Friday, September 9, 2011

မြန်မာနိုင်ငံမှ ကမ္ဘာကျော် သဌေးကြီးများနှင့် မြန်မာ့ဘောလုံးအကြောင်း တစေ့တစောင်း

မြန်မာနိုင်ငံမှ ကမ္ဘာကျော် သဌေးကြီးများနှင့် မြန်မာ့ဘောလုံးအကြောင်း တစေ့တစောင်း


            တလောက ကိုယုန်လေးရေးထားတဲ့ “ မြန်မာ့ အိမ်နီးချင်း မလေးရှား နိုင်ငံမှ တိုက်စစ်မှူး တစ်ယောက်နဲ့ အခြား ကစားသမား တစ်ယောက် ပရီးမီးယားလိဂ်သို့ ထိုးဖောက် နိုင်တော့မည် ” ဆိုတဲ့ သတင်းကို ဖတ်မိတော့ စိတ်ထဲ ၀မ်းသာမိတာကော၊ အားကျမိတာကော၊ မနာလိုမိတာကော တချိန်ထဲမှာ စုပုံခံစားလိုက်ရတယ်။ ၀မ်းသာအားကျဆိုတာက ကိုယ့်အရှေ့တောင် အာရှသားတယောက်အနေနဲ့ ပရီးမီးယားလိဒ်မှာ ခြေချ ရတော့မယ် ဆိုတာရယ်၊ Safee ဆိုတဲ့ မလေးဘောလုံးသမားကလည်း တကယ်တော်တဲ့ ကောင်းတဲ့ ကစားသမားမို့ပါ။ မြန်မာဘောလုံးသမားတွေထက် ခန္ဒာကိုယ် ဖွဲ့စည်းပုံတောင့်တင်းမှုကော နောက် ဘောလုံးစကေးနဲ့အတူ ညဏ်ရည်ပါးနပ်မှုကလည်း ယခုအချိန်အခါမှာ အရှေ့တောင်အာရှမှ အကောင်းဆုံး တိုက်စစ်မှုတယောက်ပါပဲ။ မနာလိုမိတယ် ဆိုတာကတော့ တခြားမဟုတ်ပါဘူး အေးဒိ့ ကျူပီအာ အသင်းကို ၀ယ်လိုက်တဲ့ မလေးရှားသဌေးနေရာမှာ ဒို့မြန်မာလူမျိုးသာ ဆိုရင် သိပ်ကောင်းမှာပဲလို့ ဘယ်မြန်မာဘောလုံးပရိတ်သက်မဆို တွေးမိမှာပဲ မဟုတ်လား။


           ကျွန်တော့်အနေနဲ့ ကျူပီအာအသင်းအတွက်ကော၊ ကျူပီအာကို ၀ယ်လိုက်တဲ့ မလေးရှားသဌေးအတွက်ကော၊ ကျူပီအာကို ရောက်လာမဲ့ မလေးရှားဘောလုံးသမားတွေအတွက်ကော ဆုတောင်းပါတယ် တချိန်က မန်စီးတီးအသင်းကို ၀ယ်ပြီး ထိုင်းကစားသမားတွေဝယ်မယ်လို့ အသံလွင့်ပြီးခါမှ သက်ဆင်ရဲ့ ကမှောက်ကမမျိုး သူတို့မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
           ဒီထဲ တခုလောက် ပြောဖို့ ရှိလာတာက ကျွန်တော်တို့တွေ နိုင်ငံရေးကို ခဏဖယ်ပြီး မြန်မာဘောလုံးအကြောင်းပဲ ခဏစဉ်းစားကြည့်ရအောင်ဗျာ။ ရှုးတယ်ပဲ ပြောပြော ၊စိတ်ကူးယဉ်တယ်ပဲ ပြောပြောပါ။ ကျွန်တော်တို့ မြန်မာပြည်က ပိုက်ဆံချမ်းသာတဲ့ သဌေးကြီးတွေ ဘယ်၍ဘယ်မျှ ချမ်းသာတယ်ဆိုတာ အတိအကျကြီး ကျွန်တော်မသိသလို မြန်မာဘောလုံးပရိတ်သက်ကြီးလည်း သိမည်မထင်ပါ။ ဒါပေမဲ့ ဒီဆယ်စုနှစ်အတွင်းမှာတော့ မြန်မာပြည်က သဌေးတွေ ဘယ်လောက်ချမ်းသာလာတယ်၊ ဘယ်လောက်ဓနသဟာရ ကြွယ်ဝလာတယ်၊ ဒေါ်လာတွေ ထားစရာနေရာမရှိအောင် ချမ်းသာတယ်ဆိုတာ အားလုံးကြားကြ သိကြမှာပါ။ ကျွန်တော်တို့တွေ မြန်မာ့ငွေကြေး နိုင်ငံတကာငွေကြေး၊ ဒေါ်လာငွေကြေးတွေအကြောင်းနဲ့အတူ ငွေကြေးနိုင်းယှဉ်ချက်တွေ လှဲလည်မှုတွေကို မသိတာတော့ အမှန်ပါ။ ဒါပေသိ မြန်မာပြည်က သေဌေးတွေရဲ့ ချမ်းသာကြွက်ဝမှုကတော့ ကမ္ဘာတောင်ကျော်တယ်ဆိုတာ အားလုံးသိထားကြပြီ။ ကျွန်တော်တို့တွေ ယုံကြည်မှု တခုတော့ရှိကြတယ်။ ကျွန်တော်တို့ ယုံကြည်တယ် ကျွန်တော်တို့ လုပ်နိုင်မယ်လို့။
           ကျွန်တော်တို့ တခုလောက် တောင်းဆိုချင်တာ မဟုတ်ပါဘူး စိတ်ကူးယဉ်ချင်တာက အထက်က မလေးရှားစီးပွားရေးလုပ်ငန်းရှင် သဌေးကြီးလို မြန်မာနိုင်ငံက သဌေးကြီးတွေကလည်း မြန်မာဘောလုံးပရိတ်သက်တွေအတွက်၊ မြန်မာဘောလုံးအားကစားသမားတွေ အတွက်၊ မြန်မာဘောလုံးလောကကြီး တိုးတက်ဖို့အတွက်။ အေးဒီ့သဌေးကြီးတွေထဲက တယောက်ယောက်ကများ အနည်းဆုံး ပရီးမီးယားလိဒ်တန်းတက်အသင်းလေး တသင်းကို ၀ယ်လိုက်မယ်ဆိုရင်…။ မြန်မာဘောလုံးပရိတ်သက်တွေရဲ့ ကမ္ဘာ့ဘောလုံးပရိတ်သက်တွေအထိ ထိုးဖောက်မှု အခန်းကဏ ပိုမိုကြီးကျယ်လာမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း အသင်းတော့ ၀ယ်ပြီးပါပြီ အရောင်တင်ပေးမဲ့ မြန်မာဘောလုံးသမားကိုတော့ မရှိတာ ၀ယ်မဲ့ မြန်မာသဌေးကြီးကိုတော့ အားနာပါတယ်ဗျာ။ ပရီးမီးယားလိဒ်ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ကစားသမားမျိုး အခုမြန်မာပြည်မှာ မရှိသေးတာတော့ အသေအချာပါပဲ။ အရင်တုန်းကဆိုရင်တော့ ကြည်လွင်၊ ၀င်းအောင်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ သန်းဝေ၊ အောင်ကျော်ကျော်တို့လို ကစားသမားတွေဆိုရင်တော့ တမျိုးပေါ့။ ဘာပဲပြောပြောပါ တနေ့တချိန်တော့ ဒီလိုမျိုး ပရီးမီးယာလိဒ် အသင်းတသင်းကို မြန်မာလူမျိုးတယောက် ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်မယ်လို့  ယုံကြည်မိပါတယ်။ အေးဒီအချိန်ကတော့ ကျွန်တော်တို့ မြန်မာဘောလုံးသမားတွေ မြန်မာဘောလုံးပရိတ်သက်အတွက် ရွှေခေတ်ဆိုတာကို စောင့်မျော်စိတ်ကူးယဉ်ရင်း….။
ထာဝရ အာဆင်နယ်ဖန်
ဒဿဂီရိ

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }