Thursday, December 15, 2011

Teamviewer နဲ့ အဝေးကကွန်ပျူတာထဲကို ၀င်ကြည့်ရအောင်


ဒီprogram လေးပေါ်နေတာတော့ ကြာပါပြီ . စာဖတ်သူ ညီလေးတစ်ယောက်ပြောလို့ တင်ပေးလိုက်တာပါ . ဒီ program ကတော့ ကျွန်တော်တို့ logmein နဲ့ အပြိုင်ပါပဲ . ဒါပေမယ့် logmein နဲ့ Teamviewer နဲ့ဆို Teamviewer က ပိုမြန်တယ်ဗျ .. အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ Teamviewer ကိုဘယ်လိုနေရာတွေမှာ သုံးသလဲကြည့်ရအောင် .. တစ်နေရာနဲ့တစ်နေရာ အလှမ်းကွာဝေးတဲ့နေရာ မှာရှိတဲ့ကွန်ပျူတာတစ်လုံးကို ဒီကနေလှမ်းပြီး အကူအညီပေးလို့ရသလို .. သင်တန်းသဘောမျိုးလဲ သင်ပေးလို့ရပါတယ် .. နောက်တစ်ခုက လုံခြုံမှု .. logmein မှာ password ကိုသိထားရင် နောက်တစ်ခါပြန်ဝင်လို့ရနိုင်ပါတယ် . ဒါပေမယ့် Teamviewer မှာတော့ မဟုတ်ပါဘူး .. ကွန်ပျူတာ Restart တစ်ခါချရင် ID နဲ့ Password တစ်လုံးပြန်ပြောင်းပါတယ် ..

(၁) ပထမဦးဆုံး http://www.teamviewer.com ကိုသွားပြီး Teamviewer ကို Download လုပ်ပါ ..
(၂) ပြီးရင် install လုပ်လိုက်ပါ ..
(၃) install လုပ်ပြီးတာနဲ့ သူက account မလုပ်ထားလဲ သုံးလို့ရပါတယ် ..
(၄) wait for session ရဲ့အောက်မှာ ID နဲ့ Password ရှိပါတယ် .. ကိုယ့်ကွန်ပျူတာကို ပေးသုံးစေချင်ရင် အဆိုပါ နှစ်မျိုးစလုံးပေးလိုက်ပါ . သူဝင်လာလို့ရပါပြီ .. ဒါပေမယ့် သူ့မှာလဲ team viewer ရှိဖို့လိုပါတယ် ..

ဘယ်လိုဝင်မလဲ
(၁) create session အောက်က ID အကွက်မှာ ကိုဝင်ချင်တဲ့ကွန်ပျူတာရဲ့ ID ကို ရိုက်ထည့်လိုက်
(၂) remote support မှာ အမှန်ခြစ်ပေး
(၃) connect to partner ကိုနှိပ်လိုက်ပါ .
(၄) ခဏစောင့်ပြီးရင် password ရိုက်ထည့်ဖို့ အကွက်ပေါ်လာပါလိမ့်မယ် .
(၅) password ကိုရိုက်ထည့်ပေးလိုက်ပါ .. အဆင်ပြေပြေနဲ့ တစ်ဖက်ကွန်ပျူတာကို ၀င်လို့ရသွားပါပြီ ..

source:
ညီနေမင်း

Friday, December 2, 2011

Wi Fi အကြောင်း သိဖို့



     WiFi ကို WiFi လို့ ပဲရေးရေး ။ Wi-fi လို့ ပဲရေးရေး ၊ Wifi လို့ ပဲရေးရေး ရပါတယ်။ အတူတူပါပဲ ။ အရှည်
ကတော့ "Wireless Fidelity" ဖြစ်ပါတယ်။ WiFi ရဲ့မူလပိုင်ရှင်ဟာ Wi-Fi Allance ဖြစ်ပါတယ်။ ၄င်းဟာ IEEE802.11 ရဲ့ Specifications တွေပေါ်မှာ Based လုပ်ထားတဲ့ WLAN (Wireless Local Area Network) ပဲဖြစ်ပါတယ်။ Wi-Fi ကိုဘယ်မှာအသုံးပြုကြမလဲဆိုတော့ Mobile Computing ပေါ့ဗျာ ။ Laptops တွေကို Wireless LAN ချိတ်မယ်။ ဒါပေမဲ့ အခုဒါကသိပ်မထူးဆန်းဘူးဗျ ။ ဒီထက်ပိုပြီး သုံးလာကြပြီမဟုတ်ပါလား ။
     ဥပမာ Internet အပါအ၀င် VOIP Phone Access တွေ ၊ Gaming Application တွေ ၊ အခြားသော
အခြေခံလျှပ်စစ်ပစ္စည်းတွေ ဖြစ်ကြတဲ့ TV တွေ ၊ DVD တွေကိုချိတ်ဆက်တဲ့နေရာတွေမှာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ်။ ကြိုးတွေတွေ့ ကြရမှာမဟုတ်ပါဘူး ။ ဒီထက်ပိုပြီး ဖွံ့ ဖြိုးတိုးတက်လာတာပြောရဦးမလား ။ ဥပမာWi-Fi ကိုကားတွေမှာသုံးမယ် ။ ဘယ်လိုသုံးကြမလဲ ။ ၄င်း WiFi ကိုအသုံးပြုပြီး ကားရဲ့ရှေ့ ကအခြေ
အနေတွေ Statistics တွေကိုစုဆောင်းမယ် ။ တင်ပြမယ် ဒီတော့ပိုပြီးတော့ Safety ဖြစ်လာမယ် ။ ဒါကို
Intelligent Transportation System လို့ ခေါ်ပါတယ် ။ နောက်ပြီး Highway သွားနေရင်းနဲ့  Mobile
Commerce လုပ်လို့ ရပါသေးတယ် ။

ရှိသမျှ Gmail Account အားလုံးကို Browser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်


ရှိသမျှ အကောင့်တွေနဲ့  Gmail အားလုံး တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)

Destop က Icon နဲ့ Folder တွေမှာ မြန်မာလိုမပေါ်လို့ စိတ်ညစ်နေသူများအတွက်ပါ။


ကျွန်တော်က ဒီတစ်ခါ Computer တွေမှာ ZawGyi တွေလဲ ရှိရဲ့သားနဲ့ Icon တွေ Folder တွေမှာ Windows တင်ပြီးပြီးချင်း ZawGyi Font တွေထည့်ပြီးရင် Icon တွေ Folder မှာမြန်မာလိုတွေပေါ်တယ်ဆိုတာ သူငယ်ချင်းတွေ သတိထားမိကောင်းသတိထားမိပါလိမ့်မယ်။ကျွန်တော်တို့ လက်ကလိလို့ တစ်ခါတစ်လေ Icon တွေက မြန်မာလိုမပေါ်ပဲ ။။။။။။။။။ အဲ့လိုလေးတွေ ပေါ်နေတက်ပါတယ်။အောက်မှာ ပုံနဲ.တကွပြပေးထားပါတယ်ဗျာ။တစ်ခါတစ်လေ မြန်မာလိုနဲ. Flie Name တွေကို ဖတ်လို့မရလို.စိတ်ညစ်ရပါတယ်။

Thursday, December 1, 2011

ကွန်ပျူတာ Screen နှင့် လိုချင်တာလေးတွေကို ဓါတ်ပုံရိုက်ယူကြမယ်ဗျာ


မင်္ဂလာပါဗျာ
မြို့တော်သူ မြို့တော်သား အားလုံး
အခုကျွန်တော် ဆော့ဝဲ တခု မိတ်ဆက်ပေးပါမယ်ဗျာ
ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ Screen နှင့် Right Click
မပေးသော ၀က်ဆိုဒ်တွေထဲက ပုံတွေကို လိုသလို ဓါတ်ပုံရိုက်ယူလို့ရတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်ဗျာ အရမ်းသုံးရတာလွယ်ကူပြီး VZOချက်ရင်
တဖက်လူမသိအောင်Record မှတ်တမ်းတင်လို့ရတယ် ပြောတယ်ဗျ
ပြီးတော့ဆော့ဝဲ တခု ကို ရှင်းပြမယ်ဆိုရင်လည်း လမ်းညွှန်ဖို့အတွက်
ပုံလည်း ဆွဲလို့ရတယ်ဗျာ အသုံးပြုပုံ အနည်းငယ်ကို ကျွန်တော်ရှင်းပြ
ပါ့မယ်။ ကျွန်တော် အရင်က ကွန်ပျူတာကို ဓါတ်ပုံ ဘယ်လိုရိုက်ရမှန်း
မသိသေးခင်ကပေါ့ ၀ပ်ကမ်ကြီးနဲ့ ရိုက်တာ ဇောက်ထိုးထွက်လာတယ်ဗျ
ဟီးးး သူငယ်ချင်းတို့ ကျွန်တော့်လို မဖြစ်ရအောင် အောက်မှာ အသုံးပြုပုံ
ကြည့်လိုက်နော်.. ပြီးတော့ ဒေါင်းသွားပေါ့.....။
=======================================
ဆော့ဝဲပုံ
1- ကတော့ Screem တခုလုံး သို့မဟုတ် ၀က်စာမျက်နှာတခုလုံးကို ဓါတ်ပုံရိုက်တာပါ

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

aungthin စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူ
ငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြောရေးသားနေသည့် ပုဂ္ဂိုလ်တဦးဖြစ်သည်။ အ သက်
အရွယ် ထောက်လာသည့်တိုင်နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်
တတ်အောင်အကြံပေးလိုသည့်ဆန္ဒရှိနေသည်။ ရန်ကုန်မြို့မှစာရေးဆရာကြီး ဦးအောင်သင်း အား  ခေတ်ပြိုင်
ဂျာနယ် အယ်ဒီ တာချုပ်ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အထူး သဖြင့်
ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့ သို့ဖြေ
ကြားသည်။

ဖြေ။ ။ ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမသြ၀ါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ ဒီကလေးတွေ ဟာ
ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ တယ်။ ဘ၀ကိုတည်ဆောက် ကြ
တယ်ဆိုတော့ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ် လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။
နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး တယ်ဆိုပါတော့နော်။ ဘာကြောင့်လဲဆိုတော့ ကို စိန်ကျော်
လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့ အိမ်နဲ့သိပ်မခွာ
ချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြားသိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြား ထဲမှာ
သွားပြီးတော့ ဒီလိုလုပ်တဲ့အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။
အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာမေတ္တာထားမိပါတယ်။ ဒါကြောင့်  ကျနော်တို့
သူတို့ကို စကားပြောချင်တာကပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့ သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်
လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊ ဦးကြီးအဖြစ်နဲ့ကျနော် ပြောချင်တာပါ။

Friday, November 25, 2011

စာပေဟောပြောပွဲများ


ဟောပြောမှုခေါင်းစဉ်

**အထက်ပါ စာပေဟောပြောပွဲများကို စကားဝါမြေ စာကြည့်တိုက်မှနေ၍ ကူးယူဖော်ပြပါသည်။ ထို စကားဝါမြေ စာကြည့်တိုက်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ မိမိ နားထောင်ချင်သော ဟောပြောပွဲ၏ Link ကို “Right Click>Save as” လုပ်ခြင်းအားဖြင့် Download ဆွဲကာ နားထောင်နိုင်ကြပါပြီ။

Friday, November 11, 2011

ကံကောင်သူများတွင် ရှိတတ်သော "အရည်အချင်းများ"

အချို့လူများသည် ကံကောင်းသူများအဖြစ် သတ်မှတ်ခံရလေ့ ရှိကြသည်။

ထီပေါက်သည့် ကံကောင်းခြင်းမျိုး မဟုတ်ဘဲ အလုပ်လုပ်ရာ၌ ကံလိုက်တတ်ခြင်းမျိုး ၊
 အခြားသူများထက် ထူးကဲအောင်မြင်တတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ သုတေသီ မက္က(စ်)ဂွန်သာ၏ လေ့လာဆန်းစစ်မှုများအရ ကံကောင်းသည် ဆိုသူများမှာ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။

၁။မိတ်ဆွေအပေါင်းအသင်းပေါများခြင်း
၎င်းတို့သည် လူအများနှင့်ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံ နေထိုင်ရခြင်းကို
နှစ်သက်တတ်သူများဖြစ်သည်။ ဖော်ရွေသည်။ လူသူစိမ်းကို နှုတ်ဆက်ပြောဆို
လွယ်ကြသည်။ ရင်းနှီးခင်မင်တတ်သူ ၊ ရိုးသားပွင့်လင်းသူဟူသော
ဟန်ပန်သွင်ပြင်ပေါ်လွင်၍ ယင်းသွင်ပြင်ကြောင့်ပင် တစ်ဖက်သားစိတ်၌
ပြန်လည်ရင်းနှီး ခင်မင်လိုစိတ် ဖြစ်ပေါ်စေတတ်သော သူမျိုးသာ
ဖြစ်သည်။မိတ်ဆွေ အပေါင်းအသင်း ပေါများသည့်အခါ နေရာတကာ၌
မိမိကိုကူညီပေးသူများ၊ လိုက်လံဆက်သွယ်ပေးသူများနှင့် ကြုံရတတ်သဖြင့်
သူတပါးနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရသည့် လုပ်ငန်းများတွင် လည်းကောင်း၊
မိမိတဦးတည်းလုပ်ကိုင် ရသည့် လုပ်ငန်းများတွင် လည်းကောင်း အလွယ်တကူ
အောင်မြင်မှု ရတတ်ပေသည်။ ၎င်းတို့၏ အပေါင်းအသင်းပေါများခြင်းဆိုသော
အရည်အချင်းကို မသိကြသူများက ကံကောင်းသူများ ဟူ၍ တံဆိပ်ခတ်
နှိပ်တတ်ကြပေသည်။


၂။ ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်ခြင်း
ကံကောင်းသူများမှာ ရဲရဲတင်းတင်း ကံစမ်းကြသူများ ဖြစ်သည်။
ကံစမ်းခြင်း ဆိုသည်မှာ ထီထိုးသောအလုပ်မျိုးကိုမဆိုလိုပါ။
မိမိလေ့လာသိရှိထားသော အချက်အလက် အထောက်အထားများအရ
စမ်းကြည့်လျှင် အကျိုးရှိနိုင်မည်ဟု ထင်ရသည့် အလုပ်မျိုးကို
ရဲရဲတင်းတင်း ၀င်ရောက်လုပ်ကိုင်တတ်ခြင်းကို သာ ဆိုလိုပေသည်။ ကံကောင်းသည်
ကံလိုက်သည် ဆိုခြင်းမှာ ကံစမ်းကြည့်သူများ၌သာ ကြုံရနိုင်သော
အရာမျိုးဖြစ်သည်။ ထို့ကြောင့် ကံကောင်းသူဖြစ်လိုလျှင် သမားရိုးကျ
မိမိသွားနေကျ လမ်းအို လမ်းဟောင်း မှာသာ တွယ်ကပ်မနေဘဲ လမ်းသစ်ထဲသို့
ဝင်ကြည့်ရဲရမည်။ သိသာထင်ရှားသည့် အခွင့်ရေးကို မြင်လျှင် မိမိ
မလုပ်ဖူးသေးသည့် အလုပ်သစ်ထဲသို့ပင် စွန့်စားဝင်ရောက်ရဲရသည်။ သို့သော်
ရဲရင့်ခြင်း နှင့် ရမ်းခြင်းကိုတော့ ခွဲခြား သတိထားတတ်ဖို့
လိုပါသည်။ထို့ကြောင့် ဥာဏ်နှင့်ယှဉ်သော ရဲတင်းမှုမျိုး
ဖြစ်ရန်အရေးကြီးပါသည်။

၃။ ဆုံးရှုံးမှုမကြီးမားအောင်ထိန်းတတ်ခြင်း
လုပ်ငန်းမှန်သမျှသည် အနည်းနှင့်အများ စွန့်စားရသည်ချည်း ဖြစ်သည်။ ရာနုန်းပြည့် သေချာသော
အလုပ်ကိုမှ စောင့်၍ လုပ်မည်ဆိုလျှင် သင့်တစ်သက်လုံး ဘာအလုပ်မှ
လုပ်ခွင့်ကြုံတော့မည် မဟုတ်ပေ။ထို့ကြောင့် ဖြစ်နိုင်ခြေ အလားအလာကို
ကြည့်ကာ အောင်မြင်နိုင်သည့်ဘက်က အလေးသာလျှင် ရဲရဲတင်းတင်း
ကံစမ်းလုပ်ကိုင် ကြည့်ပါက ကံကောင်းသူဖြစ်နိုင်သည့် အခွင့်အရေးနှင့်
ကြုံရနိုင်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ထိုသို့ ကံစမ်းကြည့်ရာတွင်
ကံကောင်းခွင့်နှင့် မကြုံဘဲ ကံဆိုးနှင့်လည်း
ကြုံရနိုင်ပေသည်။ထိုအခါမျိုးတွင် အရေးကြီးသည့်အချက်မှာ ကံဆိုးကို
လျှင်လျှင်မြန်မြန် စွန့်ပစ်ဖို့ပင် ဖြစ်သည်။ကံကောင်းသည် ဆိုသူများသည်
ကံဆိုးကို လျှင်မြန်စွာ စွန့်ပစ်တတ်ကြသူများဖြစ်၍ ကံဆိုးသည်ဆိုသူများသည်
ကျရောက်လာသည့် ကံဆိုးမှုကို လက်ထဲတွင် ကြာရှည် သိမ်းဆည်းထားတတ်သူများ
ဖြစ်ချေသည်။ရဲရဲတင်းတင်း လုပ်တတ်သူများ (၀ါ) ကံစမ်းရဲသူများသည်
လုပ်ငန်းတစ်ခု စမ်းသပ်လုပ်ကိုင်ကြည့်ပြီး အောင်မြင်မှုမရှိသည်ကို
တွေ့ရသည်နှင့် တစ်ပြိုင်နက် ယင်းလုပ်ငန်းမှ အဆုံးအရှုံးမကြီးမားမီပင်
မြန်မြန်ဆန်ဆန် စွန့်လွတ်ကာ လုပ်ငန်းသစ်သို့ ကူးပြောင်းတတ်ကြ၍
မရဲတင်းသူများမှာမူ အလုပ်တစ်ခုကို အလွယ်တကူ မစွန့်လွတ်ရဲဘဲ
ပြန်ကောင်းလာနိုး မျှော်ကိုးစောင့်စားရင်း ပို၍ပို၍ ဆုံးရှုံးရတတ်ခြင်း
ဖြစ်သည်။

၎။ ကြုံရမည့်ပြသနာအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်း
လုပ်ငန်း၌ ကံကောင်းတတ်သူများသည် ရဲဝင့်စွန့်စား လုပ်ဆောင်တတ်သူများ ဖြစ်သည်ဟု
ဆိုခဲ့ပါသည်။ ၎င်းတို့သည် ဖြစ်နိုင်ချေရှိသည့် အလုပ်မျိုးတွင်မှ
စွန့်စားလုပ်ဆောင်တတ်သူများ (၀ါ) ဥာဏ်နှင့်ယှဉ်၍ စွန့်စားတတ်သူများ
ဖြစ်သည်ဟူ၍လည်းဆိုခဲ့ပါသည်။၎င်းပုဂ္ဂိုလ်များနှင့် ပါတ်သက်၍ နောက်ထပ်
မှတ်သားသင့်သည့် အချက်မှာ ၎င်းတို့သည်အောင်မြင်နိုင်သည့် အလားအလာကို
မျှော်ကိုးပြီး စွန့်စားကြသည်ဆိုသော်လည်းအမြဲအကောင်းကိုသာမျှော်လင့်စောင့်စားနေကြသူများ
မဟုတ်ဟူသော အချက်ဖြစ်သည်။စွန့်စားသူ ဖိုးကံကောင်းများသည် မိမိတို့
စွန့်စားဆောင်ရွက်မည့်လုပ်ငန်း၌ ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှု
အန္တရာယ်များကို ကြိုတင်တွက်ဆကာအကယ်၍ ဆုံးရှုံးရပါကလည်း
ယင်းဆုံးရှုံမှုဒါဏ်ကို မိမိ ခံနိုင်သည်ဟုသေချာပြီးမှသာ စွန့်စားတတ်ကြစမြဲ
ဖြစ်သည်။ထို့ကြောင့် ၎င်းတို့အနေနှင့်ဆုံးရှုံသည့် အခါ၌လည်း အရှုံးကြီးမရှုံးပဲ
ပြန်လည်နာလန်ထူနိုင်သည့် အခြေအနေမျိုး ၊နောက်ထပ် အလုပ်သစ်တစ်ခု
ဆက်လက်ဆောင်ရွက်နိုင်သည့်အခြေအနေမျိုး သာ အမြဲရှိကြပေသည်။
မိမိပတ်ဝန်းကျင်ရှိ ကံကောင်းသည် အပြောခံရသူများ၊ ကံဆိုးသည်
အပြောခံရသူများကို အထက်တွင် ဖော်ပြခဲ့သည့် အချက်များဖြင့်
ချိန်ထိုးစိစစ်ကြည့် သင့်ပါသည်။ သုတေသီ ဂွန်သာ၏ တွေ့ရှိချက်များနှင့်
သင့်စိစစ်ချက်တို့ တိုက်ဆိုင် ကိုက်ညီနေပြီဆိုပါက သင့်အနေနှင့်လည်း
မိမိကိုယ်တိုင် ကံကောင်းသူတစ်ဦးဖြစ်အောင် လုပ်ဆောင်ရန် အစီအစဉ်များ
ချမှတ်ဆောင်ရွက်ဖြစ်လာပါလိမ့်မည်။

* လောက၌ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရန် ကြိုးပမ်းကြသူများသာ 
ပေါက်မြောက် အောင်မြင်ကြစမြဲ ဖြစ်ပါသည်။*

Tuesday, November 1, 2011

ဘလော့ရေးသူကျွန်တော်

အလုပ်တွေများနေလို့ခဏနားနေပါတယ်။အေးချမ်းတဲ့နေတွေမှာရေးဖြစ်မှာပါ။
.............မင်းနိုင်........
#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }