သိပြီးသား ဖြစ်နေမယ်ဆိုရင်တော့ အားနာပါတယ်ဗျာ.. အသစ်အသစ်သော သူတွေအတွက် ရည်ရွယ်လိုက်ပါတယ်.. Gmail ရဲ့စာစောင်တွေကို ဖေါက်မဖတ်သေးပဲ Preview ကြည့်မယ်ဆိုရင်.. အရေးမကြီးတဲ့ မေးလ်တွေ ဖတ်ရတာတွေ အတွက်တော့ အချိန်ကုန်သက်သာတာပေါ့ဗျာ.. အောက်မှာလဲ ကျနော် ပုံနဲ့ပြထားပါတယ် တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး သဘောကျတယ်ဆိုရင်တော့ စမ်းကြည့်ပေါ့..
- Message Sneak Peek Feature ကိုသုံးချင်တယ်ဆိုရင်တော့ ပထမဆုံး အနေနဲ့ Gmail settings ထဲကိုသွားပါ..
- ပြီးရင် Labs ထဲကိုထပ်ဝင်ပါ.. ရောက်ပြီဆိုရင် Message Sneak Peek ကိုရှာပြီး Enable လုပ်ပေးပါ.. ပြီးရင် Save Changes ပေါ့.. ဒါဆို Gmail ပြန်ပြီး refresh ဖြစ်ပါလိမ့်မယ်..
- ပြန်ဝင်လာတဲ့ အခါကျရင် ကြည့်ချင်တဲ့ မေးလ်ပေါ်မှာ Right-Click နှိပ်လိုက်ပါ.. (Right-Click နဲ့မှ အလုပ်လုပ်မှာပါ Message Sneak Peek Feature က) အပေါ်က ပြထားတဲ့ ပုံအတိုင်း Preview ပေါ်လာပါလိမ့်မယ်.. ဒီလောက်ဆိုရင် အဆင်ပြေပြီထင်ပါတယ်..။
No comments:
Post a Comment