Monday, September 5, 2011

အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် စတင်ဖွင့်လှစ်

အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် စတင်ဖွင့်လှစ်

OMyanmar Online Shopping Mall Kicked-Off

OMyanmar Online Shopping Mall Kicked-Off

iBiz Service Provider Co., Ltd. မှ အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ် (www.omyanmar.com) ကို သြဂုတ်လ ၁၃ ရက်နေ့ က မြန်မာအင်ဖိုတက်ခ်၊ Conference Hall တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ အိုမြန်မာ အွန်လိုင်းရှော့ပင်းမောလ်တွင် ပြင်ပ ရှော့ပင်းမောလ်များကဲ့သို့ ပြခန်း၊ ဆိုင်ခန်းများပါဝင်ကာ၊ ပြည်တွင်း ပြည်ပမှ ဈေးဝယ်သူများ အနေ နဲ့ ၂၄ နာရီ ပိတ်ရက်မရှိ ၀ယ်ယူနိုင်မည်ဖြစ်သည်။

“ဈေးဝယ်သူတွေအနေနဲ့အခုဆိုရင် အင်တာနက်ရှိတဲ့ မည့်သည့်နေရာမျိုးကနေမဆို ကြိုက်တဲ့အချိန်အလွယ်တကူ ၀င်ရောက်ကြည့်ရှု ၀ယ်ယူလို့ရမှာပါ။ ဒီ အွန်လိုင်းရှော့ပင်းမောလ်ကြီးမှ
ာ ဈေးဝယ်သူတွေအနေနဲ့ မိမိ ၀ယ်ယူထားတဲ့ ပစ0x081စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ ပက်သက်ပြီးတော့လည်း ကိုယ့်ရဲ့ ထင်မြင်ချက်တွေကို လွတ်လွတ်လပ်လပ် ၀င်ရောက် ရေးသားလို့ရမှာပါ။” ဟု iBiz တည်ထောင်သူ ဦးဝင်းထွန်းမှ ပြောကြားသည်။

အိုမြန်မာအွန်လိုင်းရှော့ပင်းမောလ်တွင် နာရီနန်းတော်၊ Shine Group of Companies၊ Nibban၊ Chigo အစရှိသည့် ကုမ0x081ပဏီများမှ ၄င်းတို့၏ ဆိုင်ခန်းများကို ၀င်ရောက် ခင်းကျင်းပြသထားသည်။

iBiz Service Provider Co., Ltd. ကို ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ထူထောင်ခဲ့ပြီး၊ အွန်လိုင်း ကမ0x081ဘာ့ဖလား ဘောလုံးခန့်မှန်း ပြိုင်ပွဲ၊ အွန်လိုင်း ဓါတ်ပုံပြပွဲ နှင့် အွန်လိုင်းကုန်စည်ပြပွဲ ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ကာ ပြည်တွင်း ပြည်ပ မှ ၀င်ရောက်လေ့လာ ကြည့်ရှုသူ စုစု ပေါင်း ၁၈ သိန်းကျော်ရှိခဲ့သည်။

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }