ကျွန်တော်အခု 2012 ရဲ့ အကောင်းဆုံး Antimalware ထဲက ဒုတိယမြောက်တစ်ခုဖြစ်တဲ့ Malwarebytes Anti-Malware PRO လေးကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော် အကောင်းဆုံး ဆိုတာတွေထဲကကို တစ်ခုခြင်းစီကို ဖြေးဖြေးခြင်းတင်ပေးသွားပါ့မယ်။ Windows 2000, XP, Vista, နဲ့ Window 7 ,32-bit နဲ့ 64-bit အားလုံးကို Support လုပ်ပါတယ်။ ကျွန်တော်လည်းခဏခဏတော့ပြောခဲ့ပါ တယ်။ Antivirus တစ်ခုထဲနဲ့တင် နေ့စဉ် ကျွန်တော်တို့ သုံးနေတဲ့ Internet ကလုံခြုံမှုရှိနေပြီလို့ မဆိုနိုင်ပါဘူး။ Antivirus နှစ်ခုတင်ရင်သာ ညိနိုင်ပေမယ့် ဒီလို ကောင်လေးတွေကတော့ အဆင်ပြေပါတယ်။ ကျွန်တော်ရှေ့မှာလည်း ဒါမျိုးတစ်ခု တင်ပေးခဲ့ပြီးပါပြီ။ ဒါကတော့ နောက်ဆုံးထွက်လာတဲ့ Update လေးပဲဖြစ်ပါတယ်။ အောက်မှာ ကျွန်တော် Keygen လေးပါထည့်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 10.7 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော် တို့ Full Version လေးဖြစ်တာကိုပါတစ်ခါထဲ ထည့်ပြပေးထားပါတယ်။ အဆင်ပြေပါစေဗျာ။Sunday, January 1, 2012
Malwarebytes Anti-Malware PRO 1.60.0.1800
Friday, December 30, 2011
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား
ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များမင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များအဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များအဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင် သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။
Thursday, December 29, 2011
Network Address Translation နှင့် Proxy Server တို့ကို နှိုင်းယှဉ်လေ့လာခြင်း
ယနေ့ခေတ်တွင် Network မှာ မသိမဖြစ် မတတ်မဖြစ် ဘာသာ ရပ်တစ်ခု ဖြစ်လာနေပါသည်။ ကွန်ပျူတာ လေ့လာသူ လူငယ်၊ လူရွယ် တိုင်း Network ကို နားလည်ပြီး ချေချေမြစ်မြစ် သိရှိထားပါက အတတ် ပညာတစ်ခုအနေဖြင့် လုပ်ကိုင် စားသောက်နိုင်မည် ဖြစ်သည်။ ခေတ်နှင့် အညီ ပေါ်ထွန်းလာသော အင်တာနက် ကဖေးများကြောင့်လည်း ကွန် ယက်နည်းပညာမှာ ပိုမိုအရောင်တောက်ပလာ ပါတော့သည်။ ထို့ကြောင့် ဆာဗာများတွင် အင်တာနက်ချိတ်ဆက်သည့် နည်းပညာ အနေအထားတို့ ကို လေ့လာသင့်၊ မှတ်သားသင့်သည်များလည်း တစတစများပြား လာရပါ သည်။ ယခု အောက်တွင် ဖော်ပြထားသော စာစုသည် ကွန်ယက်ယှက်ဖျာ မည့်သူများ မသိမဖြစ် သိရှိရမည့် NAT နှင့် Proxy Server တို့ အကြောင်းပင် ဖြစ်သည်။ Knowledge Bridge စာရှုသူများ လေ့လာနိုင်စေရန် ရည်ရွယ်ပါသည်။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ အကြောင်းသူငယ်များသိစေဖို့
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ကွန်ပျုတာကို မြန်စေမဲ့ နည်းလမ်း(၆) မျိုး
ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
၆။eventvwr ရိုက် ပေါ်လာတဲ့ထဲက Application ကို Click ပြီးရင် clear all events ကို Click,နောက်ပြီး System ကို Click
ပြီးရင် clear all event ကို Click ပါ။
အဲ့လိုမျိုး ဖျက်ပြီးရင် Recycle Bin ထဲသွားပြီး(Ctrl+A)နှိပ်ပြီး (Shift+Delete) နဲ့ဖျက်ပစ်လိုက်ပါ။
အဲ့လိုမျိုးလေး လုပ်ပြီးရင် ကွန်ပျူတာ သုံးရတာ အရင်ကထက် ပိုပြီးပေါ့သွားပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေကြပါစေ နော်.....
Wednesday, December 28, 2011
Ubuntu OS အသုံးပြုသူများအတွက် အကူအညီ ပေးနေသည့် LoCo Team နှင့် တွေ့ဆုံမေးမြန်းခြင်း
http://news.yatanarpon.com.mm/cp/internetjournal မှကူးယူဖော်ပြလိုက်ပါတယ်...

လက်ရှိအချိန်မှာ Ubuntu OS ကို ရုံး၊ ကုမ္ပဏီနဲ့ စက်ရုံများမှာ အသုံးပြုလာကြသလို အိမ်သုံးအဖြစ်လည်း အလွယ်တကူ သုံးစွဲနိုင်တဲ့ အတွက် Ubuntu OS ဟာ လူကြိုက်များတဲ့ Operation System တစ်ခုဖြစ်လာ ပါတယ်။ Ubuntu ဆိုတာ အာဖရိကန် ဘာသာစကားနဲ့ လူသားချင်း စာနာ ထောက်ထားမှုလို့ အဓိပ္ပာယ် ရပါတယ်။ အခမဲ့ သုံးစွဲနိုင်တဲ့ Operation System တစ်ခု ဖြစ်တာနဲ့ အညီ Application တွေကိုလည်း အခမဲ့ ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေမှာ Ubuntu OS နဲ့ ပတ်သက်တဲ့ installer များ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ဖို့ အတွက် နိုင်ငံအချို့မှာ LoCo Team လေးတွေ ရှိကြပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာလည်း Ubuntu အသုံးပြုသူတွေ အတွက် လိုအပ်တဲ့ အကူအညီများနဲ့ ပြဿနာများကို ဝိုင်းဝန်း ဖြေရှင်းပေးနိုင်ဖို့ အတွက် LoCo Team ကို ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် Ubuntu OS နဲ့ ပတ်သက်ပြီး အထောက်အကူပေးမယ့် LoCo Team အဖွဲ့က တာဝန်ရှိသူတွေနဲ့ သူတို့ အဖွဲ့အကြောင်းကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
Tuesday, December 27, 2011
နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။
Wednesday, December 21, 2011
VMware သုံးပြီးတော့ Virtual Window တွေလုပ်ကြရအောင် !!!
သူငယ်ချင်းတို့စက်မှာ VMware work station အရင် install လုပ်လိုက်ပါ
ကျွန်တော် ဟောဒီ Post မှာတင်ထားတဲ့window 7 Dream edition ကို သုံးပြီးတော့ Virtual window လုပ်ပြထားပါတယ်
သူငယ်ချင်းတို့ဆီမှာ၇ှိတဲ့ Window ခွေနဲ့လည်းရပါတယ်
Start >>> All Program >>> VMware >>> VMware workstation ကိုဖွင့်လိုက်ပါ
အောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ


ကျွန်တော် ဟောဒီ Post မှာတင်ထားတဲ့window 7 Dream edition ကို သုံးပြီးတော့ Virtual window လုပ်ပြထားပါတယ်
သူငယ်ချင်းတို့ဆီမှာ၇ှိတဲ့ Window ခွေနဲ့လည်းရပါတယ်
Start >>> All Program >>> VMware >>> VMware workstation ကိုဖွင့်လိုက်ပါ
အောက်ကပုံလေးတွေကြည့်ပြီး လိုက်လုပ်ကြည့်ပါ
Tuesday, December 20, 2011
တွေ့ထားသမျှ Portable ဆော့ဝဲတွေကိုတင်ပေးလိုက်ပါတယ်
Portable က install လုပ်စရာမလိုဘူးဆိုတော့စိတ်ချလက်ချဒေါင်းလို့ရတာပေါ့ဗျာ
ဆော့ဝဲလေးကဘာထူးလဲဘာလုပ်နိုင်လဲမသိရင် Home Page သွားလေ့လာနိုင်ပါတယ်
ACDSee Pro v5.1.137 Final Portable | 120 Mb
Download : http://filepost.com
Home Page - http://www.acdsee.com
Saturday, December 17, 2011
ဓာတ်ပုံ Slide Show လေးတွေကို အလွယ်တူ လုပ်ချင်သူများအတွက်
သူငယ်ချင်း တစ်ယောက်ကလည်း ဟိုနေ့က လာတောင်းနေတာနဲ့ ဒီနေ့ ဒီကောင်လေးကို တွေ့လို့ သုံးချင်တဲ့ သူတွေအတွက် ပြန်ရှယ် ပေးလိုက်ပါတယ် .. ပြီးတော့ Ashampoo ကထုတ်တာ ဆိုတော့ ကျွန်တော် အကြိုက်တွေကတာလည်း ပါပါတယ် .. ဒီကောင်လေးက အသုံးပြုရတာလည်း လွယ်သလို Key ဖိုင်လေးကို Double Click လေးပေးလိုက်ယုံနဲ့ Registery ထဲမှာ Key ထည့်ပြီးသွား ဖြစ်သွားတာ ဆိုတော့ Crack တို့ Patch ဆို့ကို မသုံးတက်တဲ့ သူတွေ အတွက် ပိုပြီးတော့လည်း အဆင်ပြေစေပါတယ် .. ပြီးရင် .avi , .mpg , .m2ts , .wmv စတဲ့ File type တွေကို အလွယ်တကူ ပြန်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ် .. အခွေ Burn ချင်တယ်ဆိုရင်လည်း Burn a disc ကနေပြီး တစ်ခါတည်း တန်းပြီး Burn လို့ရပါတယ် .. သုံးကြည့်ပေါ့ဗျာ .. သုံးနည်းလွယ်လို့ ရေးမပေးတာပါ .. ဘာမှမခက်ပါဘူး .. မြန်မာဖောင့်လည်း သုံးလို့ရပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ယူသွားလိုက်ပါ ..
Download From Mediafire ကိုနေမင်းမှ.........


