Sunday, September 18, 2011

မလေးရှားရောက် ရွှေမြန်မာတွေ

မပြောမဖြစ်လို့ ပြောရဦးမယ်….

မလေးရှားရောက် ရွှေမြန်မာတွေ အကြောင်းပါ…. ယောင်္ကျားလေး မိန်းခလေး အားလုံးပါပဲ …

ကိုယ့် ဘဝ အဆင်ပြေဖို့အတွက်အခုတည်းနဲ့တော့ တန်းဖိုးရှိတဲ့ ကိုယ့် ဘဝကိုရောင်းမစားချင်ကြပါနဲ့ဗျာ..

မိန်းခလေးတွေပေါ့ တော်တော်များများဟာ… ဘာမဟုတ်တဲ့ လူမျိုးခြားတွေနဲ့ကြိုက်ကြ ချစ်ကြ (ချစ်တယ်လို့တော့ ပြောလို့ရမယ် မထင်ဘူး)

အတူတူနေ နေကြတာတွေကို တွေ့နေ မြင်နေရတာ ကျွန်တော့် စိတ်ထဲ တော်တော်လေးကို ခံပြင်းမိတယ်(ခံပြင်းမိတယ်ဆိုတော့ ကိုယ့်လာမကြိုက်လို့ လို့မထင်ကြနဲ့ဦးနော်)

ဘာကြောင့်လဲ ဆိုတော့ ရတဲ့လစာက နည်းနည်း ငွေဈေးတွေက အရမ်းကျနဲ့ အိမ်ကိုပို့ချင်ကြတာရယ် သူများတွေ ဝတ်သလို ဝတ်ချင်ကြတယ် သူများတွေ ဖုန်းအကောင်းစား ကိုင်တော့

ကိုယ်လဲ ကိုင်ချင်ကြတယ်..အဲ့ဒီတော့ သူတို့စဉ်းစားကြပြီလေ.. တယောက်ယောက်နဲ့တွဲလိုက်ရင် ရလာနိုင်တယ် ဆိုတာ သူဆို့သိနေတယ်လေ..

ဒါပေမဲ့ ကိုယ်က ဘာတွေပေးရမှာလဲ ဆိုတာလဲ သူတို့သိကြတယ်.. ကဲ သူတို့ဘာလုပ်ကြလဲ သိလား… ကြိုက်ကြတာပေါ့… ကျွန်တော် စဉ်းစားမိတယ်


မြန်မာပြည်က မိဘတွေကတော့ ငါ့ သမီးလေးက မလေးရှားမှာလေ ဘယ်လောက်ရတယ် တလ ဘယ်လောက်ပို့တယ်ပေါ့ (ဒီမှာ ဘာတွေလုပ်နေကြတယ် ဆိုတာ သူတို့မသိကြဘူး ထင်ပ)

တချို့တွေက ပျက်စီးနေကြတယ်လို့ ကျွန်တော် မပြောချင်ပေမဲ့ (မပြောရဲဘူးဗျ) ကိုယ့် လမ်းကိုလျောက်နေကြတာပဲလေ သွားပြောတော့လဲ ကိုယ့်တောင် ပြန်ဆဲကြသေးတယ်..

(သေနာကောင် ငါ့ ဟာ ငါ ဘာဖြစ်ဖြစ်တဲ့ နင် ပေးရတာ မဟုတ်ဘူးတဲ့) ကဲ ပြောမိတဲ့ ကျွန်တော် တမိတယ် နောင်တ မှားပါတယ် ပေါ့… ဒါပေမဲ့ မြင်နေတာများတော့ ပြောချင်မိတယ်

တခုပေါ့ ပေးချင်မိတဲ့ သတင်းစကားလေးပါ မြန်မာပြည်က ထွက်မလာခင်က အားလုံးပဲ ရည်မှန်းချက်တွေ ကိုယ်စီရှိခဲ့ကြမှာပါ အဲ့ဒီ ရည်မှန်ချက်တွေ ပြည့်ဖို့တခုတည်း အတွက်နဲ့တော့

ကိုယ့်ဘဝကို ချရောင်းရလောက်အောင် အထိတော့ မမိုက်မဲသင့်ဘူး ထင်ပါတယ် မိန်းခလေး တယောက်ရဲ့တန်းဖိုးဟာ ဘာလဲဆိုတာ မိန်းခလေးတွေ သိပြီးသားပါ…

အဲ့ဒီ တန်ဖိုးဆိုတာကို ထိန်းသိမ်းသင့်တယ်လို့ ထင်လို့ ကျွန်တော် သူများတွေ အမုန်းခံပြီး လိုက်ပြောနေမိတာ နောက်တခုပေါ့ မြန်မာ အမျိုးသားတွေကလဲ ကိုယ့်မြန်မာ အမျိုးသားချင်း

မကူညီနိုင်ရင်တောင် မြန်မာ အချင်းချင်းတော့ အညွန့်မချိုးချင်ကြပါနဲ့ဗျာ.. ကိုယ်က ကိုယ့်ဘဝ ခဏတာလေး ပျော်ရွှင်ဖို့အတွက်တော့ မြန်မာ အချင်းချင်း တာဝန်မဲ့ကြတာဟာ မကောင်းဘူးပေါ့

ကိုယ့်မှာလဲ ညီမတွေ ရှိကြမှာပါ.. ကိုယ်ချင်းစာကြပါဗျာ..ကိုယ့်ရှေ့မှာ အမြင်မတော်တာတွေ့ရင် သတိပေးရမဲ့ အစား

ကိုယ်ကပါ လိုက်စချင်ကြတာမျိုးတွေ တွေ့ရပါတယ်... ကျွန်တော် အရင်က စက်ရုံတခုမှာ သွားလုပ်ဖူးပါတယ်... အဲ့ဒီမှာ

မြန်မာမိန်းခလေးတွေ တော်တော်များများဟာ ဘင်္ဂလား ဆိုတဲ့လူမျိုးတွေ နီပေါလူမျိုးတွေနဲ့ အတူတူနေ နေကြတာ တွေ့ရတယ်..

ကျွန်တော် စိတ်ထဲတော်တော်လေးကို ခံပြင်းမိပါတယ်....(ငါ့ကျတော့ မကြိုက်ကြဘူးလို့လဲ မပြောပါဘူး)..

ဘာကြောင့်များ ကိုယ့်လူမျိုး ကိုယ့်ဘာသာ မဟုတ်တဲ့ လူတွေကို ကြိုက်ကြတာလဲ.... ငွေ ရဖို့ အဆင်ပြေဖို့ တခုအတွက်နဲ့

ကိုယ့်ဘဝကို ကိုယ်တန်းဖိုးမထားတတ်ကျတာကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်....

ဒီထက်ဆိုးတာ တခုက အဲ့ဒီ စက်ရုံမှာ မြန်မာ အမျိုးသားတွေလဲ အများကြီးရှိကြပါတယ်... ကိုယ်က လမ်းမပြနိုင်ခဲ့ရင်တောင်

ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေလိုက်တာက ကောင်းပါသေးတယ်... အခုတော့ဗျာ.. ကျွန်တော် အိမ်သာသွားတက်လိုက်တယ်...

ဟိုဒီကြည့်ရင် ကိုယ့်ရှေ့က အိမ်သာတံခါးမှာ ရေးထားတဲ့ စာကိုဖတ်ပြီး.... ရေရွတ်မိလိုက်ပါတယ်.. (သေပြီ ဆရာ)...

ရေးထားတာက မြန်မာလိုကော English လိုပါ ရေးထားတာက ( မ.... Rm 30 ကြိုက်တဲ့ အချိန်ခေါ်တဲ့) ( call myanmar girl Rm 30)

နောက်မှာ ဖုန်းနံပါတ်ပါ ရေးထားပေးသေးတယ်... သွားပြီပေါ့ ဒီလောက် လူမျိုးစုံ အလုပ် လုပ်နေတဲ့ နေရာက အိမ်သာမှာ ရေးထားတာ

မြန်မာ မိန်းခလေးတွေ အကုန်လုံးကို အဖတ်ဆယ်မရအောင် ဖြစ် ကုန်ပြီ.....

စပ်မိ စပ်ရာ ကောင်လေးတယောက်ကို မေးကြည့်တော့ အဲ့ဒီစာတွေက ကောင်မလေးတွေက ပြန်မကြိုက်လို့ ဆိုပြီး မြန်မာ ကောင်လေးတွေ ရေးထားတာတဲ့လေ...

ကဲဘယ်လို လုပ်ကြမလဲ ကောင်းကြရောပေါ့....

မစားရတဲ့ အမဲ သဲနဲ့မပက်ရဘူးလို့တော့ မပြောပါဘူး...

ဒါပေမဲ့ ကိုယ့်အမျိုးဘာသာကို ထိခိုက်တဲ့ လုပ်ရပ်မျိုးတွေကို တတ်နိုင် သလောက်ထိန်းသိမ်းကြစေချင်ပါတယ်

ိကိုယ့်ဂုဏ် ကိုယ့်အမျိုးရဲ့ ဂုဏ်ကို တတ်နိုင်သလောက် ထိန်းသိမ်းကြပါလို့

ပြောချင်ပါတယ်......

တတ်သိလွန်းလို့ မဟုတ်ပါဘူး.... တွေ့မိမြင်မိခဲ့တဲ့ အထဲက စိတ်မကောင်းဖြစ်မိတာလေးတွေကို

ပြန်လည်မျှဝေရင် မြန်မာ အမျိုးသား အမျိုးသမီးတွေ သတိထားကြစေလိုတဲ့ ရည်ရွယ်ချက်နဲ

ဒီပို့စ်လေးကို ရေးလိုက်တာပါ..

အားလုံးပဲ မှားတာရှိက ခွင့်ကြပါရန် အနူးအညွှတ်တောင်းပန်ရင်း

လေးစားစွာဖြင့်....

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }