![]()
စက်တင်ဘာလ ၁၃ရက်နေ့ က ပါကစ္စတန်နိုင်ငံ ဆင်းပြည်နယ် ဘာဒင်ခရိုင်၌ ရေဘေးဒုက္ခသည်များကို တွေ့မြင်ရပုံဖြစ်သည်။ ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားပြီး လူပေါင်း ၂၇ဝ သေဆုံးကာ လူပေါင်း ၂၈ဝ,ဝဝဝ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသောကြောင့် ပါကစ္စတန်နိုင်ငံက နိုင်ငံတကာသို့ အကူအညီများ တောင်းခံထားသည်။ ပါကစ္စတန်နိုင်ငံတွင် ရေဘေးဒုက္ခကြောင့် အစားအစာပြတ်လပ် မှုမှာ လွန်ခဲ့သည့်နှစ်ကထက် များစွာပိုမို ဆိုးရွားလိမ့်မည်ဟု ဆိုသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းပြည်၏ ဧရိယာ ငါးပုံတစ်ပုံမှာ ရေလွှမ်းမိုးခံရကာ လူပေါင်း ၂၁သန်း ရေဘေးဒုက္ခ ကြုံတွေ့ ရသည်ဟုဆိုသည်။
No comments:
Post a Comment