Monday, September 5, 2011

Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရာထူးမှနှုတ်ထွက်

Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရာထူးမှနှုတ်ထွက်

“ကျွန်တော် ပြောခဲ့ဖူးပါတယ်။ Appleရဲ့ အမှုဆောင်ချုပ်တစ်ယောက် ထမ်းဆောင်ရမယ့် တာဝန် ၀တ္တရားတွေ ကျွန်တော် မဆောင်ရွက်နိုင်တော့တဲ့အချိန် ရောက်လာရင် အားလုံးကို အသိပေးပါ့မယ် ဆိုတာကိုလေ။ ၀မ်းနည်းစရာ ကောင်းတာက အဲဒီအချိန်ဟာ ခုတကယ်ပဲ ရောက်လာခဲ့ပါပြီ”
Posted on Aug 25 11 - 04:00 PM | Hits : 1011
Apple အမှုဆောင်အရာရှိချုပ် စတိဗ်ဂျော့ဘ် ရာထူးမှနှုတ်ထွက်
Appleကုမ္ပဏီ၏ အမှုဆောင်ချုပ် ရာထူးမှ စတိဗ်ဂျော့ဘ် နှုတ်ထွက်လိုက်ပြီဖြစ်သည်။ iPad၊ iPodနှင့် iPhoneတို့ကို ဖန်တီးခဲ့သည့် နည်းပညာ ဖခင်ကြီးအဖြစ် ညွှန်းဆိုခံရသော ဂျော့ဘ်သည် ကျန်းမာရေး အခြေအနေကြောင့် ၎င်းမြတ်နိုးသည့် နည်းပညာ ကုမ္ပဏီကြီးအား စွန့်ခွာရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ ဂျော့ဘ်သည် ဇန်န၀ါရီလ (၁၇)ရက်နေ့ကတည်းက ဆေးခွင့်ယူထားခဲ့ပြီး ယခုအခါ တရားဝင် ထွက်စာ တင်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် ပြောခဲ့ဖူးပါတယ်။ Appleရဲ့ အမှုဆောင်ချုပ်တစ်ယောက် ထမ်းဆောင်ရမယ့် တာဝန် ၀တ္တရားတွေ ကျွန်တော် မဆောင်ရွက်နိုင်တော့တဲ့အချိန် ရောက်လာရင် အားလုံးကို အသိပေးပါ့မယ် ဆိုတာကိုလေ။ ၀မ်းနည်းစရာ ကောင်းတာက အဲဒီအချိန်ဟာ ခုတကယ်ပဲ ရောက်လာခဲ့ပါပြီ”ဟု ဂျော့ဘ်က ကြေညာခဲ့သည်။

steve jobs

အသက်(၅၅)နှစ်ရှိ ဂျော့ဘ်သည် ကုမ္ပဏီ၏ နာယက တစ်ဦးအဖြစ်မူ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။ ဂျော့ဘ်က Appleသည် အတောက်ပဆုံး၊ အနာဂတ် အကောင်းမွန်ဆုံး နေ့ရက်များကို ပိုင်ဆိုင်ခဲ့ပြီး ရှေ့ဆက်၍လည်း အောင်မြင်နေမည်ဟု မျှော်လင့်ကြောင်း ၎င်း၏ နှုတ်ထွက်စာတွင် ရေးသားခဲ့သည်။ ဂျော့ဘ်သည် (၂၀၀၄)ခုနှစ်ကတည်းက ပန်ကရိယ ကင်ဆာကို ခံစားနေရပြီး (၂၀၀၇)ခုနှစ်တွင် အသည်းအစားထိုး ကုသမှုတစ်ခု ခံယူခဲ့ရသေးသည်။ “Appleမှာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး အချိန်တွေနဲ့ အကောင်းဆုံး မိတ်ဆွေတွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ နှစ်တွေ အကြာကြီး ဒီလုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲခွင့် ရခဲ့တာ အမြဲတမ်း ကျေးဇူးတင် ဂုဏ်ယူနေမှာပါ”ဟု ဂျော့ဘ်က ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }