Friday, December 30, 2011

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား


ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များမင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။



ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များအဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )

ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

Thursday, December 29, 2011

Network Address Translation နှင့် Proxy Server တို့ကို နှိုင်းယှဉ်လေ့လာခြင်း


RFF : Knowledge Bridge
ယနေ့ခေတ်တွင် Network မှာ မသိမဖြစ် မတတ်မဖြစ် ဘာသာ ရပ်တစ်ခု ဖြစ်လာနေပါသည်။ ကွန်ပျူတာ လေ့လာသူ လူငယ်၊ လူရွယ် တိုင်း Network ကို နားလည်ပြီး ချေချေမြစ်မြစ် သိရှိထားပါက အတတ် ပညာတစ်ခုအနေဖြင့် လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်သည်။ ခေတ်နှင့် အညီ ပေါ်ထွန်းလာသော အင်တာနက် ကဖေးများကြောင့်လည်း ကွန် ယက်နည်းပညာမှာ ပိုမိုအရောင်တောက်ပလာ ပါတော့သည်။ ထို့ကြောင့် ဆာဗာများတွင် အင်တာနက်ချိတ်ဆက်သည့် နည်းပညာ အနေအထားတို့ ကို လေ့လာသင့်၊ မှတ်သားသင့်သည်များလည်း တစတစများပြား လာရပါ သည်။ ယခု အောက်တွင် ဖော်ပြထားသော စာစုသည် ကွန်ယက်ယှက်ဖျာ မည့်သူများ မသိမဖြစ် သိရှိရမည့် NAT နှင့် Proxy Server တို့ အကြောင်းပင် ဖြစ်သည်။ Knowledge Bridge စာရှုသူများ လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။

ချစ်သူများနေ့ပေါ်ပေါက်လာပုံ အကြောင်းသူငယ်များသိစေဖို့


အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။

ကွန်ပျုတာကို မြန်စေမဲ့ နည်းလမ်း(၆) မျိုး


ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီးပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကိုနည်းနည်း ပေါ့ပေါ့လေးဖြစ်သွားအောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်းလမ်း(၆)ခုပါ။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိထင်ပါတယ်နော်။
       ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၆။eventvwr ရိုက်  ပေါ်လာတဲ့ထဲက Application ကို Click ပြီးရင် clear all events ကို Click,နောက်ပြီး System ကို Click
   ပြီးရင် clear all event ကို Click ပါ။
         အဲ့လိုမျိုး ဖျက်ပြီးရင် Recycle Bin ထဲသွားပြီး(Ctrl+A)နှိပ်ပြီး (Shift+Delete) နဲ့ဖျက်ပစ်လိုက်ပါ။
         အဲ့လိုမျိုးလေး လုပ်ပြီးရင် ကွန်ပျူတာ သုံးရတာ အရင်ကထက် ပိုပြီးပေါ့သွားပါလိမ့်မယ် ခင်ဗျာ။
              အဆင်ပြေကြပါစေ နော်.....

Wednesday, December 28, 2011

Ubuntu OS အသုံးပြုသူများအတွက် အကူအညီ ပေးနေသည့် LoCo Team နှင့် တွေ့ဆုံမေးမြန်းခြင်း

http://news.yatanarpon.com.mm/cp/internetjournal မှကူးယူဖော်ပြလိုက်ပါတယ်...

Photo
လက်ရှိအချိန်မှာ Ubuntu OS ကို ရုံး၊ ကုမ္ပဏီနဲ့ စက်ရုံများမှာ အသုံးပြုလာကြသလို အိမ်သုံးအဖြစ်လည်း အလွယ်တကူ သုံးစွဲနိုင်တဲ့ အတွက်  Ubuntu OS ဟာ လူကြိုက်များတဲ့ Operation System တစ်ခုဖြစ်လာ ပါတယ်။ Ubuntu ဆိုတာ အာဖရိကန် ဘာသာစကားနဲ့ လူသားချင်း စာနာ ထောက်ထားမှုလို့ အဓိပ္ပာယ် ရပါတယ်။ အခမဲ့ သုံးစွဲနိုင်တဲ့ Operation System တစ်ခု ဖြစ်တာနဲ့ အညီ Application တွေကိုလည်း အခမဲ့ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေမှာ Ubuntu OS နဲ့ ပတ်သက်တဲ့ installer များ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် နိုင်ငံအချို့မှာ LoCo Team လေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း Ubuntu အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ အကူအညီများနဲ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ အတွက် LoCo Team ကို ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Ubuntu OS နဲ့ ပတ်သက်ပြီး အထောက်အကူပေးမယ့် LoCo Team အဖွဲ့က တာဝန်ရှိသူတွေနဲ့ သူတို့ အဖွဲ့အကြောင်းကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

Tuesday, December 27, 2011

နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း


http://soeeom.blogspot.com မှပြန်လည်မျှဝေမှတ်တမ်းပြုထားပါတယ်..
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။

Wednesday, December 21, 2011

VMware သုံးပြီးတော့ Virtual Window တွေလုပ်ကြရအောင် !!!

သူငယ်ချင်းတို့စက်မှာ VMware work station အရင် install လုပ်လိုက်ပါ

ကျွန်တော် ဟောဒီ Post မှာတင်ထားတဲ့window 7 Dream edition ကို သုံးပြီးတော့ Virtual window လုပ်ပြထားပါတယ်
သူငယ်ချင်းတို့ဆီမှာ၇ှိတဲ့ Window ခွေနဲ့လည်းရပါတယ်

Start >>> All Program >>> VMware >>> VMware workstation ကိုဖွင့်လိုက်ပါ
အောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ
Window 7 Ultimate Dream Edition
Window 7 Ultimate Dream Edition

Tuesday, December 20, 2011

တွေ့ထားသမျှ Portable ဆော့ဝဲတွေကိုတင်ပေးလိုက်ပါတယ်



Portable က install လုပ်စရာမလိုဘူးဆိုတော့စိတ်ချလက်ချဒေါင်းလို့ရတာပေါ့ဗျာ
ဆော့ဝဲလေးကဘာထူးလဲဘာလုပ်နိုင်လဲမသိရင် Home Page သွားလေ့လာနိုင်ပါတယ်

ACDSee Pro v5.1.137 Final Portable | 120 Mb
Download : http://filepost.com
Home Page - http://www.acdsee.com

Saturday, December 17, 2011

ဓာတ်ပုံ Slide Show လေးတွေကို အလွယ်တူ လုပ်ချင်သူများအတွက်




သူငယ်ချင်း တစ်ယောက်ကလည်း ဟိုနေ့က လာတောင်းနေတာနဲ့ ဒီနေ့ ဒီကောင်လေးကို တွေ့လို့ သုံးချင်တဲ့ သူတွေအတွက် ပြန်ရှယ် ပေးလိုက်ပါတယ် .. ပြီးတော့ Ashampoo ကထုတ်တာ ဆိုတော့ ကျွန်တော် အကြိုက်တွေကတာလည်း ပါပါတယ် .. ဒီကောင်လေးက အသုံးပြုရတာလည်း လွယ်သလို Key ဖိုင်လေးကို Double Click လေးပေးလိုက်ယုံနဲ့ Registery ထဲမှာ Key ထည့်ပြီးသွား ဖြစ်သွားတာ ဆိုတော့ Crack တို့ Patch ဆို့ကို မသုံးတက်တဲ့ သူတွေ အတွက် ပိုပြီးတော့လည်း အဆင်ပြေစေပါတယ် .. ပြီးရင် .avi , .mpg , .m2ts , .wmv စတဲ့ File type တွေကို အလွယ်တကူ ပြန်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ် .. အခွေ Burn ချင်တယ်ဆိုရင်လည်း  Burn a disc ကနေပြီး တစ်ခါတည်း တန်းပြီး Burn လို့ရပါတယ် .. သုံးကြည့်ပေါ့ဗျာ .. သုံးနည်းလွယ်လို့ ရေးမပေးတာပါ .. ဘာမှမခက်ပါဘူး .. မြန်မာဖောင့်လည်း သုံးလို့ရပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ယူသွားလိုက်ပါ ..

 

Download  From  Mediafire               ကိုနေမင်းမှ.........

Thursday, December 15, 2011

How to change Window language Interface



Cbox မှာ လာအော်သွားတဲ့   Shwepyisoe11 ရေ   ကိုလုလင်   ဆီကတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …

Control panel => Region and Language => keyboards and Languages

ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …

Internet Download Manager ကို Install ပြုလုပ်ခြင်း






Internet Download Manager ကို အင်စတောလ် လုပ်တာ အဆင်မပြေကြဘူးလို့ ပြောလာကြတာနဲ့ နောက်ထပ် Install လုပ်နည်းလေးတစ်ခုကို တင်ပြချင်ပါတယ် ။  အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ 





 အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့  အားလုံး Exit ပေးပြီး  IDM ကို Uninstall လုပ်ပြစ်လိုက်ပါ ။ ပြီးရင် Restart တောင်းရင် Restart ပေးလိုက်ပါ ။ အရင်ဆုံး     ဒီနေရာလေးမှာ   နောက်ဆုံး Update ဖြစ်တဲ့ Internet Download Manager 6.07 Build 14 (12/Oct/2011) ကို ဒေါင်းယူထားလိုက်ပါ ။ ဘာမှ မလုပ်သေးပါနဲ့ဦး ။ ဇာတ်လမ်းကို ဒီမှာ စ ပါမယ် ကဲ စ လိုက်ကြရအောင်

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ


အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.
ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.

Teamviewer နဲ့ အဝေးကကွန်ပျူတာထဲကို ၀င်ကြည့်ရအောင်


ဒီprogram လေးပေါ်နေတာတော့ ကြာပါပြီ . စာဖတ်သူ ညီလေးတစ်ယောက်ပြောလို့ တင်ပေးလိုက်တာပါ . ဒီ program ကတော့ ကျွန်တော်တို့ logmein နဲ့ အပြိုင်ပါပဲ . ဒါပေမယ့် logmein နဲ့ Teamviewer နဲ့ဆို Teamviewer က ပိုမြန်တယ်ဗျ .. အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ Teamviewer ကိုဘယ်လိုနေရာတွေမှာ သုံးသလဲကြည့်ရအောင် .. တစ်နေရာနဲ့တစ်နေရာ အလှမ်းကွာဝေးတဲ့နေရာ မှာရှိတဲ့ကွန်ပျူတာတစ်လုံးကို ဒီကနေလှမ်းပြီး အကူအညီပေးလို့ရသလို .. သင်တန်းသဘောမျိုးလဲ သင်ပေးလို့ရပါတယ် .. နောက်တစ်ခုက လုံခြုံမှု .. logmein မှာ password ကိုသိထားရင် နောက်တစ်ခါပြန်ဝင်လို့ရနိုင်ပါတယ် . ဒါပေမယ့် Teamviewer မှာတော့ မဟုတ်ပါဘူး .. ကွန်ပျူတာ Restart တစ်ခါချရင် ID နဲ့ Password တစ်လုံးပြန်ပြောင်းပါတယ် ..

(၁) ပထမဦးဆုံး http://www.teamviewer.com ကိုသွားပြီး Teamviewer ကို Download လုပ်ပါ ..
(၂) ပြီးရင် install လုပ်လိုက်ပါ ..
(၃) install လုပ်ပြီးတာနဲ့ သူက account မလုပ်ထားလဲ သုံးလို့ရပါတယ် ..
(၄) wait for session ရဲ့အောက်မှာ ID နဲ့ Password ရှိပါတယ် .. ကိုယ့်ကွန်ပျူတာကို ပေးသုံးစေချင်ရင် အဆိုပါ နှစ်မျိုးစလုံးပေးလိုက်ပါ . သူဝင်လာလို့ရပါပြီ .. ဒါပေမယ့် သူ့မှာလဲ team viewer ရှိဖို့လိုပါတယ် ..

ဘယ်လိုဝင်မလဲ
(၁) create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID ကို ရိုက်ထည့်လိုက်
(၂) remote support မှာ အမှန်ခြစ်ပေး
(၃) connect to partner ကိုနှိပ်လိုက်ပါ .
(၄) ခဏစောင့်ပြီးရင် password ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
(၅) password ကိုရိုက်ထည့်ပေးလိုက်ပါ .. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ ..

source:
ညီနေမင်း

Friday, December 2, 2011

Wi Fi အကြောင်း သိဖို့



     WiFi ကို WiFi လို့ ပဲရေးရေး ။ Wi-fi လို့ ပဲရေးရေး ၊ Wifi လို့ ပဲရေးရေး ရပါတယ်။ အတူတူပါပဲ ။ အရှည်
ကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ WiFi ရဲ့မူလပိုင်ရှင်ဟာ Wi-Fi Allance ဖြစ်ပါတယ်။ ၄င်းဟာ IEEE802.11 ရဲ့ Specifications တွေပေါ်မှာ Based လုပ်ထားတဲ့ WLAN (Wireless Local Area Network) ပဲဖြစ်ပါတယ်။ Wi-Fi ကိုဘယ်မှာအသုံးပြုကြမလဲဆိုတော့ Mobile Computing ပေါ့ဗျာ ။ Laptops တွေကို Wireless LAN ချိတ်မယ်။ ဒါပေမဲ့ အခုဒါကသိပ်မထူးဆန်းဘူးဗျ ။ ဒီထက်ပိုပြီး သုံးလာကြပြီမဟုတ်ပါလား ။
     ဥပမာ Internet အပါအ၀င် VOIP Phone Access တွေ ၊ Gaming Application တွေ ၊ အခြားသော
အခြေခံလျှပ်စစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ TV တွေ ၊ DVD တွေကိုချိတ်ဆက်တဲ့နေရာတွေမှာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ်။ ကြိုးတွေတွေ့ ကြရမှာမဟုတ်ပါဘူး ။ ဒီထက်ပိုပြီး ဖွံ့ ဖြိုးတိုးတက်လာတာပြောရဦးမလား ။ ဥပမာWi-Fi ကိုကားတွေမှာသုံးမယ် ။ ဘယ်လိုသုံးကြမလဲ ။ ၄င်း WiFi ကိုအသုံးပြုပြီး ကားရဲ့ရှေ့ ကအခြေ
အနေတွေ Statistics တွေကိုစုဆောင်းမယ် ။ တင်ပြမယ် ဒီတော့ပိုပြီးတော့ Safety ဖြစ်လာမယ် ။ ဒါကို
Intelligent Transportation System လို့ ခေါ်ပါတယ် ။ နောက်ပြီး Highway သွားနေရင်းနဲ့  Mobile
Commerce လုပ်လို့ ရပါသေးတယ် ။

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်


ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

Destop က Icon နဲ့ Folder တွေမှာ မြန်မာလိုမပေါ်လို့ စိတ်ညစ်နေသူများအတွက်ပါ။


ကျွန်တော်က ဒီတစ်ခါ Computer တွေမှာ ZawGyi တွေလဲ ရှိရဲ့သားနဲ့ Icon တွေ Folder တွေမှာ Windows တင်ပြီးပြီးချင်း ZawGyi Font တွေထည့်ပြီးရင် Icon တွေ Folder မှာမြန်မာလိုတွေပေါ်တယ်ဆိုတာ သူငယ်ချင်းတွေ သတိထားမိကောင်းသတိထားမိပါလိမ့်မယ်။ကျွန်တော်တို့ လက်ကလိလို့ တစ်ခါတစ်လေ Icon တွေက မြန်မာလိုမပေါ်ပဲ ။။။။။။။။။ အဲ့လိုလေးတွေ ပေါ်နေတက်ပါတယ်။အောက်မှာ ပုံနဲ.တကွပြပေးထားပါတယ်ဗျာ။တစ်ခါတစ်လေ မြန်မာလိုနဲ. Flie Name တွေကို ဖတ်လို့မရလို.စိတ်ညစ်ရပါတယ်။

Thursday, December 1, 2011

ကွန်ပျူတာ Screen နှင့် လိုချင်တာလေးတွေကို ဓါတ်ပုံရိုက်ယူကြမယ်ဗျာ


မင်္ဂလာပါဗျာ
မြို့တော်သူ မြို့တော်သား အားလုံး
အခုကျွန်တော် ဆော့ဝဲ တခု မိတ်ဆက်ပေးပါမယ်ဗျာ
ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ Screen နှင့် Right Click
မပေးသော ၀က်ဆိုဒ်တွေထဲက ပုံတွေကို လိုသလို ဓါတ်ပုံရိုက်ယူလို့ရတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်ဗျာ အရမ်းသုံးရတာလွယ်ကူပြီး VZOချက်ရင်
တဖက်လူမသိအောင်Record မှတ်တမ်းတင်လို့ရတယ် ပြောတယ်ဗျ
ပြီးတော့ဆော့ဝဲ တခု ကို ရှင်းပြမယ်ဆိုရင်လည်း လမ်းညွှန်ဖို့အတွက်
ပုံလည်း ဆွဲလို့ရတယ်ဗျာ အသုံးပြုပုံ အနည်းငယ်ကို ကျွန်တော်ရှင်းပြ
ပါ့မယ်။ ကျွန်တော် အရင်က ကွန်ပျူတာကို ဓါတ်ပုံ ဘယ်လိုရိုက်ရမှန်း
မသိသေးခင်ကပေါ့ ၀ပ်ကမ်ကြီးနဲ့ ရိုက်တာ ဇောက်ထိုးထွက်လာတယ်ဗျ
ဟီးးး သူငယ်ချင်းတို့ ကျွန်တော့်လို မဖြစ်ရအောင် အောက်မှာ အသုံးပြုပုံ
ကြည့်လိုက်နော်.. ပြီးတော့ ဒေါင်းသွားပေါ့.....။
=======================================
ဆော့ဝဲပုံ
1- ကတော့ Screem တခုလုံး သို့မဟုတ် ၀က်စာမျက်နှာတခုလုံးကို ဓါတ်ပုံရိုက်တာပါ

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

aungthin စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူ
ငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အ သက်
အရွယ် ထောက်လာသည့်တိုင်နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်
တတ်အောင်အကြံပေးလိုသည့်ဆန္ဒရှိနေသည်။ ရန်ကုန်မြို့မှစာရေးဆရာကြီး ဦးအောင်သင်း အား  ခေတ်ပြိုင်
ဂျာနယ် အယ်ဒီ တာချုပ်ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အထူး သဖြင့်
ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့ သို့ဖြေ
ကြားသည်။

ဖြေ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေ ဟာ
ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက် ကြ
တယ်ဆိုတော့ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။
နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။ ဘာကြောင့်လဲဆိုတော့ ကို စိန်ကျော်
လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့သိပ်မခွာ
ချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြားသိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြား ထဲမှာ
သွားပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာမေတ္တာထားမိပါတယ်။ ဒါကြောင့်  ကျနော်တို့
သူတို့ကို စကားပြောချင်တာကပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်
လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ကျနော် ပြောချင်တာပါ။

Friday, November 25, 2011

စာပေဟောပြောပွဲများ


ဟောပြောမှုခေါင်းစဉ်

**အထက်ပါ စာပေဟောပြောပွဲများကို စကားဝါမြေ စာကြည့်တိုက်မှနေ၍ ကူးယူဖော်ပြပါသည်။ ထို စကားဝါမြေ စာကြည့်တိုက်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ မိမိ နားထောင်ချင်သော ဟောပြောပွဲ၏ Link ကို “Right Click>Save as” လုပ်ခြင်းအားဖြင့် Download ဆွဲကာ နားထောင်နိုင်ကြပါပြီ။

Friday, November 11, 2011

ကံကောင်သူများတွင် ရှိတတ်သော "အရည်အချင်းများ"

အချို့လူများသည် ကံကောင်းသူများအဖြစ် သတ်မှတ်ခံရလေ့ ရှိကြသည်။

ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
 အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

၁။မိတ်ဆွေအပေါင်းအသင်းပေါများခြင်း
၎င်းတို့သည် လူအများနှင့်ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ နေထိုင်ရခြင်းကို
နှစ်သက်တတ်သူများဖြစ်သည်။ ဖော်ရွေသည်။ လူသူစိမ်းကို နှုတ်ဆက်ပြောဆို
လွယ်ကြသည်။ ရင်းနှီးခင်မင်တတ်သူ ၊ ရိုးသားပွင့်လင်းသူဟူသော
ဟန်ပန်သွင်ပြင်ပေါ်လွင်၍ ယင်းသွင်ပြင်ကြောင့်ပင် တစ်ဖက်သားစိတ်၌
ပြန်လည်ရင်းနှီး ခင်မင်လိုစိတ် ဖြစ်ပေါ်စေတတ်သော သူမျိုးသာ
ဖြစ်သည်။မိတ်ဆွေ အပေါင်းအသင်း ပေါများသည့်အခါ နေရာတကာ၌
မိမိကိုကူညီပေးသူများ၊ လိုက်လံဆက်သွယ်ပေးသူများနှင့် ကြုံရတတ်သဖြင့်
သူတပါးနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊
မိမိတဦးတည်းလုပ်ကိုင် ရသည့် လုပ်ငန်းများတွင် လည်းကောင်း အလွယ်တကူ
အောင်မြင်မှု ရတတ်ပေသည်။ ၎င်းတို့၏ အပေါင်းအသင်းပေါများခြင်းဆိုသော
အရည်အချင်းကို မသိကြသူများက ကံကောင်းသူများ ဟူ၍ တံဆိပ်ခတ်
နှိပ်တတ်ကြပေသည်။


၂။ ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်ခြင်း
ကံကောင်းသူများမှာ ရဲရဲတင်းတင်း ကံစမ်းကြသူများ ဖြစ်သည်။
ကံစမ်းခြင်း ဆိုသည်မှာ ထီထိုးသောအလုပ်မျိုးကိုမဆိုလိုပါ။
မိမိလေ့လာသိရှိထားသော အချက်အလက် အထောက်အထားများအရ
စမ်းကြည့်လျှင် အကျိုးရှိနိုင်မည်ဟု ထင်ရသည့် အလုပ်မျိုးကို
ရဲရဲတင်းတင်း ၀င်ရောက်လုပ်ကိုင်တတ်ခြင်းကို သာ ဆိုလိုပေသည်။ ကံကောင်းသည်
ကံလိုက်သည် ဆိုခြင်းမှာ ကံစမ်းကြည့်သူများ၌သာ ကြုံရနိုင်သော
အရာမျိုးဖြစ်သည်။ ထို့ကြောင့် ကံကောင်းသူဖြစ်လိုလျှင် သမားရိုးကျ
မိမိသွားနေကျ လမ်းအို လမ်းဟောင်း မှာသာ တွယ်ကပ်မနေဘဲ လမ်းသစ်ထဲသို့
ဝင်ကြည့်ရဲရမည်။ သိသာထင်ရှားသည့် အခွင့်ရေးကို မြင်လျှင် မိမိ
မလုပ်ဖူးသေးသည့် အလုပ်သစ်ထဲသို့ပင် စွန့်စားဝင်ရောက်ရဲရသည်။ သို့သော်
ရဲရင့်ခြင်း နှင့် ရမ်းခြင်းကိုတော့ ခွဲခြား သတိထားတတ်ဖို့
လိုပါသည်။ထို့ကြောင့် ဥာဏ်နှင့်ယှဉ်သော ရဲတင်းမှုမျိုး
ဖြစ်ရန်အရေးကြီးပါသည်။

၃။ ဆုံးရှုံးမှုမကြီးမားအောင်ထိန်းတတ်ခြင်း
လုပ်ငန်းမှန်သမျှသည် အနည်းနှင့်အများ စွန့်စားရသည်ချည်း ဖြစ်သည်။ ရာနုန်းပြည့် သေချာသော
အလုပ်ကိုမှ စောင့်၍ လုပ်မည်ဆိုလျှင် သင့်တစ်သက်လုံး ဘာအလုပ်မှ
လုပ်ခွင့်ကြုံတော့မည် မဟုတ်ပေ။ထို့ကြောင့် ဖြစ်နိုင်ခြေ အလားအလာကို
ကြည့်ကာ အောင်မြင်နိုင်သည့်ဘက်က အလေးသာလျှင် ရဲရဲတင်းတင်း
ကံစမ်းလုပ်ကိုင် ကြည့်ပါက ကံကောင်းသူဖြစ်နိုင်သည့် အခွင့်အရေးနှင့်
ကြုံရနိုင်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ထိုသို့ ကံစမ်းကြည့်ရာတွင်
ကံကောင်းခွင့်နှင့် မကြုံဘဲ ကံဆိုးနှင့်လည်း
ကြုံရနိုင်ပေသည်။ထိုအခါမျိုးတွင် အရေးကြီးသည့်အချက်မှာ ကံဆိုးကို
လျှင်လျှင်မြန်မြန် စွန့်ပစ်ဖို့ပင် ဖြစ်သည်။ကံကောင်းသည် ဆိုသူများသည်
ကံဆိုးကို လျှင်မြန်စွာ စွန့်ပစ်တတ်ကြသူများဖြစ်၍ ကံဆိုးသည်ဆိုသူများသည်
ကျရောက်လာသည့် ကံဆိုးမှုကို လက်ထဲတွင် ကြာရှည် သိမ်းဆည်းထားတတ်သူများ
ဖြစ်ချေသည်။ရဲရဲတင်းတင်း လုပ်တတ်သူများ (၀ါ) ကံစမ်းရဲသူများသည်
လုပ်ငန်းတစ်ခု စမ်းသပ်လုပ်ကိုင်ကြည့်ပြီး အောင်မြင်မှုမရှိသည်ကို
တွေ့ရသည်နှင့် တစ်ပြိုင်နက် ယင်းလုပ်ငန်းမှ အဆုံးအရှုံးမကြီးမားမီပင်
မြန်မြန်ဆန်ဆန် စွန့်လွတ်ကာ လုပ်ငန်းသစ်သို့ ကူးပြောင်းတတ်ကြ၍
မရဲတင်းသူများမှာမူ အလုပ်တစ်ခုကို အလွယ်တကူ မစွန့်လွတ်ရဲဘဲ
ပြန်ကောင်းလာနိုး မျှော်ကိုးစောင့်စားရင်း ပို၍ပို၍ ဆုံးရှုံးရတတ်ခြင်း
ဖြစ်သည်။

၎။ ကြုံရမည့်ပြသနာအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်း
လုပ်ငန်း၌ ကံကောင်းတတ်သူများသည် ရဲဝင့်စွန့်စား လုပ်ဆောင်တတ်သူများ ဖြစ်သည်ဟု
ဆိုခဲ့ပါသည်။ ၎င်းတို့သည် ဖြစ်နိုင်ချေရှိသည့် အလုပ်မျိုးတွင်မှ
စွန့်စားလုပ်ဆောင်တတ်သူများ (၀ါ) ဥာဏ်နှင့်ယှဉ်၍ စွန့်စားတတ်သူများ
ဖြစ်သည်ဟူ၍လည်းဆိုခဲ့ပါသည်။၎င်းပုဂ္ဂိုလ်များနှင့် ပါတ်သက်၍ နောက်ထပ်
မှတ်သားသင့်သည့် အချက်မှာ ၎င်းတို့သည်အောင်မြင်နိုင်သည့် အလားအလာကို
မျှော်ကိုးပြီး စွန့်စားကြသည်ဆိုသော်လည်းအမြဲအကောင်းကိုသာမျှော်လင့်စောင့်စားနေကြသူများ
မဟုတ်ဟူသော အချက်ဖြစ်သည်။စွန့်စားသူ ဖိုးကံကောင်းများသည် မိမိတို့
စွန့်စားဆောင်ရွက်မည့်လုပ်ငန်း၌ ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှု
အန္တရာယ်များကို ကြိုတင်တွက်ဆကာအကယ်၍ ဆုံးရှုံးရပါကလည်း
ယင်းဆုံးရှုံမှုဒါဏ်ကို မိမိ ခံနိုင်သည်ဟုသေချာပြီးမှသာ စွန့်စားတတ်ကြစမြဲ
ဖြစ်သည်။ထို့ကြောင့် ၎င်းတို့အနေနှင့်ဆုံးရှုံသည့် အခါ၌လည်း အရှုံးကြီးမရှုံးပဲ
ပြန်လည်နာလန်ထူနိုင်သည့် အခြေအနေမျိုး ၊နောက်ထပ် အလုပ်သစ်တစ်ခု
ဆက်လက်ဆောင်ရွက်နိုင်သည့်အခြေအနေမျိုး သာ အမြဲရှိကြပေသည်။
မိမိပတ်ဝန်းကျင်ရှိ ကံကောင်းသည် အပြောခံရသူများ၊ ကံဆိုးသည်
အပြောခံရသူများကို အထက်တွင် ဖော်ပြခဲ့သည့် အချက်များဖြင့်
ချိန်ထိုးစိစစ်ကြည့် သင့်ပါသည်။ သုတေသီ ဂွန်သာ၏ တွေ့ရှိချက်များနှင့်
သင့်စိစစ်ချက်တို့ တိုက်ဆိုင် ကိုက်ညီနေပြီဆိုပါက သင့်အနေနှင့်လည်း
မိမိကိုယ်တိုင် ကံကောင်းသူတစ်ဦးဖြစ်အောင် လုပ်ဆောင်ရန် အစီအစဉ်များ
ချမှတ်ဆောင်ရွက်ဖြစ်လာပါလိမ့်မည်။

* လောက၌ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရန် ကြိုးပမ်းကြသူများသာ 
ပေါက်မြောက် အောင်မြင်ကြစမြဲ ဖြစ်ပါသည်။*

Tuesday, November 1, 2011

ဘလော့ရေးသူကျွန်တော်

အလုပ်တွေများနေလို့ခဏနားနေပါတယ်။အေးချမ်းတဲ့နေတွေမှာရေးဖြစ်မှာပါ။
.............မင်းနိုင်........

Friday, October 28, 2011

Flash Album လေးတွေ အလွယ်တကူလုပ်ရအောင်ဗျာ။





ကျွန်တော်တို့ ဒီတစ်ခါ ဓါတ်ပုံ Album လေးတွေကို Flash လေးတွေနဲ့လုပ်မယ်ဗျာ။ အသုံးပြုရတာလည်း
လွယ်ပါတယ်။ ကောင်မလေးရှိတဲ့သူငယ်ချင်းများအတွက်ကတော့ ဒီကောင်လေးနဲ့ Album လေးကို 
Flash Song လေးလုပ်ပြီး ပို့ပေးလို့လဲရတာပေါ့ဗျာ။ တစ်ပုံခြင်းစီကို နောက်ခံ Background လေးနဲ့
ပြောင်းပြီးလုပ်ပေးလို့ရပါတယ်။ နည်းနည်းလေးတော့စိတ်ရှည်ရမှာပေါ့ဗျာ။  .swf ဖိုင်နဲ့တင်သာမကပဲ
Html code လေးနဲ့ပါ Save ပေးလို့ရပါတယ်။ကျွန်တော်ကတော့ ရှုခင်းပုံလေးတွေနဲ့လုပ်ထားပါတယ်။
အောက်မှာပုံလေးပြပေးထားပါတယ်။တော်တော်လေးကို ချစ်စရာလည်းကောင်းပါတယ်။မိမိတို့လိုတဲ့
Album တွေကိုလည်း အင်တာနက်ကနေတစ်ခါတည်း ယူသုံးလို့လဲရပါတယ်။ဖိုင်ဆိုဒ်က 16.4 MB ပါ။
ကျွန်တော်လည်း ဒါလေးကိုတော်တော်လေးသဘောကျလို့ပြန်မျှပေးလိုက်တာပါ။နောက်ထွက်တဲ့ 
Update လေးပါပဲ။ တစ်ပုံခြင်းစီမှာ မိမိတို့လိုချင်တဲ့ Title လေးတွေ Text လေးတွေလည်းထည့်ပေးလို့
ရပါတယ်။  Flash လေးတွေကိုလည်းမိမိတို့နှစ်သက်သလိုထည့်ပေးလို့ရပါတယ်။
 ကျွန်တော်အောက်မှာနှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးတွေကနေယူသွားလိုက်
ပါဗျာ။သူ့အတွက် Activator လေးပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ သုံးကြည့်လိုက်ပါဗျာ။

Downloading from ifile.it

Downloading from mediafire
နေမင်းမောင်မှ..............

Thursday, October 20, 2011


တောင်းပန်ပါတယ်..အောင်လ


Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ


Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။
အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ၀မ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။

Hardware တွေပုံမှန်အလုပ် လုပ်ရဲ့လား


မိတ်ဆွေ အပေါင်းအသင်းတို့ ရဲ့ ကွန်ပျူတာမှာ
တပ်ဆင်ထားတဲ့ Hardware ကောင်းစွာ
အလုပ်လုပ်ခြင်း
ရှိမရှိ ကြည့်ရှုတဲ့ နည်းလေးပါ အလွန်အသုံးဝင်မယ်လို့
ထင်ပါတယ်ဗျာ
ပထမဆုံး Run box မှာ “ devmgmt.msc” လို့ ရိုက်ထည့် ပြီး
enter ခေါက်ပါ
Device Manager ဆိုတဲ့ box အခုလိုကျလာ ပါမယ်
အခုဆိုရင်တော့ သင်ရဲ့ ကွန်ပျူတာမှာ
ချိတ်ဆက်အသုံးပြုထားတဲ့
Hardware တွေ ပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာ ကို
တွေ့မြင်နိုင်ပါပြီ
အဲဒီမှာ တစ်ခုခု ချို့ယွင်းနေရင် “ ? “ ပုံစံနဲ့ ပြနေမှာပါ
Scan (or) or reinstall ပြုလုပ်ခြင်းအားဖြင့်
ဖြေရှင်းနိုင်ကြောင်းပါဗျာ

Facebook Online Friend များကို Gmail Window မှာ စကားပြောနိုင်ဖို့


သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online
တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat
နိုင်ပါတယ်။ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail
မှာထည့်သွင်းရပါမယ်။ပထမဆုံး သင်၏ Gmail ကို login လုပ်ပါ။
ပြီလျှင် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့
sub menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကို
အရင်သွားပါ။ ထို့နောက် Labs menu အောက်တွင်ရှိသော Add any gadget by URLကို
Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs
menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို
Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add agadget
by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်ကURL လိပ်စာကို copy ကူးပြီးထည့်ပါ။

Wednesday, October 19, 2011

ဆောင်းတမနက်ရဲ့အိမ်မက်

    ကောင်းကင်ပြင်တခုလုံးမှာမြူနှင်းတွေဝေ့ဆိုင်းနေတဲ့တမနက်.

အဲဒီမနက်မှာကျွန်တော်အတွေးတွေနဲ့မျောခဲ့ရတာပေါ့။

တောင်အရပ်ဆီကလေအေးတွေနဲ့အတူသယ်ဆောင်လာတဲ့အလိပ်လိုက်အလိပ်လိုက်မြူခိုးငွေ့

တွေဟာတဖြည်းဖြည်းကျွန်တော်နဲ့အနီးဆုံးကိုရောက်လာခဲ့တယ်.အစမှာတော့တော်တော်

ဝေးဝေးအရာဝတ္ထုတွေကိုမြင်နေရတယ်လောဘကြီးတဲ့နှင်းထုကအဝေးကအရာတွေကို

တဖြည်းဖြည်းမှေးမှိန်ပြီးပျောက်ကွယ်သွားခဲ့တယ်။နောက်ဆုံးကျွန်တော်ပတ်လည်က

အရာဝတ္ထုတွေကိုမမြင်နိုင်တော့ပဲကျွန်တော်တယောက်တည်းရှိတဲ့အလားနှင်းထုထဲမှာရောက်

ခဲ့ပါတယ်။ကျွန်တော်မြူနှင်းတွေကြားမှာအတွေးတွေပြန့်လွင့်ရင်းနဲ့...အော်.ဒီအချိန်..

သူနဲ့ငါနှင်းတွေကြားမှာသွားနေရရင်ပျော်စရာကောင်းမှာပဲလို့တွေးမိလိုက်တဲ့အချိန်မှာ

မြူနှင်းတွေရဲ့ရိုက်ခတ်မှုကြောင့်အေးချမ်းနေတဲ့ကျွန်တော့်ရင်မှာနွေးထွေးမှုတွေနဲ့

ရင်တွေခုန်ခဲ့ပါတယ်။ မင်းသာငါ့အနားမှာရှိရင်င့ါရင်တွေပိုပြီးနွေးထွေးမှာပဲလို့တွေးမိတယ်.

အေးချမ်းတဲ့မြူနှင်းတွေကြားမှာငါလေမင်းကိုထွေးပွေရင်းနဲ့ပျော်ရွှင်စရာစကားတွေပြော

ကြရင်းမင်းအတွက်နွေးထွေးမှုတွေပေးရင်းငါတို့နှစ်ယောက်လူတွေနဲ့ဝေးတဲ့တနေရာမှာ

ပျော်ရွှင်စရာချစ်အိမ်တခုတည်ဆောက်ကြတာပေါ့.အဲဒီအိမ်ထဲမှာအကြင်နာတွေအပြည့်

ထည့်ထားတဲ့ဧည့်ခန်းဆောင်တခု.မေတ္တာတွေနဲ့ထုံမွှမ်းထားတဲ့အိပ်ဆောင်စေတနာတွေ

အပြည့်နဲ့မီးဖိုခန်းတခုပါတဲ့အိမ်လေးမှာအတူနေထိုင်သွားဖို့မျော်လင့်မိတယ်။အခန်းတိုင်း

အခန်းတိုင်းမှာမင်းရဲ့ယုယမှုတွေနဲ့အရောင်ချယ်သထားမယ်။သောကတွေမရှိတဲ့ငါတို့ရဲ့

အချစ်အိမ်လေးမှာသံယောဇဉ်မီးရောင်တွေနဲ့တောက်ပအောင်ပြင်ဆင်ပြီးဘဝတခုကို

အေးချမ်းပျော်ရွှင်စွာမင်းနဲ့ငါလက်တွဲရင်းလျှောက်ကြတာပေါ့.ငါမြင်ယောင်နေတယ်

အဲဒီအချိန်မှာပီတိတွေဖုံးလွှမ်းနေတဲ့မင်းရဲ့အပြူံးတွေကနေ့သစ်နေ့သစ်တွေကိုနှိုးထစေမဲ့နှိုး

စက်တခုအဖြစ်.တို့ကိုတက်ကြွနေစေမှာပါ။မင်းရဲ့ဂရုဏာအပြည့်နဲ့အသံတွေကတို့ကိုအချိန်မှန်

အိပ်ပျော်သွားစေမဲ့အိပ်ဆေးတခုပါပဲ။လသာတဲ့ညတွေဆိုငါတို့ရဲ့အချစ်အိမ်လေးကထွက်ပြီး

လရောင်အောက်မှာငါ့တို့ချစ်စကားတွေပြောကြတာပေါ့လမိုက်တဲ့ညတွေမှာငါတို့ရဲ့

သံယောဇဉ်မီးလုံးလေးတွေထွန်းကြတာပေါ့.မြူနှင်းတွေဝေခဲ့ပြီဆိုရင်မင်းနဲ့ငါ

ထွေးပွေ့ရင်း လမ်းလျှောက်ကြတာပေါ့.ငါထင်တယ်လေအဲဒီအချိန်ကြရင်ဒီကမ္ဘာပေါ်မှာ

ငါတို့နှစ်ယောက်ထက်ပျော်တဲ့သူရှိနိုင်မှာမဟုတ်ဘူး။

         ကျွန်တော်အတွေးတွေနဲ့မျောရင်းအမှတ်မထင်ဝင်ရောက်လာတဲ့မြောက်အရပ်ဆီက

လေနီကြမ်းတစုကကျွန်တော်ကိုတိုးဝှေ့သွားခဲ့တယ်။ကျွန်တော်ကိုဝန်းရံနေတဲ့မြူနှင်းတွေ

ခပ်ဝေးဝေးတနေရာကိုရောက်သွားခဲ့တယ်နောက်ထပ်ဝင်ရောက်လာတဲ့လေကြမ်းတွေကြောင့်

မြူနှင်းတွေကတစတစနဲ့လွင့်ပျောက်နေရတယ်။သတိရလို့ကျွန်တော်ပတ်ဝန်းကျင်ကို

ကြည့်လိုက်တော့မျက်စိတဆုံးထိမြင်နေရတဲ့သဲအပြည့်ဖုံးနေတဲ့ကန္တာရထဲမှာ

ကျွန်တော်တယောက်ထဲရပ်ရင်းနဲ့လွင့်ပျောက်သွားခဲ့တဲ့မြူနှင်းတွေနဲ့အတူကျွန်တော်ရဲ့အတွေးတို့

လည်းပါသွားခဲ့တယ်။ကောင်းကင်ယံကိုကြည့်လိုက်တော့ပူလောင်မှုတွေကိုယူဆောင်

လာနေတဲ့နေမင်းကြီးကအရောင်တဝင့်ဝင့်နဲ့ပေါ့နေမင်းကြီးဘယ်လောက်ပဲပူလောင်မှုတွေပေးပါစေ။

ကျွန်တော်ရင်ကပူလောင်မှုတွေကိုတော့ယူအေအီးရဲ့နေကအရှုံးပေးသွားရပါလိမ့်မယ်။

ဘာမှအရေးမကြီးဘူး .......လေးဖြု


ခရီးဆုံးထိ....လေးဖြူ


ကွန်ပျုတာရဲ့အချက်အလက်တွေကိုအလွယ်တကူသိ ချင်တယ်ဆိုရင်


ကျွန်တော်တို့တွေကွန်ပျူတာတစ်လုံးကိုအသုံးပြုနေပြီဆိုတာနဲ့မိမိရဲ့ကွန်ပျူတာမှာရှိတဲ့အချက်အလက်တွေ
ကိုသိထားသင့်တာတော့အမှန်ပါပဲ.။မိမိကကွန်ပျူတာကိုလဲသုံးတာမကြာသေးဘူး..မိမိရဲ့ကွန်ပျုတာရဲ့ CPU
အမျိုးအစားကဘာလဲ ၊ Prosser  Speed ကဘယ်လောက်လောက်ရှိသလဲ ၊ မားသားဘုတ်ကကဘာအမျိုးအစား
လဲစတဲ့မိမိရဲ့ကွန်ပျူတာနဲ့ပါတ်သတ်တဲ့အချက်အလက်တွေကိုအလွယ်တကူသိချင်တယ်ဆိုရင်အခုကျွန်တော်
တင်ပေးလိုက်တဲ့  CPU-Z  ကောင်လေးကအထောက်အကူပေးပါလိမ့်မယ်..။ဒီကောင်လေးကိုမိမိတို့ရဲ့ကွန်ပျူ
တာမှာ  Install လုပ်ပြီးပြီဆိုတာနဲ့မိမိတို့ကွန်ပျူတာရဲ့အချက်အလက်တွေကိုတိတိကျကျသိနိုင်မှာဖြစ်ပါတယ်..
တကယ်လဲဒီကောင်လေးကအသုံးဝင်သလို၊ဆောင်ထားသင့်တဲ့ကောင်လေးပါ..။လိုအပ်တဲ့သူတွေကတော့
အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ…။


Download  From  Ifile.it

Download   From   Mediafire 

WinRAR 4.65 Full Version



ကျွန်တော်တို့ အင်တာနက်ကနေ  Software တွေကို ဒေါင်းလော့ချတဲ့ အခါမှာ အများစုက ဖိုင်တွေကို Zip နဲ့ချုပ် တာထက်စာရင် WinRAR ကိုအသုံးများ ကြပါတယ်.. ဒါကြောင့် ကျွန်တော်တို့အနေနဲ့  ဆော့ဝဲလ်တွေကို အင်တာနက်မှာ တင်မယ်ဆိုရင် ပိုပြီးတော့ ပေါ့သွားစေဖို့ အတွက် WinRAR နဲ့ချုပ်ကြသလို ဒေါင်းလော့ချပြီးသား  Software တွေကို ဖိုင်ပြန်ဖြေတဲ့ အတွက် WinRAR ကိုအသုံးပြုကြတာ ဖြစ်ပါတယ်.. အခု ကျွန်တော် တင်ပေးလိုက်တဲ့ ကောင်လေးကတော့ Full Version လေးပါ ..ကွန်ပျူတာ အသုံးပြုသူတိုင်း WinRAR ကိုအသုံးပြုနေ ကြတာဖြစ်တဲ့အတွက် လိုအပ် မယ်လို့ထင်လို့ တင်ပေးလိုက်တာပါ .. တကယ်လို့ မိမိတို့သုံးနေတာက Full Version လေးမဟုတ်သေးဘူးဆိုရင်တော့ အခု ကျွန်တော် တင်ပေးလိုက် တဲ့ကောင်လေးကို သာအောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..

Download  From  Ifile.it


Download  From  Mediafire 


Download  From  Multiupload
ကောင်လေးငယ်မှ.............

Tuesday, October 18, 2011

1000 Photoshop Tips and Trick ( E-Book ) Hardware Installation ( မြန်မာပြန် ရှင်းလင်းချက် ) A1llustrator CS5 v15.0.0.Portable


ဒီနေ့ ရှာရင်းဖွေရင်းနဲ့ 1000 Photoshop Tips and Trick ဆိုတဲ့စာအုပ်လေး ရလာလို့ ပြန်ရှယ်ပေးလိုက်ပါတယ်..Photoshop သမားတွေအတွက်တော့ အသုံးဝင်မယ့် စာအုပ်လေးပါ.. ကျွန်တော်တို့ Tutorial တစ်ခုချင်းကို ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်.. အင်္ဂလိပ်လို ရေးထားတာဖြစ်ပေမယ့် ပုံတွေကို ကိုးကားလိုက်ရင်တော့ အဆင်ပြေပြေနဲ့ လုပ်ဆောင်တက်သွား လိမ့်မယ်လို့ထင်ပါတယ်.. လိုအပ်တဲ့သူတွေ ကတော့အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ..
Download  Ifile.it  ၊ Download MediafireDownload  Mutiupload

Revo Uninstaller Portable +( How to use movie )



အကိုတစ်ယောက်ကိုပေးဖို့၇ှိတာနဲ့တခြားသူများလိုအပ်၇င်လဲသုံးလို့၇အောင်တင်ပေးလိုက်ပါတယ်..။အခု
တင်ပေးတဲ့ကောင်လေးကတော့ Potable လေးပါ..။ကျွန်တော်ကတော့ကျွန်တော့စက်ကမလိုတဲ့ Software
တစ်ခုခုကိုဖြုတ်တော့မယ်ဆို၇င်ဒီကောင်လေးနဲ့ပဲအမြဲတမ်း Uninstall လုပ်ပါတယ်..။ပုံမှန်အားဖြင့် Control
Panel ထဲကနေသွားပြီး Uninstall လုပ်တဲ့အခါမှာကျွန်တော်တို့မသိလိုက်တဲ့ File လေးတွေ Disk တစ်ခုခုထဲ
မှာဖြစ်ဖြစ်ကျန်နေတက်ပါတယ်..။အခုဒီကောင်လေးကိုသုံးခြင်းအားဖြင့် Uninstall လုပ်တဲ့အခါမှာဘာအစအန
မှမကျန်အောင် Revo  Uninstaller လေးက၇ှင်းပေးသွားပါလိမ့်မယ်..။ဒီကောင်လေးနဲ့ဘယ်လို Uninstall
လုပ်၇မယ်ဆိုတာကိုတော့ကျွန်တော် Video File လေးနဲ့တင်ပေးထားပါတယ်…။လိုအပ်တဲ့သူများအောက်
မှာဒေါင်းလော့လင့်လေးတွေပေးထားပါတယ်..။



Downloading From Ziddu

Downloading From ifile.it

Downloading From Mediafire

Click Look To Movie
ကောင်လေးငယ်မှ...........





















#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }