Friday, October 28, 2011

Flash Album လေးတွေ အလွယ်တကူလုပ်ရအောင်ဗျာ။





ကျွန်တော်တို့ ဒီတစ်ခါ ဓါတ်ပုံ Album လေးတွေကို Flash လေးတွေနဲ့လုပ်မယ်ဗျာ။ အသုံးပြုရတာလည်း
လွယ်ပါတယ်။ ကောင်မလေးရှိတဲ့သူငယ်ချင်းများအတွက်ကတော့ ဒီကောင်လေးနဲ့ Album လေးကို 
Flash Song လေးလုပ်ပြီး ပို့ပေးလို့လဲရတာပေါ့ဗျာ။ တစ်ပုံခြင်းစီကို နောက်ခံ Background လေးနဲ့
ပြောင်းပြီးလုပ်ပေးလို့ရပါတယ်။ နည်းနည်းလေးတော့စိတ်ရှည်ရမှာပေါ့ဗျာ။  .swf ဖိုင်နဲ့တင်သာမကပဲ
Html code လေးနဲ့ပါ Save ပေးလို့ရပါတယ်။ကျွန်တော်ကတော့ ရှုခင်းပုံလေးတွေနဲ့လုပ်ထားပါတယ်။
အောက်မှာပုံလေးပြပေးထားပါတယ်။တော်တော်လေးကို ချစ်စရာလည်းကောင်းပါတယ်။မိမိတို့လိုတဲ့
Album တွေကိုလည်း အင်တာနက်ကနေတစ်ခါတည်း ယူသုံးလို့လဲရပါတယ်။ဖိုင်ဆိုဒ်က 16.4 MB ပါ။
ကျွန်တော်လည်း ဒါလေးကိုတော်တော်လေးသဘောကျလို့ပြန်မျှပေးလိုက်တာပါ။နောက်ထွက်တဲ့ 
Update လေးပါပဲ။ တစ်ပုံခြင်းစီမှာ မိမိတို့လိုချင်တဲ့ Title လေးတွေ Text လေးတွေလည်းထည့်ပေးလို့
ရပါတယ်။  Flash လေးတွေကိုလည်းမိမိတို့နှစ်သက်သလိုထည့်ပေးလို့ရပါတယ်။
 ကျွန်တော်အောက်မှာနှစ်နေရာခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်လေးတွေကနေယူသွားလိုက်
ပါဗျာ။သူ့အတွက် Activator လေးပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ သုံးကြည့်လိုက်ပါဗျာ။

Downloading from ifile.it

Downloading from mediafire
နေမင်းမောင်မှ..............

Thursday, October 20, 2011


တောင်းပန်ပါတယ်..အောင်လ


Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ


Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။
အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ၀မ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။

Hardware တွေပုံမှန်အလုပ် လုပ်ရဲ့လား


မိတ်ဆွေ အပေါင်းအသင်းတို့ ရဲ့ ကွန်ပျူတာမှာ
တပ်ဆင်ထားတဲ့ Hardware ကောင်းစွာ
အလုပ်လုပ်ခြင်း
ရှိမရှိ ကြည့်ရှုတဲ့ နည်းလေးပါ အလွန်အသုံးဝင်မယ်လို့
ထင်ပါတယ်ဗျာ
ပထမဆုံး Run box မှာ “ devmgmt.msc” လို့ ရိုက်ထည့် ပြီး
enter ခေါက်ပါ
Device Manager ဆိုတဲ့ box အခုလိုကျလာ ပါမယ်
အခုဆိုရင်တော့ သင်ရဲ့ ကွန်ပျူတာမှာ
ချိတ်ဆက်အသုံးပြုထားတဲ့
Hardware တွေ ပုံမှန်အလုပ်လုပ် ရဲ့လားဆိုတာ ကို
တွေ့မြင်နိုင်ပါပြီ
အဲဒီမှာ တစ်ခုခု ချို့ယွင်းနေရင် “ ? “ ပုံစံနဲ့ ပြနေမှာပါ
Scan (or) or reinstall ပြုလုပ်ခြင်းအားဖြင့်
ဖြေရှင်းနိုင်ကြောင်းပါဗျာ

Facebook Online Friend များကို Gmail Window မှာ စကားပြောနိုင်ဖို့


သင်၏ Gmail Window မှနေ၍ Facebook IM Chat ကိုအသုံးပြုခါ Facebook Online
တွင်ရှိနေသော သူများနှင့် တိုက်ရိုက် Chat
နိုင်ပါတယ်။ထိုသို့ပြုလုပ်နိုင်ရန် Facebook IM Chat gadget ကိုသင့် Gmail
မှာထည့်သွင်းရပါမယ်။ပထမဆုံး သင်၏ Gmail ကို login လုပ်ပါ။
ပြီလျှင် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Settings ကိုနှိပ်ပါ။ Gadgets ဆိုတဲ့
sub menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကို
အရင်သွားပါ။ ထို့နောက် Labs menu အောက်တွင်ရှိသော Add any gadget by URLကို
Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs
menu ရဲ့အောက်ဆုံးမှာ ရှိပါတယ်။ ပြီးလျှင် Gadgets menu ကို
Setting menu ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add agadget
by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်ကURL လိပ်စာကို copy ကူးပြီးထည့်ပါ။

Wednesday, October 19, 2011

ဆောင်းတမနက်ရဲ့အိမ်မက်

    ကောင်းကင်ပြင်တခုလုံးမှာမြူနှင်းတွေဝေ့ဆိုင်းနေတဲ့တမနက်.

အဲဒီမနက်မှာကျွန်တော်အတွေးတွေနဲ့မျောခဲ့ရတာပေါ့။

တောင်အရပ်ဆီကလေအေးတွေနဲ့အတူသယ်ဆောင်လာတဲ့အလိပ်လိုက်အလိပ်လိုက်မြူခိုးငွေ့

တွေဟာတဖြည်းဖြည်းကျွန်တော်နဲ့အနီးဆုံးကိုရောက်လာခဲ့တယ်.အစမှာတော့တော်တော်

ဝေးဝေးအရာဝတ္ထုတွေကိုမြင်နေရတယ်လောဘကြီးတဲ့နှင်းထုကအဝေးကအရာတွေကို

တဖြည်းဖြည်းမှေးမှိန်ပြီးပျောက်ကွယ်သွားခဲ့တယ်။နောက်ဆုံးကျွန်တော်ပတ်လည်က

အရာဝတ္ထုတွေကိုမမြင်နိုင်တော့ပဲကျွန်တော်တယောက်တည်းရှိတဲ့အလားနှင်းထုထဲမှာရောက်

ခဲ့ပါတယ်။ကျွန်တော်မြူနှင်းတွေကြားမှာအတွေးတွေပြန့်လွင့်ရင်းနဲ့...အော်.ဒီအချိန်..

သူနဲ့ငါနှင်းတွေကြားမှာသွားနေရရင်ပျော်စရာကောင်းမှာပဲလို့တွေးမိလိုက်တဲ့အချိန်မှာ

မြူနှင်းတွေရဲ့ရိုက်ခတ်မှုကြောင့်အေးချမ်းနေတဲ့ကျွန်တော့်ရင်မှာနွေးထွေးမှုတွေနဲ့

ရင်တွေခုန်ခဲ့ပါတယ်။ မင်းသာငါ့အနားမှာရှိရင်င့ါရင်တွေပိုပြီးနွေးထွေးမှာပဲလို့တွေးမိတယ်.

အေးချမ်းတဲ့မြူနှင်းတွေကြားမှာငါလေမင်းကိုထွေးပွေရင်းနဲ့ပျော်ရွှင်စရာစကားတွေပြော

ကြရင်းမင်းအတွက်နွေးထွေးမှုတွေပေးရင်းငါတို့နှစ်ယောက်လူတွေနဲ့ဝေးတဲ့တနေရာမှာ

ပျော်ရွှင်စရာချစ်အိမ်တခုတည်ဆောက်ကြတာပေါ့.အဲဒီအိမ်ထဲမှာအကြင်နာတွေအပြည့်

ထည့်ထားတဲ့ဧည့်ခန်းဆောင်တခု.မေတ္တာတွေနဲ့ထုံမွှမ်းထားတဲ့အိပ်ဆောင်စေတနာတွေ

အပြည့်နဲ့မီးဖိုခန်းတခုပါတဲ့အိမ်လေးမှာအတူနေထိုင်သွားဖို့မျော်လင့်မိတယ်။အခန်းတိုင်း

အခန်းတိုင်းမှာမင်းရဲ့ယုယမှုတွေနဲ့အရောင်ချယ်သထားမယ်။သောကတွေမရှိတဲ့ငါတို့ရဲ့

အချစ်အိမ်လေးမှာသံယောဇဉ်မီးရောင်တွေနဲ့တောက်ပအောင်ပြင်ဆင်ပြီးဘဝတခုကို

အေးချမ်းပျော်ရွှင်စွာမင်းနဲ့ငါလက်တွဲရင်းလျှောက်ကြတာပေါ့.ငါမြင်ယောင်နေတယ်

အဲဒီအချိန်မှာပီတိတွေဖုံးလွှမ်းနေတဲ့မင်းရဲ့အပြူံးတွေကနေ့သစ်နေ့သစ်တွေကိုနှိုးထစေမဲ့နှိုး

စက်တခုအဖြစ်.တို့ကိုတက်ကြွနေစေမှာပါ။မင်းရဲ့ဂရုဏာအပြည့်နဲ့အသံတွေကတို့ကိုအချိန်မှန်

အိပ်ပျော်သွားစေမဲ့အိပ်ဆေးတခုပါပဲ။လသာတဲ့ညတွေဆိုငါတို့ရဲ့အချစ်အိမ်လေးကထွက်ပြီး

လရောင်အောက်မှာငါ့တို့ချစ်စကားတွေပြောကြတာပေါ့လမိုက်တဲ့ညတွေမှာငါတို့ရဲ့

သံယောဇဉ်မီးလုံးလေးတွေထွန်းကြတာပေါ့.မြူနှင်းတွေဝေခဲ့ပြီဆိုရင်မင်းနဲ့ငါ

ထွေးပွေ့ရင်း လမ်းလျှောက်ကြတာပေါ့.ငါထင်တယ်လေအဲဒီအချိန်ကြရင်ဒီကမ္ဘာပေါ်မှာ

ငါတို့နှစ်ယောက်ထက်ပျော်တဲ့သူရှိနိုင်မှာမဟုတ်ဘူး။

         ကျွန်တော်အတွေးတွေနဲ့မျောရင်းအမှတ်မထင်ဝင်ရောက်လာတဲ့မြောက်အရပ်ဆီက

လေနီကြမ်းတစုကကျွန်တော်ကိုတိုးဝှေ့သွားခဲ့တယ်။ကျွန်တော်ကိုဝန်းရံနေတဲ့မြူနှင်းတွေ

ခပ်ဝေးဝေးတနေရာကိုရောက်သွားခဲ့တယ်နောက်ထပ်ဝင်ရောက်လာတဲ့လေကြမ်းတွေကြောင့်

မြူနှင်းတွေကတစတစနဲ့လွင့်ပျောက်နေရတယ်။သတိရလို့ကျွန်တော်ပတ်ဝန်းကျင်ကို

ကြည့်လိုက်တော့မျက်စိတဆုံးထိမြင်နေရတဲ့သဲအပြည့်ဖုံးနေတဲ့ကန္တာရထဲမှာ

ကျွန်တော်တယောက်ထဲရပ်ရင်းနဲ့လွင့်ပျောက်သွားခဲ့တဲ့မြူနှင်းတွေနဲ့အတူကျွန်တော်ရဲ့အတွေးတို့

လည်းပါသွားခဲ့တယ်။ကောင်းကင်ယံကိုကြည့်လိုက်တော့ပူလောင်မှုတွေကိုယူဆောင်

လာနေတဲ့နေမင်းကြီးကအရောင်တဝင့်ဝင့်နဲ့ပေါ့နေမင်းကြီးဘယ်လောက်ပဲပူလောင်မှုတွေပေးပါစေ။

ကျွန်တော်ရင်ကပူလောင်မှုတွေကိုတော့ယူအေအီးရဲ့နေကအရှုံးပေးသွားရပါလိမ့်မယ်။

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }