လူတစ်ဦးမြင်းဝယ်ရန်အတွက် ပိုင်ရှင်နှင့်စကားပြောနေကြသည်။
ပိုင်ရှင် - ကျွန်တော်မြင်းက ရိုက်စရာအော်စရာမလိုဘဲ နဲ့ စီးလို့ ရပါတယ်။
ဝယ်သူ - ခင်ဗျားဆိုလိုတာက လူစကား နားလည်တယ်လို့ ဆိုလိုတာလား။
ပိုင်ရှင် - အဲဒီလိုတော့မဆိုလိုပါဘူး၊ သူ့ ပထမ ပိုင်ရှင်က ဘာသာရေး
ကိုင်းရှိုင်းလွန်းတော့ သူမြင်းကိုလည်း ယဉ်ကျေးအောင် သင်ကြားထားလို့ ပါ။
စိတ်မရှည်သော ၀ယ်သူက မြင်းပေါ်တတ်ကာ စီးဖို့ စတင်ကြိုးစားလေသည်။
မြင်းဝယ်သူ မည်သို့ ကြိုးစားကြိုးစား မြင်းကို နေရာမှ ရွှေ့ အောင် ကြိုးစားမရသည့်အဆုံး
ဝယ်သူ - ကဲ ကိုယ့်ဆရာ ဒီမြင်းကို ဘယ်လိုစီးရမလဲသာ ပြောပါတော့။
ပိုင်ရှင် - ခင်ဗျားက ကျုပ်ပြောတာ ဆုံးအောင်နားမထောင်ဘဲကိုး၊ ဒီလိုဗျ မြင်းကို သွားစေချင်ရင်
"ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ" လို့  ပြောလိုက်ရုံပဲ။ အဲနှေးသေးတယ်ထင်လို့ မြန်မြန်ပြေးစေချင်ရင်
"ဘုရား ဘုရား" လို့ ပြောလိုက်။ ရပ်စေချင်ပြီဆိုရင်တော့ "ဘုရားသခင် ကယ်တော်မူပါ" လို့ ပြောရုံပဲဗျာ။
မြင်းဝယ်သူလည်း ရောင်းသူ မှာသည့်အတိုင်း မြင်းကို အမိန့် ပေးပြီး စတင်စီးလေသည်။ စီးရင်းနှင့် မြင်းပြေးနှုန်းမှာ မြန်လွန်းလှသဖြင့် ဘုရား တလေရာ မြင်းမှာ တဟုန်ထိုး ပြေးပြီးရင်းသာ ပြေးနေလေတော့သည်။
မြင်းရောင်းသူမှာ လိုက်သော စကားများကိုလည်း မမှတ်မိတော့သည့်အဆုံး မြင်းကိုအတင်းဖက်ရင်း ဘုရားသာ ဆက်တိုက်တနေလေတော့သည်။ မကြာမီ အလွန်ကြီးမားသော ချောက်နက်ကြီးတစ်ခုကို ရှေ့တွင် ဘွားကနဲ တွေလိုက်
ရသောအခါ မြင်းဝယ်သူမှာ မျက်စီ စုံမှိတ်ပြီး "ဘုရားသခင်ကယ်တော်မူပါ" ဟု ဟစ်အော်လိုက်လေတော့သည်။ ဒီတော့မှ
ဒုန်းစိုင်းပြေးနေသောမြင်းမှာ ချောက်နခမ်းဝတွင် အရှိန်သတ်ကာ သေသေသပ်သပ် ရပ်တန့် ကာသွားလေတော့သည်။
ဂရောင်ချောက်ချား ဖြစ်ခဲ့ရသော မြင်းဝယ်သူမှာ ထိုအခါကြမှ သက်ပြင်းချရင်း "ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ"
ဟုရေရွတ်လိုက်လေတော့သည်။

No comments:
Post a Comment