Tuesday, January 31, 2012

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း


                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

(၁) The Cleaner 2012 Full + Path/Keygen


       ဒီကောင်လေးကတော့ မိမိ PC / Laptop များအတွင်းမှာရှိတဲ့ Virus / Malware / Trogans / Worms / Keyloggers /
Spyware စသည်တို့ ကို ရှာဖွေရှင်းလင်းပေးနိုင်ပါတယ်။၂၀၁၂ ထုတ်ကလေးဖြစ်ပြီး Path / Keygen ဖိုင်လေးများအသုံးချလျှက်
Full Version ပြုလုပ်အသုံးချနိုင်ပါတယ်။ ဒီနေရာလေးမှာ ယူပါ။...အာကာဖြိုးမှ....

Antivirus uninstallers collection


 














   ဒီပြသနာက တော်တော်များများ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ error တွေထဲ့မှာ အများဆုံးဖြစ်လေ့ ရှိတဲ့ အထဲ့မှာပါတဲ့ antivirus တင်ပြီး ပြန်ဖြုတ်လို့မရတာတို့ Registry မှာ ကျန်နေလို့ error ခဏခဏ တက်တာတို့ ကြားဘူးတွေ့ဘူးကြတယ် ထင်ပါတယ်။ တကယ်နော် အဲ့ Error က ချွေးပြန်တယ်။ မသိရင် ဘယ်က အစ ရှာရမှန်းမသိဘူး။ ဥပမာ AVG လို Antivirus တင်ပြီး ပြန်ဖြုတ် KIS ကို တင်ကြည့်။ Error တွေ တက်နေရော.. ဒီပြင် ဆော့ဝဲသွင်းရင်လည်း ပြသနာ ရှာနေပြန်ရော ။ ဒီအတွက် ဘာ error မှ မတက်ပဲ့ ပြန်ဖြုတ်လို့ ရတဲ့ Antivirus Uninstaller တွေပေးမယ်။ 

ငါးထောင်တန် SIM ကဒ် ရောင်းချနိုင်ရန် ရွှေပြည်တံခွန်ကုမ္မဏီက ဆက်လက်လုပ်ဆောင်သွားမည်

ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။

Monday, January 30, 2012

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရ

WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်

WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

ဂျီတော့ မှာမြန်မာစာ လေးထောင့် ပေါ်နေတာကိုပြုပြင်နည်း



ကျွန်တော်လို မသိသေးတဲ့သူတွေအတွက်ပါ ... သိတဲ့သူတော့များပါတယ် ...၊၊
ဒီလိုမျိုး လေးဖောင်းလေးတွေပေါ် နေတာကို ပြုတဲ့နည်းကလေးပါ ... တင်မယ်တင်မယ် နဲ့ မေ့နေတာပါ ဒီနေ့ သူငယ်ချင်းတစ်ယောက်ကလာမေးမှသတိရလို့ တင်ပေးလိုက်တာပါ အောက်မှာပုံလေးတွေနဲ့ ပြထားတာမို့  စာနဲ့ မရှင်းပြတော့ပါဘူးနော်

!_! ၅၀၀၀ တန်ဖုန်းသတင်းပါ !

ကျပ်၅၀၀၀ တန်ဖုန်းကိုဖြန့်ချိမည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက လုပ်ငန်းစဉ်ဆိုင်ရာများ တင်ပြသည်တို့ကိုကို ဇန်န၀ါရီ(၂၉)ရက် နံနက် ၉ နာရီခွဲက ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်းခန်းမတွင်ပြုလုပ်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်၊ အင်ဂျင်နီယာချုပ်များ၊ အခြားတာဝန်ရှိသူများတက်ရောက်ကြပြီး၊ ဖိတ်ကြားထားသောစာနယ်ဇင်းဆရာများနှင့် အခြားစာနယ်ဇင်းဆရာများလည်းတက်ရောက်လေ့လာခဲ့ကြသည်။

ထိုနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေးတင်ပြချက်ကိုထုတ်ပြန်ခဲ့ရာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ အသိပေး တင်ပြချက်

Saturday, January 21, 2012

ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း






ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ 


--၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။

ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး


ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး
Browse › Home › ဆောင်းပါး » ရေနဂါး အလှည့်ကျသော ၂၀၁၂ တရုတ်နှစ်ကူး
တရုတ်လူမျိုးတို့အတွက် အရေးကြီးဆုံးနှင့် အရှည်ကြာဆုံးဆင်နွှဲသော တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ ၂၃ ရက်တွင် စတင်ဆင်နွှဲကြမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ တရုတ်နှစ်သစ်ကူးအတွက် အလှည့်ကျသည်မှာ တရုတ်ရာသီခွင်၏ ပဉ္စမမြောက် သင်္ကေတဖြစ်သော နဂါးဖြစ်ပြီး နဂါးနက်နှစ် သို့မဟုတ် ရေနဂါးနှစ်ဟုလည်း ခေါ်ဆိုသည်။
ကမ္ဘာကိုလည်နေသော လအပေါ် အခြေပြုတွက်ချက်သည့် တရုတ် Lunar ပြက္ခဒိန်၏ ပထမဆုံးလ၏ ပထမဆုံးနေ့မှာ ဇန်န၀ါရီလ ၂၃ ရက် ဖြစ်သည်။ သို့သော် တရုတ်နက္ခတ်ဗေဒ ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သော Tiger month ၏ ပထမဆုံးနေ့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ဖြစ်ကြောင်း သိရသည်။ ယင်းပထမဆုံးလကို နွေဦးစတင်ခြင်း (Start of Spring) ဟု ခေါ်ဆိုပြီး တရုတ်စံတော်ချိန်အရ နဂါးနှစ်မှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၆ နာရီ၊ ၂၃ မိနစ်တွင် စတင်ကြောင်း ဖော်ပြထားသည်။

Friday, January 13, 2012

ခင်ညွန့်၊ ဦးမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးဌေးကြွယ်၊ ဦးပြုံးချို တို့ လွတ်မြောက်လာ


ဦး



ဦးခင်ညွန့်



ဦးခင်ညွန့်နှင့် ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ


ဦးမင်းကိုနိုင်
ဦးခွန်ထွန်းဦး

ဦးဌေးကြွယ်

ဦးပြုံးချို

နိုင်ငံတော် သမ္မတကြီး၏ စတုထ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် အကျဉ်းထောင် အချို့မှ လွတ်မြောက်အကျဥ်းသား ဦးရေမှာ

စစ်တွေ ထောင်မှ ( ၁၁ )ဦး
ပြည်ထောင်မှ ( ၄ )ဦး
ပူတာအိုထောင်မှ ( ၁၃ )ဦး
မိတ္ထီလာထောင်မှ ( ၃ )ဦး
ဘူးသီးတောင်ထောင်မှ ( ၃ )ဦး
ဗန်းမော်ထောင်မှ ( ၁၀ )ဦး
( မန္တလေးအကျဉ်းထောင်မှ ယခင် ဗိုလ်ချုပ်ခင်ညွှန့် ၏တပည့်ထောက်လှမ်းရေးဟောင်း အကျဥ်းသားများ အားလုံး ကို ယနေ့နံနက် ( ၆ ) နာရီကတည်းက လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည် )

အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာသူ ၈၂ ဦးတွင် ဆရာတော်အရှင်စန္ဒိမာ၊ အရှင်သုမန၊ အရှင်ရေ၀ရ၊ အရှင်စဏ္ဍိက စသော ဆရာတော်များပါဝင်ကြောင်းသတင်းရရှိ သည်။ ထို့အပြင် ကိုကျော်စိုး၊ အောင်ကို၊ ဝေလင်း၊ ငြိမ်းချမ်း၊ သော်ဇင်၊ စောမောင်မောင်၊ ဘိုးတော်ခင်ဝင်း၊ ဇင်မင်းရှိန် ၊ သံဃာတော်များ၊ ထောက်လှမ်းရေးဟောင်းများ၊ ဦးနေဝင်း၏ မြေးများ ပါဝင်ကြောင်းသတင်းရရှိသည်။ လွတ်မြောက်လာ သူများထဲတွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၇ ဦးပါဝင်သည်။

သာယာဝတီအကျဉ်းထောင်မှ ယနေ့နံနက်တွင် အကျဉ်းသား၂၃ဦး ၊ အကျဉ်းသူ၂ဦး လွတ်မြောက်သည်။
လွတ်မြောက်သူများထဲတွင် သီးသန့်အကျဉ်းသား ၇ဦး ၊သာမန်သီးသန့်အကျဉ်းသားတစ်ဦး ၊သာမန်သီးသန့်အကျဉ်းသူ၂ဦး ၊ထောက်လှမ်းရေးဟောင်းအကျဉ်းသား၇ဦး ၊ (နဆရ၊ နဆက )အကျဉ်းသား၈ဦးလွတ်မြောက်လာကြောင်း သာယာဝတီအကျဉ်းဦးစီးဌာနမှ စာရင်းများအရသိရသည်။

တာင်ငူထောင်မှ လွှတ်မြောက်လာသူ သီးသန့် အကျဉ်းသား ၁၁ ဦး
၁။ ဦးခွန်ထွန်းဦး
၂။ ကိုဇော်ဇော်မင်း ( ၈၈ မျိုးဆက်ကျောင်းသား )
၃။ ကိုဝင်းကို ( မိုးညို NLD )
၎။ ကိုသန်းထိုက်အောင် ( မြင်းခြံ )
၅။ ကိုမျိုးအောင် ( ခ ) အငယ်လေး
၆။ ကိုဖြိုးဇော်လတ် ( ခ ) ၀တုတ်
၇။ ကိုရဲကျော်သူ ( ခ ) ပဲပဲ
၈။ ကိုမျိုးမြင့်အောင် ( မန္တလေး )
၉။ ကိုလွီစီငြိမ်း ( လွိုင်ကော် )
၁၀။ မနော်ခေးမူ
၁၁။ မနော်လှ






သမ္မတကြီးအား ကျေးဇူးအလွန်အမင်းတင်ရှိပါ၏။

 

ဓမ္မစကြာ

(၁) သမ္မာဒိဋ္ဌိ (မှန်သောအမြင်)
(၂) သမ္မာသင်္ကပ္ပ( မှန်သောအကြံ)
(၃) သမ္မာဝါစာ (မှန်သောစကား)
(၄) သမ္မာကမ္မန္တ (မှန်သောအပြုအမူ)
(၅) သမ္မာအာဇီဝ (မှန်သောအသက်မွေးခြင်း)
(၆) သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း)
(၇) သမ္မာသတိ (မှန်သောအောက်မေ့ခြင်း)
(၈) သမ္မာသမာဓိ (မှန်သောတည်ကြည်ခြင်း) ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အကျင့်လမ်း(မဂ္ဂ) ဖြစ်သည်။








Sunday, January 1, 2012

Malwarebytes Anti-Malware PRO 1.60.0.1800

ကျွန်တော်အခု 2012 ရဲ့ အကောင်းဆုံး Antimalware ထဲက ဒုတိယမြောက်တစ်ခုဖြစ်တဲ့ Malwarebytes Anti-Malware PRO လေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော် အကောင်းဆုံး ဆိုတာတွေထဲကကို တစ်ခုခြင်းစီကို ဖြေးဖြေးခြင်းတင်ပေးသွားပါ့မယ်။ Windows 2000, XP, Vista, နဲ့ Window 7 ,32-bit နဲ့  64-bit အားလုံးကို Support လုပ်ပါတယ်။ ကျွန်တော်လည်းခဏခဏတော့ပြောခဲ့ပါတယ်။ Antivirus တစ်ခုထဲနဲ့တင် နေ့စဉ် ကျွန်တော်တို့ သုံးနေတဲ့ Internet ကလုံခြုံမှုရှိနေပြီလို့ မဆိုနိုင်ပါဘူး။ Antivirus နှစ်ခုတင်ရင်သာ ညိနိုင်ပေမယ့် ဒီလို ကောင်လေးတွေကတော့ အဆင်ပြေပါတယ်။ ကျွန်တော်ရှေ့မှာလည်း ဒါမျိုးတစ်ခု တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပဲဖြစ်ပါတယ်။ အောက်မှာ ကျွန်တော် Keygen လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.7 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော် တို့ Full Version လေးဖြစ်တာကိုပါတစ်ခါထဲ ထည့်ပြပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }