???????
Friday, July 24, 2015
Wednesday, July 23, 2014
ချစ်ရသော မ အတွက်
အချိန်တွေပြောင်းလဲလာခဲ့ပေမဲ့ မပြောင်းလဲတဲ့ကျနော့ရင်မှာ အရင်အတိုင်းပါ
ဖြစ်နိုင်ရင် အမရဲ့ အနားမှာအမြဲနေချင်တာပေါ့။ဒါပေမဲ့ မပေးတဲ့ အခြေနေက
ကျနော်တို့ အတွက်စည်းတခုအဖြစ်ခြားထားတယ်ပေါ့။
ဘယ်လောပဲဝေးနေပါစေ အမပေါ်ထားခဲ့တဲ့သံယောဇဉ်တွေက
ဘယ်တော့မှပြတ်တောက်မသွားပါဘူး။အချိန်တိုင်းသတိရနေရပါတယ်။
ကျနော့ရင်က အချစ်တခုကိုပေါက်ပွားစေခဲ့တာ အမ ရယ်ပါ။
အချစ်တခုကိုပေါက်ဖွားခဲ့တဲ့အမကို ဘယ်သောအကြောင်းမျိုးနဲ့မေ့ရမှာလဲ။
အချိန်တိုင်းသတိရမှုတွေနဲ့လွမ်းနေရပါတယ်....။
ချစ်တဲ့
မောင်
Thursday, September 5, 2013
အိမ်မက်ကျမ်း(For Android)
ကျတော်တို့ငယ်ငယ်တုန်းကတစ်ခုခုထူးခြားတဲ့အိမ်မက် မက်ရင်စာအုပ်ကိုလှန်ကြည့်ရတာအမောပါ
ဒီapplicationကတော့တတော်လန်းတယ်လို့ပြောရမှာ ပါစာအုပ်လှန်စရာမလို့ပဲနဲ့ဖုန်းထဲ့မှာထည့်ထားပြီး
တော့တစ်ခုခုမက်တာနဲ့ရှာပြီးတော့ဟောချက်ဖတ်ရုံပဲတတော်အဆင်ပြေစေမယ်applicationတစ်ခုပါ
ဆောင်သင့်မယ်applicationတစ်ခုပါJASကလုပ်ထားတာပါ အောက်မှာသွားဒေါင်းနိုင်ပါတယ်
Myanmar IT Helper
www.mmithelper.com
Download => Dropbox / Solidfiles
Saturday, August 24, 2013
Saturday, November 24, 2012
Window 7 & Vista Language Pack ချိန်းနည်း
အခု ကျွန်တော်ရေးမယ့်အကြောင်းလေးကတော့ ကျွန်တော်တို့ ဝင်းဒိုးတင်တဲ့ အချိန်မှာ အသစ်တင်ထားပေ မယ့် ကျွန်တော်တို့ Origional Window ကို ပြန်သုံးဖြစ်ကြတာများပါတယ်။ သုံးရတာလည်း အဆင်ပြေလို့ပါ။ အဓိက ကတော့ Laptop သမားတွေမှာ ကျွန်တော်တို့ နိုင်ငံအလိုက် Laptop တွေ ဝယ်တဲ့ အချိန်မှာ သူတို့နိုင်ငံ ရဲ့ဘာသာစကားတွေနဲ့ Origional Window
တွေဖြစ်နေတာများပါတယ်။ အခုအစ်ကိုတစ်ယောက် ဖြစ်နေတာနဲ့
သွားတိုက်ဆိုင်နေလို့ ကျွန်တော်လည်း ရေးဖြစ်သွားတာပါ။ ကျွန်တော် တို့
အဲ့ဒီဘာသာစကားနဲ့ မသုံးချင်ပဲနဲ့ ကျွန်တော်တို့ အသုံးပြုနေကြဖြစ်တဲ့ English Language နဲ့ သုံးမယ်ဗျာ။ ကျွန်တော်တို့ ဆိုင်ကိုသွားချိန်းရင်တော့ တော်တော်တော့ ပိုက်ဆံကုန်မှာပါ။ အခုကျွန်တော်တို့
အလွယ်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ချိန်းကြရအောင်ဗျာ။ အောက်မှာ ကြည့်လိုက်ပါ။
ကျွန်တော်တို့ Language Pack တွေကို ဒီဆိုဒ်လေးကနေ Download ဆွဲမယ်ဗျာ။
ဒီဆိုဒ်လေးမှာ ကျွန်တော်ပြပေးထားပါတယ်။ ကျွန်တော်တို့ ဝင်းဒိုးတွေအများစုက RTM ပဲများပါတယ်။ အောက်က ပုံလေးမှာပြပေးထားပါတယ်။ Window Vista နဲ့ Window 7 အတွက် Language Pack တွေပါဝင်ပါတယ်။ ကြည့်ကြည့်လိုက်ပါ။
ဒီမှာ ကျွန်တော်တို့ Window 7 ကို အမျိုးအစားအလိုက်ရွေးပါမယ်။ အောက်မှာ ဝင်းဒိုး 7 အတွက် ၄ မျိုးရှိပါ တယ်။ မိမိတို့ စက်အမျိုးအစားအလိုက် ရွေးပေးလိုက်ပါ။
ကျွန်တော်အခု ဘယ်ဘက်မှာ မြှားလေးနဲ့ ပြပေးထားပါတယ်။ ကျွန်တော်တို့ Laptop 64 Bit ဖြစ်တဲ့ အတွက် ဒုတိယမြောက်ကကောင်လေးကို ရွေးလိုက်ပါတယ်။ ပြီးရင် မိမိတို့ ချိန်းလိုတဲ့ Language Pack လေးတွေကို နှိပ်လိုက်ရင် ကျွန်တော် တိုက်ရိုက်ချပေးပါလိမ့်မယ်။ Direct Links တွေဖြစ်တဲ့ အတွက် အဆင်ပြေပါတယ်။ ကျွန်တော်တို့ OS အလိုက်ခွဲပေးထားတဲ့ အတွက်လည်း အဆင်ပြေပါတယ်။ အောက်မှာ ကျွန်တော် Window 7 Home Premium 64 Bit
ကို ကျွန်တော်ချိန်းထားပြီးသား အဆင်ပြေတဲ့ ကောင်လေးကို အောက်မှာ
တင်ပေးထားပါတယ်။ တူတဲ့သူတွေကတော့ ဆိုဒ်မှာ သတ်သတ်ကြီး သွားမယူရအောင်
တင်ပေးလိုက်တာပါ။ ကျွန်တော်ပထမဆုံးတင်နည်း လေးပြောပြပါ့မယ်။ အောက်မှာ လည်း
ကျွန်တော် Video File လေးကိုပါတစ်ခါတည်း ထည့်ပေးထားပါတယ်။ Video File လေးကိုကြည့်ပြီးမှ အသုံးပြုရင်လည်းရပါတယ်။ အဆင်ပြေသလိုပေါ့ဗျာ။ ကဲကျွန်တောတို့စပြီး လုပ်ကြည့်ရအောင်ဗျာ။ အရင်ဆုံး ကျွန်တော်တို့ Vistalizator လေး ကိုအရင် Download ဆွဲပါမယ်။ ပုံမှာကြည့်လိုက်ပါဗျာ။
ကျွန်တော်ပုံမှာ ပြထားတဲ့ အတိုင်း Download ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ Download Vistalizator ကျွန်တော် ကွင်းလေးနဲ့ ဝိုင်းပေးထားပါတယ်။ ဒီကောင်လေးကို နှိပ်ပြီး Vistalizator လေးကို အရင်ယူလိုက်ပါ။ နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ Language Pack ကို Download ဆွဲပါမယ်။ အောက် မှာကြည့်လိုက်ပါ။
ကျွန်တော်တို့ ဘယ်ဘက်က Tools လေးတွေမှာ မိမိတို့စက်အလိုက်ရွေးပေးပါ။
ပြီးရင် မိမိတို့ ချိန်းလိုတဲ့ Language Pack လေးကိုရွေးပြီး Download
ဆွဲလိုက်ပါ။ ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ပထမဆုံး Download ယူထားတဲ့
Vistalizator လေးကိုအရင် Run ပေးပါမယ်။ ကျွန်တော်တို့ Run လိုက်ရင်
အခုပုံစံလေးအတိုင်း ပေါ်လာပါမယ်။
ဒီမှာ ကျွန်တော် စက်ထဲမှာ လက်ရှိအသုံးပြုလို့ရတဲ့ Language တွေပါ။ ဘေးနားက Add Languages ဆိုတဲ့ နေရာလေးမှာကျွန်တော်တို့ ဒုတိယမြောက်ချထားတဲ့ Language Pack လေးကို ရွေးပေးလိုက်ပါ။ ရွေး ပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Change Language ဆိုတာလေးကို ကလစ်ပြီး ပြောင်းလိုက်ပါ ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Language ချိန်းတာလေးကို အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော် အောက်မှာ Video ဖိုင်လေးနဲ့ ထပ်ထည့်ပေးထားပါတယ်။
http://www.youtube.com/watch?v=_rnihtpJfL0&feature=player_embedded
http://www.youtube.com/watch?v=_rnihtpJfL0&feature=player_embedded#t=0s
အခုအောက်မှာ ကျွန်တော် Window 7 64 Bits အတွက် Language Pack လေးကို အောက်မှာ တင်ပေးထား ပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေယူထားလိုက်ပါ။ ကျန်တဲ့ 32 Bits တွေနဲ့ Vista အတွက်ကတော့ မူရင်း ဆိုဒ်လေးမှာ သွားယူပေးပါဗျာ။
Language Pack
ကိုနေမင်းမောင်
Windows ကို Repair လုပ်ဆောင်ခြင်း
ကျွန်တော်ဒီနေ့တော့ Windows Repair လုပ်နည်းလေးကိုပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်..။ကျွန်တော်
အရင်တင်ခဲ့ဖူးတဲ့ ကွန်ပျူတာကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်သောနည်းလမ်းများ ထဲမှာလဲဒီနည်း
လေးကိုရေးပေးခဲ့ပြီးပါပြီ..။ဒါပေမယ့်အကြမ်းဖျဉ်းလောက်ပဲပြောသွားခဲ့တာဖြစ်တဲ့အတွက်ကွန်ပျုတာကိုစ
တင်လေ့လာခါစသူတွေအတွက်အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီးဒီပို့ဒ်လေးကိုတင်ပေးလိုက်တာ
ပါ..။ဒီနေရာမှာကျွန်တော်တို့ဘာကြောင့် Windows Repair လုပ်သင့်လဲဆိုတာကိုအကြမ်းဖျဉ်းလေးပြောပြ
ပေးပါမယ်..။ကျွန်တော်တို့ကွန်ပျူတာကိုသုံးတဲ့အခါမှာအသုံးပြုရတာကြာလာတာနဲ့အမျှမိမိတို့ကွန်ပျူတာရဲ့
Registry , System ပိုင်းတွေမှာ Error တွေတက်လာတာနဲ့အမျှကွန်ပျူတာကိုသုံးရတာအရင်လိုစိတ်တိုင်းကျ
မှာမဟုတ်တော့ပါဘူး..။ကျွန်တော်ဆိုလဲအမြဲတမ်းကြုံပါတယ်..။တစ်ခါတစ်လေဘယ်ကနေဘယ်လိုအဖြေရှာ
ရမှန်းကိုမသိတော့ပါဘူး.။
ဒီလိုမျိုးတွေကြုံလာပြီဆိုရင်ဒီတိုင်းပဲစိတ်ညစ်ခံပြီးဆက်သုံးမလား? ဒါမှမဟုတ် Windows အသစ်ပဲပြန်တင် မလား ..?
ဘာမှလုပ်စရာမလိုပါဘူး..ကျွန်တော်အခုပြောတဲ့နည်းလမ်းလေးအတိုင်း Windows ကို Repair ပြန်လုပ်
ပေးလိုက်ပါ..။ဒါဆိုရင်တော်ရုံတန်ရုံ Error တွေလောက်ကိုအဆင်ပြေသွားစေပါလိမ့်မယ်..။ Repair ပြန် လုပ်ပြီးပြီဆိုတာနဲ့Windows ကိုအရင်တုန်းကလိုပုံမှန်ပြန်သုံးလို့ရသွားပါလိမ့်မယ်..။ဒီနေရာမှာကျွန်တော် တစ်ချက်ပြောချင်တာကတစ်ချို့ကကွန်ပျုတာကိုကိုင်ပဲကိုင်တယ်ဘာဆိုဘာမှကိုမလုပ်ရဲကြပါဘူး..။ ကျွန်တော်တို့ကိုယ်တိုင်လဲကြုံဖူးခဲ့ပါတယ်..။ဒါလေးသွားလုပ်လိုက်ရင်များစက်များတစ်ခုခုဖြစ်သွားမလား ၊ ပျက်များသွားမလားဆိုတာမျိုးတွေဖြစ်ခဲ့ဖူးပါတယ်..။ဒါပေမယ့်တကယ်တမ်းစက်ပစ္စည်းဆိုတာကြောက်စရာ မဟုတ်ပါဘူး.။ဘယ်အရာမဆိုမလုပ်ပဲနေရင်သာဘာမှမသိတာပါ..။ဒါလေးကိုလုပ်ကြည့်လိုက်
လို့ဒါကဒီလိုရှိပါလား ၊ နောက်ထပ်ဘယ်လိုနည်းလမ်းနဲ့ဆိုရင်ဘာဖြစ်နိုင်မလဲဆိုပြီးတစ်ဆင့်ဆင့်ချင်းလုပ်
ကြည့်ရင်းနဲ့ကွန်ပျူတာဆိုတာကြောက်စရာမဟုတ်ပါဘူးဆိုတာမျိုးဖြစ်စေချင်ပါတယ်..။ကျွန်တော်ကိုယ်တိုင်
လဲကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် ၊ ကိုသိထားတာလေးတွေထက်အားလုံးကိုပိုပြီးသိစေချင်တက်
စေချင်တဲ့ဆန္ဒအမြဲရှိပါတယ်..။ဒါကြောင့်ကျွန်တော်တင်ခဲ့တဲ့ပို့ဒ်တွေမှာဘယ်နည်းလမ်းလေးကိုဘယ်လိုအသေး
စိတ်လေးရေးရင်တော့ပိုပြီးနားလည်မယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပဲအမြဲလုပ်ခဲ့ပါတယ်..။ဒါကြောင့်အခု Repair
လုပ်နည်းလေးကိုသိပြီးဆိုတာနဲ့ချက်ချင်းလုပ်ကြည့်လိုက်ပါ..။အော်ဒါကဒီလိုလုပ်ရတာပါလားဆိုတာသိသွား
ရင်နောက်ဘယ်ချိန်ပြန်လုပ်လုပ်မမေ့တော့ပါဘူး..။အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ Windows Repair လုပ်တယ်
ဆိုတာဘာမှန်းမသိသေးတဲ့သူတွေအတွက် Repair လုပ်နည်းလေးကိုအောက်မှာပုံလေးတွေနဲ့ရှင်းပြပေးထား
ပါတယ်..။
အရင်ဆုံးမိမိတို့ရဲ့ကွန်ပျူတာကို Restart ချလိုက်ပါ..။ပြီးတာနဲ့ကီးဘုတ်မှ F8 ကီးကိုအဆက်မပြတ်နှိပ်ထား
လိုက်ပါ..။ဒါဆိုရင် Advance Boot Options ထဲကိုရောက်သွားပါလိမ့်မယ်..။


အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်မိမိတို့က Administrator Password ပေးမထားရင် Password
ထည့်ပေးစရာမလိုပါဘူး..။





ပုံမှာပြထားတဲ့အတိုင်း Restart ပေးပြီးပြီဆိုရင်တော့ Repair လုပ်ငန်းစဉ်ပြီးဆုံးပါပြီ..။ဒီလောက်ဆိုရင်တော့
Windows Repair လုပ်ခြင်းနဲ့ပါတ်သတ်ပြီးအတန်အသင့်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်..။
ကိုနေမင်းမောင်မှ.........
Wednesday, September 12, 2012
ကျွန်တော်လေးစားမိခဲ့သောအွန်လိုင်းကောင်မလေးတယောက်အကြောင်း
ကျွန်တော်ကကွန်ပြူတာမတောက်တခေါက်ပြင်တယ်ခင်ဗျ။
တနေ့တော့ကျွန်တော့်သူငယ်ချင်းတယောက်မိတ်ဆက်ပေးရင်း
ကနေ ကောင်မလေးတယောက်နဲ့ခင်မင်ခဲ့တယ်။သူ့ နာမည်က
ခင်ဝင့်ဟန်ပါလို့ မိတ်ဆက်ခဲ့တယ်။စကားစပ်မိကြရင်း
ကျွန်တော်ကွန်ပြူတာဝင်းဒိုးတင်ပေးတယ်လို့ သူငယ်ချင်းကပြောတော့
မ၀င့် ကလည်းသူ့ကွန်ပြူတာ သုံးရတာသိပ်အဆင်မပြေလို့ လာကြည့်
ပေးဖို့ ပြောခဲ့တယ်။အဲဒါနဲ့ ကျွန်တော်လည်းအားတဲ့နေ့ ချိန်းလိုက်ကြပါ
တယ်။ကွန်ပြူတာမှာသန့်ရင်းရေးဆော့ဝဲတွေမောင်းတည့်လိုက်တာအဆင်
ပြေသွားတယ်။ပြီးတာနဲ့ကျွန်တော်ကစက်စမ်းကြည့်ချင်တာနဲ့ ဂျီတော့ဝင်ကြည့်
ပါလားလို့ ပြောတော့သူဝင်လိုက်တယ်.ဂျီတော့ပွင့်လာတော့ဂျီတော့မှာ
အင်ဗိုက်လုပ်ထားတဲ့သူက၄ရာကျော်လောက်ရှိတယ်.ကျွန်တော်မေးခဲ့တယ်
ဘာလို့ လက်မခံတာလဲပြောတော့။သူ အပိုအလုပ်တွေမလုပ်ချင်ဘူးတဲ့
သူ့ အိမ်က အကောင့်ရယ်ရင်နှီးတဲ့သူငယ်ချင်း၇ယောက်ရယ်သူ့ ချစ်သူ
ရယ်ပဲထားတယ်တဲ့။သူတို့ ရောကျွန်တော်တို့ ရောနိုင်ငံခြားမှာနေကြတာပါ။
အလုပ်လုပ်နေကြတာပေါ့။အလုပ်ပိတ်တဲ့ရက်တွေမှာ
သူချစ်သူနဲ့ ချိန်းထားတဲ့အချိန်ကို စောင့်နေပါတယ်တဲ့ပြောပြီးတဲ့ အချိန်မှာ တခြား
စာဖတ်ချင်လဲဖတ်တယ်။မဖတ်ချင်လဲဇာတ်ကားကြည့်တယ်.သူရည်းစားက
လွဲပြီးတခြားဘယ်ယောက်ကျားလေးနဲ့ မှချက်တင်မထိုင်ပါဘူးတဲ့။ကျွန်တော်
သူ့ ကိုမေးခဲ့တယ်ပေါ့ မ၀င့်က သာသစ္စာတွေထားနေတာ မ၀င့် ကောင်လေးက
အဲလိုသစ္စာမရှိရင်ဘယ်လိုလုပ်မလဲမေးတော့.သူကို့ ယုံကြည်လို့ ချစ်ခဲ့တာပါတဲ့
တကယ်လို့ သူ့ ရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်ခဲ့ရင်သူရဲ့ ကုသိုလ်ပါပဲတဲ့။
သူဖောက်ဖျက်တိုင်းငါလဲဒီလိုလိုက်လုပ်မယ်ဆိုတာအောင်တန်းကျပါတယ်တဲ့။
ကောင်းလိုက်တဲ့မြန်မာမလေးရဲ့အတွေးပဲလို့ စိတ်ထဲမှာတော့ချီးကြူးရင်း
ကျွန်တော်နှတ်ဆက်ပြီးပြန်ခဲ့တယ် အပြန်လမ်းကကားပေါ်မှာတော့မ၀င့်
ဆိုတဲ့ကောင်မလေးတယောက်အကြောင်းတွေးရင်းနဲ့ ပေါ့။
Friday, September 7, 2012
Zawgyi Font/Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း
ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...
.. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး ...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)
Zawgyi Font/Keyboard တွေမရှိသေးရင် ဒီနေရာမှာ ကြိုက်တာရွေးပြီး ဒေါင်းယူနိုင်ပါတယ်။
.. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး
ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး ...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့
Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)
Zawgyi Font/Keyboard တွေမရှိသေးရင် ဒီနေရာမှာ ကြိုက်တာရွေးပြီး ဒေါင်းယူနိုင်ပါတယ်။
ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်.. ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)
Friday, July 27, 2012
ဝေဒနာ ညများသို့ ...........
တချိန်တခါက ငါ့ရင်မှာနုပျိုခဲ့တဲ့အသဲတခုရှိခဲ့ တာပေါ့။
အဒီအသဲကမင်းနဲ့ တွေ့ တဲ့ အချိန်မှာရှင်သန်ပြီးလန်းဆန်းခဲ့တယ်ဆိုရမှာပေါ့။
မင်းထွက်သွားပြီးတဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲမင်းမှမသိနိုင်တော့တာ
အခုအချိန်မှာဒဏ်ရာတွေနဲ့ အကျည်းတန်ရင့်ရော်နေခဲ့ပြီ။မင်းပေးခဲ့တဲ့
အဒီအသဲကမင်းနဲ့ တွေ့ တဲ့ အချိန်မှာရှင်သန်ပြီးလန်းဆန်းခဲ့တယ်ဆိုရမှာပေါ့။
မင်းထွက်သွားပြီးတဲ့အချိန်မှာဘာတွေဖြစ်ခဲ့လဲမင်းမှမသိနိုင်တော့တာ
အခုအချိန်မှာဒဏ်ရာတွေနဲ့ အကျည်းတန်ရင့်ရော်နေခဲ့ပြီ။မင်းပေးခဲ့တဲ့
Saturday, June 16, 2012
ရိုဟင်ဂျာ သမိုင်းကို မသိသေးသူများအတွက် မျှဝေလိုက်ပါတယ် Posted by မောင်ဟန်သော်ခေးရ် on ဇွန် 14, 2012
လူအခွင့်အရေးကို ဘန်းပြပြီး ရိုဟင်ဂျာအမည်ဖြင့် မြန်မာနိုင်ငံကို ဖဲ့ထုတ်ရန် ကြိုးစားနေကြသည်။
၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်း မွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့်







