Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Saturday, November 24, 2012

Window 7 & Vista Language Pack ချိန်းနည်း



အခု ကျွန်တော်ရေးမယ့်အကြောင်းလေးကတော့ ကျွန်တော်တို့ ဝင်းဒိုးတင်တဲ့ အချိန်မှာ အသစ်တင်ထားပေ မယ့် ကျွန်တော်တို့ Origional Window ကို ပြန်သုံးဖြစ်ကြတာများပါတယ်။ သုံးရတာလည်း အဆင်ပြေလို့ပါ။ အဓိက ကတော့ Laptop သမားတွေမှာ ကျွန်တော်တို့ နိုင်ငံအလိုက် Laptop တွေ ဝယ်တဲ့ အချိန်မှာ သူတို့နိုင်ငံ ရဲ့ဘာသာစကားတွေနဲ့ Origional Window တွေဖြစ်နေတာများပါတယ်။ အခုအစ်ကိုတစ်ယောက် ဖြစ်နေတာနဲ့ သွားတိုက်ဆိုင်နေလို့ ကျွန်တော်လည်း ရေးဖြစ်သွားတာပါ။ ကျွန်တော် တို့ အဲ့ဒီဘာသာစကားနဲ့ မသုံးချင်ပဲနဲ့ ကျွန်တော်တို့ အသုံးပြုနေကြဖြစ်တဲ့ English Language နဲ့ သုံးမယ်ဗျာ။ ကျွန်တော်တို့ ဆိုင်ကိုသွားချိန်းရင်တော့ တော်တော်တော့ ပိုက်ဆံကုန်မှာပါ။ အခုကျွန်တော်တို့ 
အလွယ်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ချိန်းကြရအောင်ဗျာ။ အောက်မှာ ကြည့်လိုက်ပါ။

ကျွန်တော်တို့ Language Pack တွေကို ဒီဆိုဒ်လေးကနေ Download ဆွဲမယ်ဗျာ။
ဒီဆိုဒ်လေးမှာ ကျွန်တော်ပြပေးထားပါတယ်။ ကျွန်တော်တို့ ဝင်းဒိုးတွေအများစုက RTM ပဲများပါတယ်။ အောက်က ပုံလေးမှာပြပေးထားပါတယ်။ Window Vista နဲ့ Window 7 အတွက် Language Pack တွေပါဝင်ပါတယ်။ ကြည့်ကြည့်လိုက်ပါ။
ဒီမှာ ကျွန်တော်တို့ Window 7 ကို အမျိုးအစားအလိုက်ရွေးပါမယ်။ အောက်မှာ ဝင်းဒိုး 7 အတွက် မျိုးရှိပါ တယ်။ မိမိတို့ စက်အမျိုးအစားအလိုက် ရွေးပေးလိုက်ပါ။ 
ကျွန်တော်အခု ဘယ်ဘက်မှာ မြှားလေးနဲ့ ပြပေးထားပါတယ်။ ကျွန်တော်တို့ Laptop 64 Bit ဖြစ်တဲ့ အတွက် ဒုတိယမြောက်ကကောင်လေးကို ရွေးလိုက်ပါတယ်။ ပြီးရင် မိမိတို့ ချိန်းလိုတဲ့ Language Pack လေးတွေကို နှိပ်လိုက်ရင် ကျွန်တော် တိုက်ရိုက်ချပေးပါလိမ့်မယ်။ Direct Links တွေဖြစ်တဲ့ အတွက် အဆင်ပြေပါတယ်။ ကျွန်တော်တို့ OS အလိုက်ခွဲပေးထားတဲ့ အတွက်လည်း အဆင်ပြေပါတယ်။ အောက်မှာ ကျွန်တော် Window 7 Home Premium 64 Bit ကို ကျွန်တော်ချိန်းထားပြီးသား အဆင်ပြေတဲ့ ကောင်လေးကို အောက်မှာ တင်ပေးထားပါတယ်။ တူတဲ့သူတွေကတော့ ဆိုဒ်မှာ သတ်သတ်ကြီး သွားမယူရအောင် တင်ပေးလိုက်တာပါ။ ကျွန်တော်ပထမဆုံးတင်နည်း  လေးပြောပြပါ့မယ်။ အောက်မှာ လည်း ကျွန်တော် Video File လေးကိုပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ Video File လေးကိုကြည့်ပြီးမှ အသုံးပြုရင်လည်းရပါတယ်။ အဆင်ပြေသလိုပေါ့ဗျာ။ ကဲကျွန်တောတို့စပြီး လုပ်ကြည့်ရအောင်ဗျာ။  အရင်ဆုံး  ကျွန်တော်တို့ Vistalizator လေး ကိုအရင် Download ဆွဲပါမယ်။ ပုံမှာကြည့်လိုက်ပါဗျာ။
ကျွန်တော်ပုံမှာ ပြထားတဲ့ အတိုင်း Download ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ Download Vistalizator ကျွန်တော် ကွင်းလေးနဲ့ ဝိုင်းပေးထားပါတယ်။ ဒီကောင်လေးကို နှိပ်ပြီး Vistalizator လေးကို အရင်ယူလိုက်ပါ။ နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ Language Pack ကို Download ဆွဲပါမယ်။ အောက် မှာကြည့်လိုက်ပါ။
ကျွန်တော်တို့ ဘယ်ဘက်က Tools လေးတွေမှာ မိမိတို့စက်အလိုက်ရွေးပေးပါ။ ပြီးရင် မိမိတို့ ချိန်းလိုတဲ့ Language Pack လေးကိုရွေးပြီး Download ဆွဲလိုက်ပါ။ ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ပထမဆုံး Download ယူထားတဲ့ Vistalizator လေးကိုအရင် Run ပေးပါမယ်။ ကျွန်တော်တို့ Run လိုက်ရင် အခုပုံစံလေးအတိုင်း ပေါ်လာပါမယ်။

ဒီမှာ ကျွန်တော် စက်ထဲမှာ လက်ရှိအသုံးပြုလို့ရတဲ့ Language တွေပါ။ ဘေးနားက Add Languages ဆိုတဲ့ နေရာလေးမှာကျွန်တော်တို့ ဒုတိယမြောက်ချထားတဲ့ Language Pack လေးကို ရွေးပေးလိုက်ပါ။ ရွေး ပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Change Language ဆိုတာလေးကို ကလစ်ပြီး ပြောင်းလိုက်ပါ ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Language ချိန်းတာလေးကို အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော် အောက်မှာ Video ဖိုင်လေးနဲ့ ထပ်ထည့်ပေးထားပါတယ်။

http://www.youtube.com/watch?v=_rnihtpJfL0&feature=player_embedded

http://www.youtube.com/watch?v=_rnihtpJfL0&feature=player_embedded#t=0s


အခုအောက်မှာ ကျွန်တော် Window 7 64 Bits အတွက် Language Pack လေးကို အောက်မှာ တင်ပေးထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေယူထားလိုက်ပါ။ ကျန်တဲ့ 32 Bits တွေနဲ့ Vista အတွက်ကတော့ မူရင်း ဆိုဒ်လေးမှာ သွားယူပေးပါဗျာ။   
Language Pack 
ကိုနေမင်းမောင်

Windows ကို Repair လုပ်ဆောင်ခြင်း










ကျွန်တော်ဒီနေ့တော့  Windows  Repair  လုပ်နည်းလေးကိုပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်..။ကျွန်တော်
အရင်တင်ခဲ့ဖူးတဲ့  ကွန်ပျူတာကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်သောနည်းလမ်းများ ထဲမှာလဲဒီနည်း
လေးကိုရေးပေးခဲ့ပြီးပါပြီ..။ဒါပေမယ့်အကြမ်းဖျဉ်းလောက်ပဲပြောသွားခဲ့တာဖြစ်တဲ့အတွက်ကွန်ပျုတာကိုစ
တင်လေ့လာခါစသူတွေအတွက်အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးဒီပို့ဒ်လေးကိုတင်ပေးလိုက်တာ
ပါ..။ဒီနေရာမှာကျွန်တော်တို့ဘာကြောင့်  Windows  Repair  လုပ်သင့်လဲဆိုတာကိုအကြမ်းဖျဉ်းလေးပြောပြ
ပေးပါမယ်..။ကျွန်တော်တို့ကွန်ပျူတာကိုသုံးတဲ့အခါမှာအသုံးပြုရတာကြာလာတာနဲ့အမျှမိမိတို့ကွန်ပျူတာရဲ့
Registry , System  ပိုင်းတွေမှာ  Error  တွေတက်လာတာနဲ့အမျှကွန်ပျူတာကိုသုံးရတာအရင်လိုစိတ်တိုင်းကျ
မှာမဟုတ်တော့ပါဘူး..။ကျွန်တော်ဆိုလဲအမြဲတမ်းကြုံပါတယ်..။တစ်ခါတစ်လေဘယ်ကနေဘယ်လိုအဖြေရှာ
ရမှန်းကိုမသိတော့ပါဘူး.။


ဒီလိုမျိုးတွေကြုံလာပြီဆိုရင်ဒီတိုင်းပဲစိတ်ညစ်ခံပြီးဆက်သုံးမလား? ဒါမှမဟုတ်  Windows  အသစ်ပဲပြန်တင် မလား ..? 

ဘာမှလုပ်စရာမလိုပါဘူး..ကျွန်တော်အခုပြောတဲ့နည်းလမ်းလေးအတိုင်း  Windows  ကို  Repair   ပြန်လုပ်  
ပေးလိုက်ပါ..။ဒါဆိုရင်တော်ရုံတန်ရုံ Error  တွေလောက်ကိုအဆင်ပြေသွားစေပါလိမ့်မယ်..။ Repair ပြန် လုပ်ပြီးပြီဆိုတာနဲWindows ကိုအရင်တုန်းကလိုပုံမှန်ပြန်သုံးလို့ရသွားပါလိမ့်မယ်..။ဒီနေရာမှာကျွန်တော် တစ်ချက်ပြောချင်တာကတစ်ချို့ကကွန်ပျုတာကိုကိုင်ပဲကိုင်တယ်ဘာဆိုဘာမှကိုမလုပ်ရဲကြပါဘူး..။ ကျွန်တော်တို့ကိုယ်တိုင်လဲကြုံဖူးခဲ့ပါတယ်..။ဒါလေးသွားလုပ်လိုက်ရင်များစက်များတစ်ခုခုဖြစ်သွားမလား ၊  ပျက်များသွားမလားဆိုတာမျိုးတွေဖြစ်ခဲ့ဖူးပါတယ်..။ဒါပေမယ့်တကယ်တမ်းစက်ပစ္စည်းဆိုတာကြောက်စရာ  မဟုတ်ပါဘူး.။ဘယ်အရာမဆိုမလုပ်ပဲနေရင်သာဘာမှမသိတာပါ..။ဒါလေးကိုလုပ်ကြည့်လိုက်
လို့ဒါကဒီလိုရှိပါလား ၊ နောက်ထပ်ဘယ်လိုနည်းလမ်းနဲ့ဆိုရင်ဘာဖြစ်နိုင်မလဲဆိုပြီးတစ်ဆင့်ဆင့်ချင်းလုပ်
ကြည့်ရင်းနဲ့ကွန်ပျူတာဆိုတာကြောက်စရာမဟုတ်ပါဘူးဆိုတာမျိုးဖြစ်စေချင်ပါတယ်..။ကျွန်တော်ကိုယ်တိုင်
လဲကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ၊ ကိုသိထားတာလေးတွေထက်အားလုံးကိုပိုပြီးသိစေချင်တက်
စေချင်တဲ့ဆန္ဒအမြဲရှိပါတယ်..။ဒါကြောင့်ကျွန်တော်တင်ခဲ့တဲ့ပို့ဒ်တွေမှာဘယ်နည်းလမ်းလေးကိုဘယ်လိုအသေး
စိတ်လေးရေးရင်တော့ပိုပြီးနားလည်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပဲအမြဲလုပ်ခဲ့ပါတယ်..။ဒါကြောင့်အခု  Repair
လုပ်နည်းလေးကိုသိပြီးဆိုတာနဲ့ချက်ချင်းလုပ်ကြည့်လိုက်ပါ..။အော်ဒါကဒီလိုလုပ်ရတာပါလားဆိုတာသိသွား
ရင်နောက်ဘယ်ချိန်ပြန်လုပ်လုပ်မမေ့တော့ပါဘူး..။အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ Windows Repair လုပ်တယ်
ဆိုတာဘာမှန်းမသိသေးတဲ့သူတွေအတွက် Repair  လုပ်နည်းလေးကိုအောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထား
ပါတယ်..။

အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာကို  Restart ချလိုက်ပါ..။ပြီးတာနဲ့ကီးဘုတ်မှ  F8 ကီးကိုအဆက်မပြတ်နှိပ်ထား
လိုက်ပါ..။ဒါဆိုရင် Advance   Boot  Options ထဲကိုရောက်သွားပါလိမ့်မယ်..။




  
အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်မိမိတို့က  Administrator  Password ပေးမထားရင်  Password 
ထည့်ပေးစရာမလိုပါဘူး..။













ပုံမှာပြထားတဲ့အတိုင်း  Restart ပေးပြီးပြီဆိုရင်တော့ Repair လုပ်ငန်းစဉ်ပြီးဆုံးပါပြီ..။ဒီလောက်ဆိုရင်တော့
Windows  Repair  လုပ်ခြင်းနဲ့ပါတ်သတ်ပြီးအတန်အသင့်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်..။

ကိုနေမင်းမောင်မှ.........

Friday, September 7, 2012

Zawgyi Font/Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း


ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...
 .. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး
...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)


Zawgyi Font/Keyboard တွေမရှိသေးရင် ဒီနေရာမှာ ကြိုက်တာရွေးပြီး ဒေါင်းယူနိုင်ပါတယ်။

ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)

Sunday, May 13, 2012

FREE SMS ပို့ နည်းလေးပါ

mm flashsongs မှာkyawthuaungရေးထာတာတွေ့ လို့ စမ်းလုပ်ကြည့်တာအဆင်ပြေပါတယ်
တချို့တွေကသဘောမပေါက်တော့အသေးစိတ်ကျွန်တော်ရေးလိုက်ပါတယ်..အရင်ဆုံးဒီလင့်ကိုသွားလိုက်ပါ။
အဲဒီအတိုင်းပေါ်လာပါလိမ့်မယ်..select country ရဲ့ရှေ့ကမျှားချွန်လေးကိုနှိပ်လိုက်ပါ
ပို့ ချင်တဲ့နိုင်ငံကိုရွေးလိုက်ပေါ့.




(1)မြန်မာကိုရွေးတယ်ဆိုရင် +ရဲ့ နောက်မှာ(2)95ပေါ်လာပါလိမ့်မယ်
(3)အောက်ဘောက်ထဲကိုကလစ်ပေးပြီးစာရိုက်လိုက်ပေါ့စာလုံးရေ၅၀၀ရေးလို့ ရပါတယ်
(4)ရေးလို့ ပြီးရင်SEND NOW ကိုကလစ်ပေးလိုက်ပေါ့ ခဏစောင့် လိုက်ပါ ပို့ ပေးပါလိမ့်မယ်
(5)အဲဒီအပေါ်မှာFREE SMS to Myanmar click Here လို့ စာတန်းက တခါတလေပေါ်တယ်
တခါတလေမပေါ်ဘူး အဲဒါကိုနှိပ်လိုက်ရင် တော့မြန်မာနိုင်ငံက942 နဲ့ စတဲ့ ဖုန်းတွေကို
ပို့ လို့ ရတယ်လို့ ပါပါတယ် ရမရတော့မသိဘူးပေါ့
ကျန်တဲ့ နိုင်ငံအားလုံးတော့ရပါတယ်။
ကျေးဇူးတင်ပါသည်............


Cafezee Software အသုံးပြုနည်း ( E-Book )



 ဒီစာအုပ်ထဲမှာ Cafezee Software အား Install လုပ်နည်း ( Saver , Client ) ၊ Sever ကွန်ပျူတာ တွင် Install လုပ်ပြီးပါက လိုအပ်သည်များကို ပြင်ဆင်ခြင်း ၊ Client Computers များတွင် Install လုပ်ပြီး ပါက လိုအပ်သည်များကို ပြင်ဆင်ခြင်း စသည်ဖြင့် အဆင့်လိုက် ရေးသားထား ပါတယ် .. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 
 



ကိုနေမင်းမောင်မှ........
 

Latop ၀ယ်မယ်ဆိုရင် အကြမ်းမျဉ်း သိထားသင့်သော အချက်များ




ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ်တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 

ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်းပြချင်ပါတယ် .. ကွန်ပျူတာနဲ့  အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည်တော့ပဲ လည်ထွတ်သွားတက် ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေးသွားပါမယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ ဖြစ်ပါတယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း


နံပါတ် ( ၁ ) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ် .. ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ ၊ အလယ်အလတ်တန်းစား ၊ ဆင်းရဲတဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက်တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ ( ဥပမာ ။  ။ ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်းသစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား ၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား )  ဒါမှမဟုတ် ဘာကြောင့် ဈေးသက်သာနေတာလည်း ( ဥပမာ ။  ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်းနေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား ၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို ) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ်နိုင်မှာ ဖြစ်ပါတယ် .. 

အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့  အခုနောက်ဆုံးပေါ်  Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေးဝယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ်ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုးအတွက် ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် .. 

အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား ၊ ရုံးလုပ်ငန်း အတွက် သုံးမှာလား ၊ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား ၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေကို ထည့်ပြီး တွေးဖို့ လိုပါတယ် .. ဒါမှသာ  မိမိလုပ်ချင်တာနဲ့ သင့်တင့် မျှတတဲ့ ပစ္စည်းမျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..

ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့  မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ်  မိသားစုတွေထဲက အဝေးရောက်နေသူ တွေရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆိုတဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်းသင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် .. 

နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်းထားပြီး အမြဲသုံးနေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီးမကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ်တန်းစားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံစံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်းသပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချမယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီပါတ်လုံး အသုံးပြုဖြစ်နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက်စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ .. ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီလိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..


နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့်တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထားသင့်ပါတယ် .. အခုနောက်ပိုင်းမှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့နေရပါပြီ .. 

အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင်ဆုံး သင့်လျော်မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် ..  တကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆိုရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေအတွက် နှိုင်းယှဉ်ပြပေးတာ ဖြစ်ပါတယ် .. 

( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း


 ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ်တော့မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor  Series  ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက်အောင် ရေးပေးသွားပါမယ် ..


နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိတို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် .. ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း  .. အောက်မှာ ဆက်သွားရအောင် ..



ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး .. ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေက Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွားတာမျိုး တွေ့ရပါလိမ့်မယ် ..

အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor

အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system


နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါမှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော်တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..

Memory

 Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte  

ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် ..  ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာမှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။  ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..

Screen

ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို  ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..


Hard disk

Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..


Optical Drive 

ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ်မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီးတော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် .. 

 Video Card 

အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် ..  Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce  ® GT 520MX 1024Mb   ၊ ATI ™ Mobility Radeon ™ HD6630 1024Mb  စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..

 
 ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour )  Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. 


ဒီပို့စ်လေးကို PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..


Download  From  Ifile.it  ၊  Download  From  Ziddu  ၊  Download  From  Sharebeast



ကိုနေမင်းမောင်မှ..ပြန်လည်မျှဝေသည်ကူးယူဖော်ပြသည်

G-talkမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်အတုံးလေးတွေပေါ်နေ လျင်

 G-talk Chat Box ထဲမှာမြန်မာဖောင့်မပေါ်ပဲလေးထောင့်
အတုံးလေးတွေပေါ်နေတာပါ။ကဲမိမိတို့စက်မှာလဲ Update ပေးမိလိုက်လို့အခုလိုမျိုးကြုံလာခဲ့ရင်တော့အောက်
ကနည်းလမ်းလေးတွေအတိုင်းသာလိုက်လုပ်ကြည့်လိုက်ပါခင်ဗျာ.......။

1.အရင်ဆုံးကျွန်တော်တို့ G-talk မှာရှိတဲ့ Setting ကိုနှိပ်လိုက်ပါ။Setting Box လေးကျလာပါလိမ့်မယ်။

2.ပြီးရင် General ထဲကနေ Change Font ကိုနှိပ်လိုက်ပါ။Font မှာ Zawgyi-one မပြောင်းရသေးရင်ပြောင်း
   ပြောင်းလိုက်ပါ။ပြီးရင် OK  ကိုနှိပ်လိုက်ပါ။




3.G-talk မှာဖောင့်ပြောင်းပြီးပြီးဆိုရင် Internet Explorer ကိုဖွင့်လိုက်ပါ။ပြီးရင် Setting ကိုသွားပါ။ညာဘက်
  ထောင့်ဆုံးလေးမှာ Setting ပုံလေးတွေ့ ရပါလိမ့်မယ်။အဲ့ဒီကောင်လေးကနေ Internet options ကိုနှိပ်လိုက်
   ပါ။



4.ဒါဆိုရင် Internet Options Box လေးကျလာပါလိမ့်မယ်။ပြီးရင်အပေါ်ကပုံမှာပြထားသလို Font ကိုနှိပ်လိုက်
   ပါ။ပြီးရင်ပေါ်လာတဲ့ Font Box လေးထဲမှာ Zawgyi-one ကိုရွေးလိုက်ပါ။

5.အပေါ်ကအဆင့်တွေအတိုင်းလုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ G-talk ကိုပြန်ဖွင့်ပြီးကြည့်လိုက်ပါ။အရင်
   အတိုင်း မြန်မာဖောင့်ကိုပြန်ပြောင်းသွားပါလိမ့်မယ်..။

အခုနည်းလမ်းလေးကိုသိခွင့်ရတဲ့အတွက် ကိုကောင်လေးငယ်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ....

Skype မှာ မြန်မာဖောင့် ပေါ်ချင်တယ် ဆိုရင်



ကျွန်တော်လည်း တက်နိုင်သလောက်လေး တွေတော့ လုပ်ပေး သွားပါမယ် .. လူက အရမ်းကြီး မကောင်းချင် သေးတော့ အဆင်မပြေလို့ပါ .. ကွန်ပျူတာ ရှေ့မှာ အာရုံစိုက်တာ များလာရင် ခေါင်းက ထိုးထိုးနေလို့ တစ်ချို့ စာဖတ်ရမဲ့ အကြောင်းအရာ တွေ ရေးပေးရမဲ့ အကြောင်း အရာတွေဆို ဘာမှ Reply မပြန်နိုင်သေးတာ နားလည်း ပေးပါခင်ဗျာ .. အခု အကိုတစ်ယောက် မေးထားလို့ Skype မှာ မြန်မာ ဖောင့် သုံးလို့ရမဲ့ နည်းလေးကို ရေးပေးသွားပါမယ် .. ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..


အရင်ဆုံး မိမိတို့ အသုံးပြုမဲ့ စကိုက်ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြာထားတဲ့ အတိုင်း Tools ကနေ Options ကိုသွားလိုက်ပါ .. 

 အောက်က အဆင့်ကို ရောက် ပြီးဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း Change font ကိုနှိပ်လိုက်ပါ ..

ပြီးရင်တော့ Font မှာ Zawgyi-One ပြောင်းပေး လိုက်ယုံပါပဲ .. ဒါဆိုရင် မြန်မာလို အဆင်ပြေသွားပါလိမ့်မယ် ..  တစ်ခု ရှိတာက ကိုယ်နဲ့ ပြောမဲ့ စကိုက်မှာလည်း မြန်မာလို ပေါ်ချင်တယ် ဆိုရင် အဲ့လို ချိန်းပေးဖို့ လိုပါလိမ့်မယ် .. 
ကိုနေမင်းမောင်မှ.....       ပြန်လည်မျှဝေပါသည်....

Thursday, February 2, 2012

Gmail Address ကို မသိစေချင်ရင်


ဒီပို့စ် ကိုဘာလို့ ရေးရသလဲဆိုရင် မြန်မာနိုင်ငံမှာ Internet သုံးစွဲသူများအနေဖြင့် မိမိရဲ့ Email တွေ က
ဘယ်မှာ ကျန်ခဲ့တယ်ဆိုတာကို မသိကျပါဘူး..။ အချို့အင်တာနက်ဆိုင် တွေမှာတော့ History တွေကို ရှင်း
လင်းထားကြပါတယ်..။ အချို့ဆိုင်တွေကတော့ မရှင်းလင်းထားပါဘူး..။ User တွေ အနေနဲ့ အဲဒီင်္အချက်ကို
သိထားသင့်ပါတယ်..။ ကျွန်တော် အပါအဝင် Internet သုံးသူ အများစုဟာ Cyber Cafe တွေမှာ သုံးတာများပါတယ်။

Tuesday, January 31, 2012

Firefox Browser တွင် Gmail, Facebook စသည့် Account များကို တစ်ခုထက်ပို၍ တပြိုင်တည်း ဖွင့်နည်း


                              Internet Browser များမှာ Gmail, Yahoo Mail, AOL Mail, Facebook စသည့်အကောင့်များကို တစ်ခုထက်ပို၍ ဖွင့်လိုပါက ပုံမှန်အားဖြင့် လက်ရှိအသုံးပြုနေသော အကောင့်မှ Sign Out လုပ်ပြီးမှသာ၊ နောက်အကောင့်တစ်ခုကို ထပ်မံဝင်ရောက်၍ Sign In လုပ်ပေးနိုင်ပါတယ်။ အကောင့်တစ်ခု ထက်ပို၍ အသုံးပြုသူများအနေနဲ့၊ နောက်အကောင့်တစ်ခုကို အသုံးပြုလိုပါက အထက်ပါအတိုင်း Sign Out လုပ်ပြီးမှ၊ Sign In ပြန်လုပ်ပေးရပါက အချိန်ပေးရခြင်း၊ အကောင့်နှစ်ခုလုံးမှ Content များကို တစ်ပြိုင်နက်တည်း အသုံးမပြုနိုင်ခြင်း၊ Built In Chatting ပါဝင်သော အကောင့်များကို တစ်ပြိုင်နက်တည်း Chatting မပြုလုပ်နိုင်ခြင်း စသော အခက်အခဲများကြုံတွေ့ရပါတယ်။ Firefox Internet Browser ကိုအသုံးပြု သူများအနေနဲ့ CookieSwap လို့ခေါ်တဲ့ Firefox Add-on ကိုအသုံးပြုပြီး၊ ၎င်းအခက်အခဲများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Monday, January 30, 2012

ဂျီတော့ မှာမြန်မာစာ လေးထောင့် ပေါ်နေတာကိုပြုပြင်နည်း



ကျွန်တော်လို မသိသေးတဲ့သူတွေအတွက်ပါ ... သိတဲ့သူတော့များပါတယ် ...၊၊
ဒီလိုမျိုး လေးဖောင်းလေးတွေပေါ် နေတာကို ပြုတဲ့နည်းကလေးပါ ... တင်မယ်တင်မယ် နဲ့ မေ့နေတာပါ ဒီနေ့ သူငယ်ချင်းတစ်ယောက်ကလာမေးမှသတိရလို့ တင်ပေးလိုက်တာပါ အောက်မှာပုံလေးတွေနဲ့ ပြထားတာမို့  စာနဲ့ မရှင်းပြတော့ပါဘူးနော်

Thursday, December 29, 2011

Network Address Translation နှင့် Proxy Server တို့ကို နှိုင်းယှဉ်လေ့လာခြင်း


RFF : Knowledge Bridge
ယနေ့ခေတ်တွင် Network မှာ မသိမဖြစ် မတတ်မဖြစ် ဘာသာ ရပ်တစ်ခု ဖြစ်လာနေပါသည်။ ကွန်ပျူတာ လေ့လာသူ လူငယ်၊ လူရွယ် တိုင်း Network ကို နားလည်ပြီး ချေချေမြစ်မြစ် သိရှိထားပါက အတတ် ပညာတစ်ခုအနေဖြင့် လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်သည်။ ခေတ်နှင့် အညီ ပေါ်ထွန်းလာသော အင်တာနက် ကဖေးများကြောင့်လည်း ကွန် ယက်နည်းပညာမှာ ပိုမိုအရောင်တောက်ပလာ ပါတော့သည်။ ထို့ကြောင့် ဆာဗာများတွင် အင်တာနက်ချိတ်ဆက်သည့် နည်းပညာ အနေအထားတို့ ကို လေ့လာသင့်၊ မှတ်သားသင့်သည်များလည်း တစတစများပြား လာရပါ သည်။ ယခု အောက်တွင် ဖော်ပြထားသော စာစုသည် ကွန်ယက်ယှက်ဖျာ မည့်သူများ မသိမဖြစ် သိရှိရမည့် NAT နှင့် Proxy Server တို့ အကြောင်းပင် ဖြစ်သည်။ Knowledge Bridge စာရှုသူများ လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။

ကွန်ပျုတာကို မြန်စေမဲ့ နည်းလမ်း(၆) မျိုး


ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီးပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကိုနည်းနည်း ပေါ့ပေါ့လေးဖြစ်သွားအောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်းလမ်း(၆)ခုပါ။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိထင်ပါတယ်နော်။
       ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၆။eventvwr ရိုက်  ပေါ်လာတဲ့ထဲက Application ကို Click ပြီးရင် clear all events ကို Click,နောက်ပြီး System ကို Click
   ပြီးရင် clear all event ကို Click ပါ။
         အဲ့လိုမျိုး ဖျက်ပြီးရင် Recycle Bin ထဲသွားပြီး(Ctrl+A)နှိပ်ပြီး (Shift+Delete) နဲ့ဖျက်ပစ်လိုက်ပါ။
         အဲ့လိုမျိုးလေး လုပ်ပြီးရင် ကွန်ပျူတာ သုံးရတာ အရင်ကထက် ပိုပြီးပေါ့သွားပါလိမ့်မယ် ခင်ဗျာ။
              အဆင်ပြေကြပါစေ နော်.....

Tuesday, December 27, 2011

နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း


http://soeeom.blogspot.com မှပြန်လည်မျှဝေမှတ်တမ်းပြုထားပါတယ်..
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။

Wednesday, December 21, 2011

VMware သုံးပြီးတော့ Virtual Window တွေလုပ်ကြရအောင် !!!

သူငယ်ချင်းတို့စက်မှာ VMware work station အရင် install လုပ်လိုက်ပါ

ကျွန်တော် ဟောဒီ Post မှာတင်ထားတဲ့window 7 Dream edition ကို သုံးပြီးတော့ Virtual window လုပ်ပြထားပါတယ်
သူငယ်ချင်းတို့ဆီမှာ၇ှိတဲ့ Window ခွေနဲ့လည်းရပါတယ်

Start >>> All Program >>> VMware >>> VMware workstation ကိုဖွင့်လိုက်ပါ
အောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ
Window 7 Ultimate Dream Edition
Window 7 Ultimate Dream Edition

Thursday, December 15, 2011

How to change Window language Interface



Cbox မှာ လာအော်သွားတဲ့   Shwepyisoe11 ရေ   ကိုလုလင်   ဆီကတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …

Control panel => Region and Language => keyboards and Languages

ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …

Internet Download Manager ကို Install ပြုလုပ်ခြင်း






Internet Download Manager ကို အင်စတောလ် လုပ်တာ အဆင်မပြေကြဘူးလို့ ပြောလာကြတာနဲ့ နောက်ထပ် Install လုပ်နည်းလေးတစ်ခုကို တင်ပြချင်ပါတယ် ။  အရင်က Internet Download Manager ကို Install လုပ်ထားပြီး Update လုပ်လိုက်မိရင် သုံးမရတော့တဲ့ ပြဿနာလေးပါ ။ များသောအားဖြင့် အောက်က ပုံလေးအတိုင်းပါပဲ 





 အဲ့လိုဖြစ်လာရင် အကောင်းဆုံးကတော့  အားလုံး Exit ပေးပြီး  IDM ကို Uninstall လုပ်ပြစ်လိုက်ပါ ။ ပြီးရင် Restart တောင်းရင် Restart ပေးလိုက်ပါ ။ အရင်ဆုံး     ဒီနေရာလေးမှာ   နောက်ဆုံး Update ဖြစ်တဲ့ Internet Download Manager 6.07 Build 14 (12/Oct/2011) ကို ဒေါင်းယူထားလိုက်ပါ ။ ဘာမှ မလုပ်သေးပါနဲ့ဦး ။ ဇာတ်လမ်းကို ဒီမှာ စ ပါမယ် ကဲ စ လိုက်ကြရအောင်

အွန်လိုင်းမှာ ကွန်ပျူတာလေးတစ်လုံးဖန်တီးကြည့်ပါ


အွန်လိုင်းသုံးသူ များ အွန်လိုင်းကွန်ပျုတာတစ်လုံး ကို အပိုင်ရအောင်လုပ်ကြည့်ကြမယ်ဗျာ. ကဲ.. ဒီလင့် ထဲကို ၀င်လိုက်ပါ. အောက်က ပုံလေးလိုတွေ့ပါလိမ့်မယ်.
ယင်းအထဲကမှ Sing up ကိုကလစ်ပါ. အောက်ကပုံလေးလိုထပ်တွေ့ပါလိမ့်မယ်.

Teamviewer နဲ့ အဝေးကကွန်ပျူတာထဲကို ၀င်ကြည့်ရအောင်


ဒီprogram လေးပေါ်နေတာတော့ ကြာပါပြီ . စာဖတ်သူ ညီလေးတစ်ယောက်ပြောလို့ တင်ပေးလိုက်တာပါ . ဒီ program ကတော့ ကျွန်တော်တို့ logmein နဲ့ အပြိုင်ပါပဲ . ဒါပေမယ့် logmein နဲ့ Teamviewer နဲ့ဆို Teamviewer က ပိုမြန်တယ်ဗျ .. အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ Teamviewer ကိုဘယ်လိုနေရာတွေမှာ သုံးသလဲကြည့်ရအောင် .. တစ်နေရာနဲ့တစ်နေရာ အလှမ်းကွာဝေးတဲ့နေရာ မှာရှိတဲ့ကွန်ပျူတာတစ်လုံးကို ဒီကနေလှမ်းပြီး အကူအညီပေးလို့ရသလို .. သင်တန်းသဘောမျိုးလဲ သင်ပေးလို့ရပါတယ် .. နောက်တစ်ခုက လုံခြုံမှု .. logmein မှာ password ကိုသိထားရင် နောက်တစ်ခါပြန်ဝင်လို့ရနိုင်ပါတယ် . ဒါပေမယ့် Teamviewer မှာတော့ မဟုတ်ပါဘူး .. ကွန်ပျူတာ Restart တစ်ခါချရင် ID နဲ့ Password တစ်လုံးပြန်ပြောင်းပါတယ် ..

(၁) ပထမဦးဆုံး http://www.teamviewer.com ကိုသွားပြီး Teamviewer ကို Download လုပ်ပါ ..
(၂) ပြီးရင် install လုပ်လိုက်ပါ ..
(၃) install လုပ်ပြီးတာနဲ့ သူက account မလုပ်ထားလဲ သုံးလို့ရပါတယ် ..
(၄) wait for session ရဲ့အောက်မှာ ID နဲ့ Password ရှိပါတယ် .. ကိုယ့်ကွန်ပျူတာကို ပေးသုံးစေချင်ရင် အဆိုပါ နှစ်မျိုးစလုံးပေးလိုက်ပါ . သူဝင်လာလို့ရပါပြီ .. ဒါပေမယ့် သူ့မှာလဲ team viewer ရှိဖို့လိုပါတယ် ..

ဘယ်လိုဝင်မလဲ
(၁) create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID ကို ရိုက်ထည့်လိုက်
(၂) remote support မှာ အမှန်ခြစ်ပေး
(၃) connect to partner ကိုနှိပ်လိုက်ပါ .
(၄) ခဏစောင့်ပြီးရင် password ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
(၅) password ကိုရိုက်ထည့်ပေးလိုက်ပါ .. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ ..

source:
ညီနေမင်း

Friday, December 2, 2011

Wi Fi အကြောင်း သိဖို့



     WiFi ကို WiFi လို့ ပဲရေးရေး ။ Wi-fi လို့ ပဲရေးရေး ၊ Wifi လို့ ပဲရေးရေး ရပါတယ်။ အတူတူပါပဲ ။ အရှည်
ကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ WiFi ရဲ့မူလပိုင်ရှင်ဟာ Wi-Fi Allance ဖြစ်ပါတယ်။ ၄င်းဟာ IEEE802.11 ရဲ့ Specifications တွေပေါ်မှာ Based လုပ်ထားတဲ့ WLAN (Wireless Local Area Network) ပဲဖြစ်ပါတယ်။ Wi-Fi ကိုဘယ်မှာအသုံးပြုကြမလဲဆိုတော့ Mobile Computing ပေါ့ဗျာ ။ Laptops တွေကို Wireless LAN ချိတ်မယ်။ ဒါပေမဲ့ အခုဒါကသိပ်မထူးဆန်းဘူးဗျ ။ ဒီထက်ပိုပြီး သုံးလာကြပြီမဟုတ်ပါလား ။
     ဥပမာ Internet အပါအ၀င် VOIP Phone Access တွေ ၊ Gaming Application တွေ ၊ အခြားသော
အခြေခံလျှပ်စစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ TV တွေ ၊ DVD တွေကိုချိတ်ဆက်တဲ့နေရာတွေမှာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ်။ ကြိုးတွေတွေ့ ကြရမှာမဟုတ်ပါဘူး ။ ဒီထက်ပိုပြီး ဖွံ့ ဖြိုးတိုးတက်လာတာပြောရဦးမလား ။ ဥပမာWi-Fi ကိုကားတွေမှာသုံးမယ် ။ ဘယ်လိုသုံးကြမလဲ ။ ၄င်း WiFi ကိုအသုံးပြုပြီး ကားရဲ့ရှေ့ ကအခြေ
အနေတွေ Statistics တွေကိုစုဆောင်းမယ် ။ တင်ပြမယ် ဒီတော့ပိုပြီးတော့ Safety ဖြစ်လာမယ် ။ ဒါကို
Intelligent Transportation System လို့ ခေါ်ပါတယ် ။ နောက်ပြီး Highway သွားနေရင်းနဲ့  Mobile
Commerce လုပ်လို့ ရပါသေးတယ် ။
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }