Monday, September 5, 2011

ဂျပန် ဖူကူရှီးမား နျူကလီးယားနောက်ကွယ်မှ ဖြစ်ရပ်မှန် တွေ့ပြီ


ဂျပန် ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အရည်ပျော်ကျမှု၏ နောက်ကွယ်မှ ဖြစ်ရပ်မှန် တွေ့ပြီ

August 31, 2011
By Popular News
ဂျပန်နိုင်ငံရှိ ဖူကူရှီးမား နျူက လီးယားဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့မှု အခက်အခဲများကို ဂျပန်တို့က မရေမရာ ပြောဆိုနေကြသည့် အချက်မှာ ငလျင်ကြီး လှုပ်ခြင်းနှင့် ဆူနာမီဒဏ်ခံရခြင်းတို့၏ နောက် ကွယ်မှမမြင်နိုင်သော အကြောင်း အရာအဖြစ်အပျက်များရှိနေကြောင်း ပင် ဖြစ်သည်။
သို့ရာတွင် နောက် ဆုံးဖြစ်လာသောအကြောင်းတရား များက ဓာတ်ပေါင်းဖိုများကို ကံဆိုးမိုးမှောင်ကျအောင် ပြု လိုက်ကြပေပြီ။ ”ဂျပန်၏ နျူကလီးယား ဓာတ်ပေါင်းဖို အကျပ်အတည်း များ၏ ထူးဆန်းမှု တစ်ခု” မေးခွန်းတစ်ခုမှာ အဓိကပင် ဖြစ်သည်။ ”၂ဝ၁၁ မတ်လ ဆူနာမီရေလှိုင်းကြီးများ မထိရိုက် မီကပင်ဖူကူရှီးမား ဓာတ်ပေါင်းဖိုသည် ငလျင်ကြောင့် ဘယ်လောက် ထိခိုက် ပျက်စီးခဲ့ရသလဲ” ဟူ သော မေးခွန်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ နျူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံ များ၏ဖွဲ့စည်းတည်ဆောက်ထား မှုများမှာ ငလျင်ဒဏ်လာရောက် ထိခိုက်မိလျှင် နျူကလီးယား လောင်စာအခန်း ပိတ်သွားနိုင်ရ မည့် လုံခြုံမှုရယူလျက် တည် ဆောက်ထားခဲ့ကြသည်။ ဂျပန် နိုင်ငံရှိ နျူကလီးယားဓာတ်ပေါင်းဖို ၅၄ လုံးတွင် ၃၅ လုံးမှာ ပိတ်ခဲ့ရ သည်။ ၄င်းတို့၏ တည်ဆောက်ထားမှုအပါအဝင် လုံခြုံမှုအပေါ် အဆုံးအဖြတ်ပေး၍ ပြန်လည် စတင်လည်ပတ်စေခဲ့ပြီးဖြစ်သည်။   ဖူကူရှီးမားဓာတ်ပေါင်းဖိုမှ Tokyo Electric Power Co (Tepco) ၏စက်ကိုင်မောင်းနှင်သူ တာဝန်ခံနှင့်ဂျပန်အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ယူကီယိုအီဒါနိုတို့က ထပ်ကာ တလဲလဲ   ကြေညာချက် မှာ ”ငလျင်ပြီးနောက် နျူကလီး ယားလောင်စာများအရည်ပျော်ခြင်း မရှိ” ဟူသောသတင်း စကားပင် ဖြစ်သည်။ ငါးလခန့်ကြာပြီး   နောက်မှသာ မစ္စတာအီဒါနိုက ထပ်မံ  ပြောကြားလာခဲ့သည်မှာ သူတို့ သည် နျူကလီးယား လောင်စာရည် များ ပျော်ကျခြင်းကို သိရှိခဲ့ရပြီဖြစ်   ကြောင်းဟူသော စကားပင်ဖြစ်သည်။ လများစွာတစ်လျှောက်လုံး လိမ်ညာ မှုများနှင့် သတင်းမှားများကို ပေးခြင်း ဇာတ်လမ်းတစ်ပုဒ်မှာ ထိုးဖောက် တိုက်ခိုက်ထွက်ပေါ်လာခဲ့သည်။ ငလျင်ကြီးလှုပ်ခတ်စဉ်မှာပင် လျှပ်စစ်ဓာတ်အားများ ပြတ် တောက်သွားသည်။ ဓာတ်ပေါင်းဖို ၆ လုံး၏အအေးပေး စနစ်များ ရပ်တန့် သွားသည်။ ဆူနာမီရေလှိုင်းကြီးများ ငလျင်ပြီးနောက် မိနစ် ၄ဝ ကြာပြီး နောက်မှာ လာရောက်ရိုက်ခတ်ခဲ့ သည်။ ၄င်းဒဏ်ကြောင့် အအေး ပေးစနစ်များပျက်စီးသွားကာ နျူ ကလီးယားလောင်စာအရည်ပျော်မှု အကြောင်းပေါ်လာရသည်။ သို့ရာတွင် ဖြစ်ရပ်တစ်ခုပေါ် ထွက်လာခဲ့ သည်။ ရေလှည့်ပတ်မှု စနစ်ပိုက်များနှင့် အအေးခံစနစ်ရေ ပိုက်များမှာ ငလျင်ကြီးလှုပ်ပြီး နောက်ကပင် ပျက်စီးပွင့်ထွက်ခြင်း အပြင်ဆူနာမီရေလှိုင်းကြီး များ မလာ ရောက်မီကပင် လည်ပတ်မှုစနစ်များ ချွတ်ယွင်း၍ အလုပ်မလုပ်နိုင်တော့ ခြင်း၊ လျှပ်စစ်မီးများမပြတ်တောက် မီကပင် ပျက်စီးသွားလေ သလား ဟူသောအချက်များပင် ဖြစ်သည်။ ဤအကြောင်းအရာများကို သိသူ အလွန်နည်းကြသည်။ နှစ် ပေါင်း ၄ဝ ခန့်သက်တမ်းရှိသော အဖိုးအရွယ် အခြားနျူကလီးယား ဓာတ်ပေါင်းဖိုများမှာ ယနေ့တိုင် ဂျပန်တွင် ဆက်လက်လည်ပတ် ထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ၄င်းဓာတ်ပေါင်းဖို၏ ယိုယွင်း   နေသော  ကွဲအက်စပြုနေသည့်ပိုက် လိုင်းများကို မကာယကာပြီးစလွယ် ပြုပြင်ခဲ့သော ပိုက်များနှင့်အအေး ပေးစနစ်ကို မီးမောင်းထိုးပြစရာ ဖြစ် လာခဲ့သည်။ ၂ဝဝ၂ ခုနှစ်၊ စက် တင်ဘာလတွင်ွှနစခသ ကုမ္ပဏီက ဝန်ခံခဲ့ရသည်မှာ ၄င်းတို့စက်ရုံ၏ ရေအေးလည်ပတ်မှုစနစ်ပိုက်လိုင်းများ အက်ကွဲ၍ မွမ်းမံခဲ့ရခြင်းဖြစ်ရပ် တစ်ခုဖြစ်သည်။ The Citizen’s Nuclear Information Center ကရေးသားဖော်ပြမှတ်ချက်မှာ ”၄င်းပိုက်များ ကျိုးပဲ့ခြင်းဖြစ် ခဲ့လျှင် အအေးပေးစနစ်ချွတ်ယွင်းကာ ပြင်း ထန်သောမတော်တဆပေါက်ကွဲမှု ဖြစ်စေနိုင်သည်” ဟူသော မှတ်ချက်ပင်ဖြစ်သည်။ ငလျင်ကြီးမလှုပ်မီ ၉ ရက် အလိုမတ်လ ၂ ရက်နေ့တွင် အစိုး ရ၏စောင့်ကြည့်ရေးအဖွဲ့ The Nuclear Industrial Safety Agency (NISA) က Tepco ကုမ္ပဏီကို သတိပေးခဲ့သည်။   နျူ ကလီးယား ဓာတ်ပေါင်းဖို၏ အခက်အခဲရှိနေသော အဓိက အစိတ်အပိုင်းနေရာများကိုစစ်ဆေး ရန်မှာ ရေပိုက်နှင့် အအေးပေး စနစ် ပန့်များဖြစ်သည် ဟု ဖော်ပြ ထားသည်။ွှနစခသ သည် အမိန့် ကိုရရှိလျှင် လိုအပ်သလိုပြုပြင်ပြီး NISA အဖွဲ့သို့ ဇွန်လ ၂ ရက်နေ့ တွင် နောက်ဆုံး အစီရင်ခံရန် ဖြစ်သည်။ သို့ရာတွင် ၄င်းအဖြစ်မှာ ထွက်ပေါ်မလာခဲ့ဘဲ ယခုအခါ ဖိုင်တွဲစာရွက်ပေါ်မှာသာ ရှိနေခဲ့ ပေပြီ။ အင်ဒီပင်းဒင့် သတင်းစာကြီး က များစွာသော ဓာတ်ပေါင်းဖို အလုပ်သမားများနှင့် စကားပြော ဖြစ်ခဲ့ကြသည်။ ၄င်းတို့၏ ဖောက် သည်ချသော စကားလုံးများတူ နေကြသည် ဟုပြောပြ လာသည်။ အားလုံးက ”ဆူနာမီ ရေ လှိုင်းများလာရောက် မရိုက်ခတ်မီ ကပင် ရေပိုက်လိုင်းများ ပွင့်ထွက် ကျိုးပျက်သွားခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ထို့ကြောင့် နျူ ကလီးယား ဓာတ်ပေါင်းဖို အခန်း မှာ လုံခြုံစွာပိတ်သွားနိုင်ခြင်းမရှိ ဟူသော အဖြေပင်ဖြစ်သည်။
KLMA, Ref : The Independent :

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }