ဖိလစ်ပိုင်တွင် နန်းမာဒေါလ် တိုင်ဖွန်းဒဏ် လူရှစ်ဦး သေဆုံး
ဖိလစ်ပိုင်တွင် နန်းမာဒေါလ် တိုင်ဖွန်းဒဏ်၊ ရေလွှမ်းမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာ လူသေမှု များလည်းရှိသည်။
ဖိလစ်ပိုင်နိုင်ငံတွင် နန်းမာဒေါလ် တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်သွားရာ အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့သည်။ မုန်တိုင်းသည် ထိုင်ဝမ်သို့ ဦးတည်တိုက်ခတ်သွားရာ တင်္နလာ (၂၉.၈.၂၀၁၁) နေ့ နံနက်တွင် ထိုင်ဝမ်ကမ်းခြေ
သို့ ဆိုက်ရောက်နိုင်သည်ဟု ဗဟိုမိုးလေဝသဌာန (Central Weather Bureau)မှ ပြောသည်။
မုန်တိုင်းသည် ဖိလစ်ပိုင်တွင် တိုက်ခတ်စဉ်က တစ်နာရီလျှင် ၂၃၀ ကီလိုမီတာနှုန်း (တစ်နာရီလျှင် ၁၄၅ မိုင်နှုန်း) အထိရောက်ရှိခဲ့သည်။ ဖိလစ်ပိုင် အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများအား ဦးစားပေးလုပ်ဆောင်နေပြီး၊ နေရာအများတွင် အရေးပေါ်အခြေအနေများ ကြေညာလိုက်သည်။
အားပြင်းသော လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုတို့ကြောင့် ရေလွှမ်းခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပွားရာ ကြီးမားသောလမ်းပိတ်ဆို့မှု ၂၀ ခန့်ရှိပြီး တံတားများလည်း ကျိုးကျကြသည်ဟု အရပ်ဘက် ကာကွယ်ရေးဌာန အကြီးအကဲ ဘေနီတို ရားမို့စ်က (Benito Ramos) ပြောသည်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံအား တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက် တိုက်ခတ်လေ့ရှိရာ ဇူလိုင်လတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နော့က်တဲန်း (Nock-ten) နှင့် မူအီဖာ (Muifa) တိုင်ဖွန်းမုန်တိုင်းတို့ကြောင့်  လူ ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့သည်။
Ref : Internet
Typhoon Nanmadol kills eight in the Philippines (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
ဖိလစ်ပိုင်နိုင်ငံတွင် နန်းမာဒေါလ် တိုင်ဖွန်း မုန်တိုင်း တိုက်ခတ်သွားရာ အနည်းဆုံး လူရှစ်ဦးသေဆုံးခဲ့သည်။ မုန်တိုင်းသည် ထိုင်ဝမ်သို့ ဦးတည်တိုက်ခတ်သွားရာ တင်္နလာ (၂၉.၈.၂၀၁၁) နေ့ နံနက်တွင် ထိုင်ဝမ်ကမ်းခြေ
သို့ ဆိုက်ရောက်နိုင်သည်ဟု ဗဟိုမိုးလေဝသဌာန (Central Weather Bureau)မှ ပြောသည်။
မုန်တိုင်းသည် ဖိလစ်ပိုင်တွင် တိုက်ခတ်စဉ်က တစ်နာရီလျှင် ၂၃၀ ကီလိုမီတာနှုန်း (တစ်နာရီလျှင် ၁၄၅ မိုင်နှုန်း) အထိရောက်ရှိခဲ့သည်။ ဖိလစ်ပိုင် အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများအား ဦးစားပေးလုပ်ဆောင်နေပြီး၊ နေရာအများတွင် အရေးပေါ်အခြေအနေများ ကြေညာလိုက်သည်။
အားပြင်းသော လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုတို့ကြောင့် ရေလွှမ်းခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပွားရာ ကြီးမားသောလမ်းပိတ်ဆို့မှု ၂၀ ခန့်ရှိပြီး တံတားများလည်း ကျိုးကျကြသည်ဟု အရပ်ဘက် ကာကွယ်ရေးဌာန အကြီးအကဲ ဘေနီတို ရားမို့စ်က (Benito Ramos) ပြောသည်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံအား တိုင်ဖွန်း ၂၀ ခန့် ဝင်ရောက် တိုက်ခတ်လေ့ရှိရာ ဇူလိုင်လတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နော့က်တဲန်း (Nock-ten) နှင့် မူအီဖာ (Muifa) တိုင်ဖွန်းမုန်တိုင်းတို့ကြောင်
Ref : Internet
Typhoon Nanmadol kills eight in the Philippines (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)
No comments:
Post a Comment