Showing posts with label window များ. Show all posts
Showing posts with label window များ. Show all posts

Wednesday, September 28, 2011

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်





ကျွန်တော်ဒီတစ်ရက်နှစ်ရက်ကို စားရေးတဲ့ဘက်ကို ပြန်လှည့်လိုက်ပါအုံးမယ်..တောင်းထားတာမေးထားလေး
တွေကို ချက်ချင်း Reply မလုပ်နိုင်သေးဘူးဆိုရင်လဲနားလည်ပေးပါအုံးလို့ပဲ အရင်ဆုံးတောင်းဆိုပါရစေခင်ဗျာ.
ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..


Windows  မတင်ခင်ဘာတွေလုပ်သင့်လဲ ?

ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ



Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ 

Tuesday, September 27, 2011

Blue Screen Error ဖြေရှင်းနည်း (၂)


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။

Windows 7 ကို USB Drive ဖြင့်အလွယ်တကူတင်နည်း


ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..

 အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..

ကျွန်တော်တို့ Windows 7 image ISO File မရှိသေးတဲ့ သူများကတော့ ဒီအောက် ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Collection ဆိုပြီး တင်ပေးထားတာ ရှိပါတယ်.. မိမိတို့ တင်ချင်တဲ့ Windows အမျိုးအစား ကိုရွေးပြီးတော့ သာဒေါင်းလော့ ချသွားလိုက်ပါ..

Windows 7 ကျွမ်းကျင်စွာ အသုံးပြုတက်စေရန်


ကျွန်တော် Windows 7 အကြောင်းကို ကျွမ်းကျင်စွာ အသုံးပြုတက်စေရန် ရည်ရွယ်ပြီ Post တွေ စတင်ရေးနေတဲ့အချိန်မှာ ကျွန်တော် စာအုပ်လေးတစ်အုပ်ရခဲ့ပါတယ်။ ဒါနဲ့ Download ချပြီ ဖတ်ကြည့်လိုက်တာ အင်္ဂလိပ်လို တစ်လုံးမှ နားမလည်တဲ့ သူငယ်ချင်း များတောင် ကျွမ်းကျင်စွာ အသုံးပြုတက်နိုင်စေတဲ့ စာအုပ်ဖြစ်ပါတယ်။ သူက ပုံလေးတွေနဲ့ စနစ်တကျ တင်ပြထားရုံးမျှမက မျှားလေးတွေကို အရောင်အသွေးနဲ့ပါ ဖန်းတီးပေးထားပါတယ်။ ဒါကြောင့် မျက်စီလည်တယ်လို့ ပြောပြောနေတဲ့ သူငယ်ချင်းများ အောက်က စာအုပ်ကို Download ချပြီ လေ့လာစေချင်ပါတယ်။ တစ်နာရီလောက် အချိန်ပေးလိုက်ရင်တောင် အတော် နားလည်ပါတယ်။ ဒါကြောင့် သူငယ်ချင်းများကို မျှဝေးပေးလိုက်တာဖြစ်ပါတယ်။


adacalladacall

Mediafire
MegaShare
Megaupload
Multiupload
ကိုမိုးထက်မြင့်မှကူးယူဖော်ပြပါသည်။

Windows 8 အကြောင်းတစ်စေ့ တစ်စောင်း



ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview  ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့  တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8  ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview  ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview  ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ်  Windows Developer Preview  ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..

Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit)x86-64 (64-bit)
Processor1 GHz x86 processor1 GHz x86-64 processor
Memory (RAM)1 GB2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space20 GB of free disk space
အပေါ်ကတော့  Windows Developer Preview  ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး..  ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }