Wednesday, September 12, 2012

ကျွန်တော်လေးစားမိခဲ့သောအွန်လိုင်းကောင်မလေးတယောက်အကြောင်း



ကျွန်တော်ကကွန်ပြူတာမတောက်တခေါက်ပြင်တယ်ခင်ဗျ။
တနေ့တော့ကျွန်တော့်သူငယ်ချင်းတယောက်မိတ်ဆက်ပေးရင်း
ကနေ ကောင်မလေးတယောက်နဲ့ခင်မင်ခဲ့တယ်။သူ့ နာမည်က
ခင်ဝင့်ဟန်ပါလို့ မိတ်ဆက်ခဲ့တယ်။စကားစပ်မိကြရင်း
ကျွန်တော်ကွန်ပြူတာဝင်းဒိုးတင်ပေးတယ်လို့ သူငယ်ချင်းကပြောတော့
မ၀င့် ကလည်းသူ့ကွန်ပြူတာ သုံးရတာသိပ်အဆင်မပြေလို့ လာကြည့်
ပေးဖို့ ပြောခဲ့တယ်။အဲဒါနဲ့ ကျွန်တော်လည်းအားတဲ့နေ့ ချိန်းလိုက်ကြပါ
တယ်။ကွန်ပြူတာမှာသန့်ရင်းရေးဆော့ဝဲတွေမောင်းတည့်လိုက်တာအဆင်
ပြေသွားတယ်။ပြီးတာနဲ့ကျွန်တော်ကစက်စမ်းကြည့်ချင်တာနဲ့ ဂျီတော့ဝင်ကြည့်
ပါလားလို့ ပြောတော့သူဝင်လိုက်တယ်.ဂျီတော့ပွင့်လာတော့ဂျီတော့မှာ
အင်ဗိုက်လုပ်ထားတဲ့သူက၄ရာကျော်လောက်ရှိတယ်.ကျွန်တော်မေးခဲ့တယ်
ဘာလို့ လက်မခံတာလဲပြောတော့။သူ အပိုအလုပ်တွေမလုပ်ချင်ဘူးတဲ့
သူ့ အိမ်က အကောင့်ရယ်ရင်နှီးတဲ့သူငယ်ချင်း၇ယောက်ရယ်သူ့ ချစ်သူ
ရယ်ပဲထားတယ်တဲ့။သူတို့ ရောကျွန်တော်တို့ ရောနိုင်ငံခြားမှာနေကြတာပါ။
အလုပ်လုပ်နေကြတာပေါ့။အလုပ်ပိတ်တဲ့ရက်တွေမှာ
သူချစ်သူနဲ့ ချိန်းထားတဲ့အချိန်ကို စောင့်နေပါတယ်တဲ့ပြောပြီးတဲ့ အချိန်မှာ တခြား
စာဖတ်ချင်လဲဖတ်တယ်။မဖတ်ချင်လဲဇာတ်ကားကြည့်တယ်.သူရည်းစားက
လွဲပြီးတခြားဘယ်ယောက်ကျားလေးနဲ့ မှချက်တင်မထိုင်ပါဘူးတဲ့။ကျွန်တော်
သူ့ ကိုမေးခဲ့တယ်ပေါ့ မ၀င့်က သာသစ္စာတွေထားနေတာ မ၀င့် ကောင်လေးက
အဲလိုသစ္စာမရှိရင်ဘယ်လိုလုပ်မလဲမေးတော့.သူကို့ ယုံကြည်လို့ ချစ်ခဲ့တာပါတဲ့
တကယ်လို့ သူ့ ရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ခဲ့ရင်သူရဲ့ ကုသိုလ်ပါပဲတဲ့။
သူဖောက်ဖျက်တိုင်းငါလဲဒီလိုလိုက်လုပ်မယ်ဆိုတာအောင်တန်းကျပါတယ်တဲ့။
ကောင်းလိုက်တဲ့မြန်မာမလေးရဲ့အတွေးပဲလို့ စိတ်ထဲမှာတော့ချီးကြူးရင်း
ကျွန်တော်နှတ်ဆက်ပြီးပြန်ခဲ့တယ် အပြန်လမ်းကကားပေါ်မှာတော့မ၀င့်
ဆိုတဲ့ကောင်မလေးတယောက်အကြောင်းတွေးရင်းနဲ့ ပေါ့။

Friday, September 7, 2012

Zawgyi Font/Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း


ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...
 .. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး
...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)


Zawgyi Font/Keyboard တွေမရှိသေးရင် ဒီနေရာမှာ ကြိုက်တာရွေးပြီး ဒေါင်းယူနိုင်ပါတယ်။

ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }