ် သီချင်းဆို သီချင်း ညာဘက်ခြမ်းမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်. မရှင်းရင် အောက်က ပုံကိုကြည့်လိုက်ပါ။
ဝိုင်းပြထားပါတယ်..။

2. ပထမ ဒီဆိုဒ်ကို click လိုက်ပါ။ https://addons.mozilla.org/en-US/firefox/addon/6076 အောက်ပါအတိုင်းတွေ့ရပါမည်။ Add to Firefox ကို click လိုက်ပါ။

3. အောက်ပါအတိုင်း box အသေးတစ်ခုကျလာပါမည်။ Install Now ဆိုတာလေး ကို click လိုက်ပါ။

4. အောက်ပါအတိုင်း Install စလုပ်ပါလိမ့်မည်။

5. ပြီရင် Firefox ကို Restart ချဖို့ ပြောပါလိမ့်မည် Restart ပေးလိုက်ပါ။ ပြီရင် မေးလ်ကို ဖွင့်ကြည့်လိုက်ပါ။ ပုံ(၁) မှာ ပြခဲ့သလိုဘဲ ပေါ်လာပါလိမ့်မည်။

No comments:
Post a Comment