ဒီပို့စ် ကိုဘာလို့ ရေးရသလဲဆိုရင် မြန်မာနိုင်ငံမှာ Internet သုံးစွဲသူများအနေဖြင့် မိမိရဲ့ Email တွေ က
ဘယ်မှာ ကျန်ခဲ့တယ်ဆိုတာကို မသိကျပါဘူး..။ အချို့အင်တာနက်ဆိုင် တွေမှာတော့ History တွေကို ရှင်း
လင်းထားကြပါတယ်..။ အချို့ဆိုင်တွေကတော့ မရှင်းလင်းထားပါဘူး..။ User တွေ အနေနဲ့ အဲဒီင်္အချက်ကို
Step - 2 ပေါ်လာတဲ့ Run Box ထဲမှာ regedit ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
Step - 3 အဲဒီမှာပါတဲ့ Folder ၅ ခုထဲက ဒုတိယမြောက် Folder ဖြစ်တဲ့ HKEY_CURRENT_USER ဆိုတဲ့ Folder ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ List ကျလာပါလိမ့်မယ်။
Setp - 4 အဲဒီ List ထဲမှာ Software ကို တွေ့အောင်ရှာပြီး သူ့ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ သူ့အောက်မှာ List တစ်ခု ထပ်ကျလာပါလိမ့်မယ်။
အဲဒီနည်းလေးနဲ့ မိမိ အကောင့်ကို မိမိမသိသော မလိုချင်သော လူမများလာအောင် ကာကွယ်နိုင်ပါတယ်ခင်ဗျာ..။ သိပြီးသား သူများအဖို့ မရည်ရွယ်ပေမဲ့ မသိသေးသော သူများ အဖို့တော့
အကျိုးရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ..။.......မျှဝေချင်း........လမ်းပြကြယ်
ဘယ်မှာ ကျန်ခဲ့တယ်ဆိုတာကို မသိကျပါဘူး..။ အချို့အင်တာနက်ဆိုင် တွေမှာတော့ History တွေကို ရှင်း
လင်းထားကြပါတယ်..။ အချို့ဆိုင်တွေကတော့ မရှင်းလင်းထားပါဘူး..။ User တွေ အနေနဲ့ အဲဒီင်္အချက်ကို
သိထားသင့်ပါတယ်..။ ကျွန်တော် အပါအဝင် Internet သုံးသူ အများစုဟာ Cyber Cafe တွေမှာ သုံးတာများပါတယ်။ မိတ်ဆွေတို့အနေနဲ့ Gtalk (သို့) Gmail တစ်ခုခုမှာ Sign In ဝင်ဖို့ လုပ်တဲ့အခါ ကိုယ့်ရှေ့ကလူသုံးသွားတဲ့ Gmail Address တွေ ပေါ်နေတာမျိုးတွေ တွေ့ဖူးကြမှာပါ။ တစ်ချို့ User တွေက သုံးပြီးရင် Sign Out ကို သေသေချာချာလုပ်ပြီး User Name နေရာမှာ a,b,c….. စသဖြင့် သော်လည်းကောင်း delete keys သော်လည်းကောင်း ရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းကလည်း လုံခြုံမှုမရှိပါဘူး။ ကိုယ့်နောက်ကလူက ပြန်ရှာရင် ကိုယ့်ရဲ့ Gmail Address ကို ပြန်တွေ့ရပါတယ်။
အဲဒီလို ကိုယ့်ရဲ့ Gtalk (သို့) Gmail Address တွေကို တစ်ခြားလူတွေမသိအောင်၊ စက်ထဲမှာလည်း မကျန်ခဲ့အောင် ဖျက်ပစ်နိုင်တဲ့ နည်းလမ်းကလေးကို ကျွန်တော်တင်ပြပေးလိုက်ရပါတယ်။ အဲဒီလို ဖျက်ပစ်နိုင်ဖို့အတွက် Registry Editor ဆိုတဲ့ Utility ကို အသုံးပြုရပါမယ်။ အဲဒါကြောင့် ကိုယ်ဟာ Admin account နဲ့ သုံးနေတဲ့ User တစ်ယောက် ဖြစ်နေဖို့တော့ လိုပါတယ်။ ဘယ်လိုသုံးရမယ် ဆိုတာကိုတော့ အောက်မှာ Step by Step ဖော်ပြပေးထားပါတယ်။
Step - 1 Start Menu ထဲက Run Command ကို Click လုပ်လိုက်ပါ။ ဒါမှမဟုတ် Windows Key + R ကို နှိပ်ပါ။Step - 2 ပေါ်လာတဲ့ Run Box ထဲမှာ regedit ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
Step - 3 အဲဒီမှာပါတဲ့ Folder ၅ ခုထဲက ဒုတိယမြောက် Folder ဖြစ်တဲ့ HKEY_CURRENT_USER ဆိုတဲ့ Folder ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ List ကျလာပါလိမ့်မယ်။
Setp - 4 အဲဒီ List ထဲမှာ Software ကို တွေ့အောင်ရှာပြီး သူ့ဘေးနားက (+) Plus Sign လေးကို Click လုပ်လိုက်ပါ။ သူ့အောက်မှာ List တစ်ခု ထပ်ကျလာပါလိမ့်မယ်။
Step - 5 အဲဒီ List ထဲမှာ Google ဆိုတာကို ရှာပါ။ ပြီးရင် သူ့ဘေးက (+) Plus Sign လေးကို Click လုပ်ပြီး သူ့အောက် က List ကို ဆက်ဖွင့်ပါ။
Step - 6 အဲဒီ List ထဲမှာ Google Talk ကိုရှာပြီး သူ့ဘေးနားက (+) Plus Sign လေးကို Click ထပ်လုပ်ပေးပါ။Step - 7 ကျလာတဲ့ List ထဲက Account ဆိုတာကို Click လုပ်လိုက်တဲ့အခါမှာ Gmail Address တွေကို တွေ့ရပါလိမ့် မယ်။ မိတ်ဆွေတို့အနေနဲ့ Gtalk (သို့) Gmail ဝင်ခဲ့မယ် ဆိုရင် အဲဒီနေရာမှာ မိတ်ဆွေတို့ရဲ့ Gmail Address တွေ ပေါ်နေပါ လိမ့်မယ်။
Step - 8 မိမိဖျက်လိုတဲ့ Address ပေါ်မှာ Right Click နှိပ်ပြီး delete ကို Click လုပ်လိုက်ရုံပါပဲ။ အကယ်၍ Name/ Type/ Date တို့ အောက်မှာကျန်ခဲ့မယ်ဆိုရင်လည်း Name အောက်မှာရှိတဲ့ abRight Click ပေါ်မှာ နှိပ်ပြီး delete လုပ်ပေး လိုက်ရုံပါပဲ။အဲဒီနည်းလေးနဲ့ မိမိ အကောင့်ကို မိမိမသိသော မလိုချင်သော လူမများလာအောင် ကာကွယ်နိုင်ပါတယ်ခင်ဗျာ..။ သိပြီးသား သူများအဖို့ မရည်ရွယ်ပေမဲ့ မသိသေးသော သူများ အဖို့တော့
အကျိုးရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ..။.......မျှဝေချင်း........လမ်းပြကြယ်
No comments:
Post a Comment