Friday, September 9, 2011

ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း

ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း


ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း
ယနေ့ ယှဉ်ပြိုင် ပြီးသွားခဲ့သော ယူရို ၂၀၁၂ အုပ်စု အားလုံး၏ ခြေစစ်ပွဲစဉ်များ အကြောင်း တစေ့တစောင်း

ယမန်နေ့က ကန်ပြီးသွားခဲ့သော ယူရို ၂၀၁၂ အတွက် ခြေစစ်ပွဲစဉ်များ အတွင်းတွင် အသင်းကြီး အားလုံး ရလဒ်များ ကောင်းမွန်ခဲ့ကြ သည်ကို တွေ့ခဲ့ရသည်။ အဆိုပါ ခြေစစ်ပွဲစဉ် အတွင်း ခြေအစွာဆုံး အသင်း အဖြစ် ဟော်လန် အသင်းက ဦးဆောင်သွားခဲ့သည်။ ဟော်လန် အသင်းသည် ဆန် မာရီနို အသင်းအား ၁၁ ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။

ယူရို ၂၀၁၂ အုပ်စု(A)

ဂျာမဏီ ၆-၂ သြစတြီးယား
ဂျာမဏီ အသင်းသည် အဖွင့်ဂိုးအား စောစီးစွာ ရရှိသွားခဲ့ပြီး ရီးရဲ မက်ဒရစ် ကွင်းလယ် ကစားသမား ဖြစ်သူ အိုဇေးလ်မှ ပွဲချိန် ၈ မိနစ်တွင် အဖွင့်ဂိုး ရယူပေးခဲ့သည်။ အိုဇေးသည် ယနေ့ပွဲတွင် ဟက်ဒရစ် ရယူသွားခဲ့သည်။ ဂျာမဏီတို့သည် ပွဲချိန် ၂၃ မိနစ်တွင် အိုဇေး၏ ဒုတိယဂိုးနှင့် ပွဲချိန် ၂၈ မိနစ်တွင် ပိုဒေါစကီး၏ ဂိုးဖြင့် ဆက်တိုက်ဆိုသလို ရယူသွားခဲ့ကြသည်။ သြစတြီးယား အသင်းသည် ပွဲချိန် ၄၂ မိနစ်တွင် Marko Arnautovic ၏ သွင်းဂိုးဖြင့် ချေပဂိုး တစ်ဂိုး ရရှိခဲ့သည်။



ဒုတိယပိုင်း ပွဲစစချင်းတွင် အိုဇေးလ်၏ ဟက်ဒရစ် ဂိုးဖြစ်စေမည့် စတုတ္ထဂိုးအား ပွဲချိန် ၄၇ မိနစ်တွင် ရယူနိုင်ခဲ့သည်။ ယင်းနောက် သြစတြီးယား အသင်းမှ ပွဲချိန် ၅၁ မိနစ်တွင် Martin Harnik ၏သွင်းဂိုးဖြင့် ချေပဂိုး နောက်ထပ် တစ်ဂိုး ရယူခဲ့ပြန်သည်။

၎-၂ ဖြစ်ခဲ့ပြီးနောက် ဂျာမဏီအသင်းမှ ပိုဒေါစကီး အစား လူစားဝင်ရောက်ခဲ့သော Andre Schurrle မှ ၈၄ မိနစ်တွင် ဂျာမဏီအတွက် ၅ ဂိုးမြောက်ဂိုးနှင့် ပွဲချိန် ၈၉ တွင် Mario Gotze တို့က ၆ လုံးမြောက် အနိုင်ဂိုးတို့အား အသီးသီး သွင်းယူ ခဲ့ကြသည်။ ပွဲအပြီးတွင် ဂျာမဏီ အသင်းသည် သြစတြီးယား အသင်းအား ၆-၂ ဖြင့် အနိုင်ယူကာ အုပ်စုအား ဦးဆောင် ထားနိုင်ခဲ့သည်။

တူရကီ ၂-၁ ကာဇစ္စတန်
နည်းပြ ဂူဟင့်ဒစ် ဦးဆောင်သော တူရကီ အသင်းသည် ယနေ့ပွဲတွင် ကာဇစ္စတန် အသင်းအား ၂-၁ ရလဒ်ဖြင့် ကပ်လျှက် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်အတွင်း တူရကီ အသင်း၏ အနိုင်ဂိုးများအား ပွဲချိန် ၃၁ မိနစ်နှင့် ပွဲပြီးခါနီး မိနစ် ၉၀ တွင်းမှ အနိုင်ဂိုး ရရှိခဲ့ခြင်း ဖြစ်သည်။ ကာစစ္စတန် အသင်း၏ တစ်လုံးတည်းသော ခြေပဂိုးအား ၅၅ မိနစ်တွင် Ulan Konysbaev မှ သွင်းယူသွားခဲ့ကြောင်း သိရသည်။

အဇာဘိုင်ဂျန် ၁-၁ ဘယ်ဂျီယံ
အုပ်စု(A) ပွဲစဉ် တစ်ခု ဖြစ်သော အဇာ ဘိုင်ဂျန် နှင့် ဘယ်ဂျီယံ အသင်းတို့ ယှဉ်ပြိုင်မှုတွင် တစ်ဘက် တစ်ဂိုးစီ သရေ ရလဒ် ရရှိသွားခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံ အသင်းမှ ဦးဆောင်ဂိုးအား ဒုတိယပိုင်း ၅၅ မိနစ် အရောက်တွင် Timmy Simons မှ ပင်နယ်တီဖြင့် ကန်သွင်းယူခဲ့ပြီး အဖွင့်ဂိုး ရယူခဲ့သည်။ အဇာဘိုင်ဂျန် အသင်း၏ ချေပဂိုးအား ပွဲချိန် ၈၆ မိနစ်တွင် Rauf Aliev မှပြန်လည် ချေပခဲ့ကြောင်း သိရသည်။



ယူရို ၂၀၁၂ ခြေစစ်ပွဲ အုပ်စု (B)

အင်ဒိုရာ ၀-၃ အယ်မေးနီးယား
အုပ်စု(ဘီ) တွင် အင်ဒိုရာနှင့် အယ်မေးနီးယား အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ အယ်မေးနီးယားမှ ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အယ်မေးနီးယား အသင်းသည် ပွဲချိန် ၃၅ မိနစ်တွင် Pizzelli ၏ အဖွင့်ဂိုးဖြင့် စတင် ဂိုးရရှိခဲ့ပြီးနောက် ပွဲချိန် ၇၄ မိနစ်တွင် Gevorg Ghazaryan နှင့် ပွဲပြီးခါနီး အချိန်တွင်းမှ နောက်ထပ် အနိုင်ဂိုး တစ်ဂိုးအား Aghvan Mkrtchyan မှ ပင်နယ်တီအား ကန်သွင်းယူခဲ့ပြီး ပွဲပြီးတွင် ၃ ဂိုးပြတ်ဖြင့် အယ်မေးနီးယား အသင်းမှ အနိုင်ရရှိသွားခဲ့သည်။

အိုင်ယာလန် ၀-၀ စလိုဗက်ကီးယား
အိုင်ယာလန်နှင့် စလိုဗက်ကီးယား အသင်းတို့သည် ၀-၀ သရေ ရလဒ်ဖြင့် ပွဲပြီးသွားကြောင်း သိရသည်။ အဆိုပါ ရလဒ်ကြောင့် အိုင်ယာလန် အသင်းသည် ပွဲပေါင်း ၇ ပွဲကစားခဲ့ပြီး အုပ်စုတွင်း ဒုတိယ နေရာအား ရယူထားနိုင်ခဲ့သည်။ သို့သော် လာမည့် ယခုလ ၆ ရက်နေ့တွင် အုပ်စု ဦးဆောင်သူ ရုရှား အသင်းဖြင့် ကစားရမည် ဖြစ်သည်။

ရုရှား ၁-၀ မာစီဒိုးနီးယား
အုပ်စု(ဘီ) အတွင်း ရုရှား အသင်းသည် မာစီဒိုးနီးယား အသင်းအား ယနေ့ အနိုင်ကန်သွားပြီးနောက် အုပ်စုအား ဦးဆောင် နိုင်ခဲ့ပြီ ဖြစ်သည်။ ရုရှား အသင်းသည် Igor Semshov ၏ ပွဲချိန် ၄၁ မိနစ်တွင် ရရှိခဲ့သော တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် ယခုကဲ့သို့ ဦးဆောင် နိုင်ခဲ့ခြင်း ဖြစ်ပြီး လာမယ့် ၆ ရက်နေ့တွင် ကပ်ရပ် အသင်း ဖြစ်သော အိုင်ယာလန် အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

ယူရို ၂၀၁၂ အုပ်စု (C)
ဖာရိုကျွန်းစု ၀-၁ အီတလီ
အုပ်စု (စီ) ဦးဆောင်သူ အီတလီ အသင်းသည် ဖာရို ကျွန်းစု အသင်းအား ၀-၁ ရလဒ်ဖြင့်ကပ်နိုင်ခဲ့သည်။ အီတလီ အသင်းမှ ပွဲစပြီး သိပ်မကြာခင် ပွဲချိန် ၁၁ မိနစ် အတွင်း ကာဆာနို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရလဒ်အား ပိုင်ဆိုင်သွားခဲ့သည်။ ကာဆာနိုသည် ပွဲချိန် ၈၆ မိနစ်တွင် မန်စီးတီး တိုက်စစ်မှူး ဘာလိုတယ်လီနှင့် လူစားလဲလှယ် ခဲ့သည်။

မြောက်အိုင်ယာလန် ၀-၁ ဆားဘီးယား

ဆာဘီးယား အသင်းသည် မြော်ကအိုင်ယာလန် အသင်းအား တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ ပွဲချိန် ၆၇ မိနစ်အရောက်တွင် ပန်တယ်လစ် (Marko Pantelic)၏ သွင်းဂိုးသည် ဆာဘီးယား သားတို့ အတွက် အနိုင်ရလဒ် အဖြစ် လုံလောက် စေခဲ့ပေသည်။

စလိုဘေးနီးယား ၁-၂ အီသူးနီးယား
ယနေ့ယှဉ်ပြိုင်ခဲ့သော စလိုဘေးနီးယား အသင်းနှင့် အီသူးနီးယား အသင်းတို့တွင် အီသူးနီးယား အသင်းမှ အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။ ပထမပိုင်း ၂၉ မိနစ်တွင် အီသူးနီးယား အသင်းမှ ရရှိခဲ့သော ပင်နယ်သီအား Konstantin Vassiljev က ကန်သွင်းယူခဲ့ပြီး အီသူးနီးယား အသင်း ဦးဆောင် ထားနိုင်ခဲ့သည်။ သို့သော် ပွဲချိန် ၇၈ မိနစ်တွင် စလိုဘေးနီးယား အသင်းမှ Tim Matavz မှ ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ သိပ်မကြာလိုက်ပဲ ပွဲချိန် ၈၁ မိနစ်တွင် အီသူးနီးယား အသင်းမှ Ats Purje က အီသူးနီးယား အတွက် အနိုင်ဂိုး သွင်းယူ ပေးခဲ့မှုကြောင့် အီသူုးနီးယားတို့သည် အနိုင်ရလဒ်အား သိမ်းပိုက်နိုင် သွားခဲ့သည်။



ယူရို ၂၀၁၂ အုပ်စု (D)
လူဇင်ဘတ် ၀-၂ ရိုမေးနီးယား
အုပ်စု (ဒီ)တွင် ကျရောက်လျှက် ရှိသော လူဇင်ဘတ်နှင့် ရိုမေးနီးယား အသင်းတို့သည် ယနေ့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရိုမေးနီးယား အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိသွားခဲ့ကြောင်း သိရသည်။ ရိုမေးနီးယား အသင်းသည် အနိုင်ဂိုး နှစ်ဂိုး စလုံးအား ပထမပိုင်း အတွင်း သွင်းယူခဲ့ကြပြီး တစ်ဦးတည်းမှ သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။ ပွဲချိန် ၃၄ မိနစ်နှင့် ၄၅ မိနစ်တွင် ရိုမေးနီးယား အသင်း၏ ကွင်းလယ် ကစားသမား ဖြစ်သူ Gabriel Torje တိုဂျီ မှ တစ်ဦးတည်း နှစ်ဂိုး သွင်းကာ ရိုမေးနီးယား အသင်းအား အနိုင်ရရှိအောင် စွမ်းဆောင် ပေးသွားခဲ့သည်။

ဘီလာရုဇ် ၀-၂ ဘော့စနီးယား
ဘီလာရုဇ်နှင့် ဘော့စနီးယား အသင်းတို့ ယနေ့ ယှဉ်ပြိုင် ကစားခဲ့ရာ ဘော့စနီးယား အသင်းမှ ၂ ဂိုး ဂိုးမရှိဖြင့် ဘီလာရုဇ် အသင်းအား အနိုင်ရရှိသွားကြောင်း သိရသည်။ ပင်နယ်တီမှ ရရှိလာခဲ့သော ဂိုးအား Sejad Salihovic မှပွဲချိန် ၂၁ မိနစ်တွင် ဘော့စနီးယား အတွက် အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့ပြီး နောက်ထပ် သုံးမိနစ် အကြာ ပွဲချိန် ၂၄ မိနစ်တွင် Haris Medunjanin မှ ဘော့စနီးယား အတွက် ဒုတိယ အနိုင်ဂိုးအား သွင်းယူပေးခဲ့ကြောင်း သိရသည်။

အယ်လ်ဘေးနီးယား ၁-၂ ပြင်သစ်
အုပ်စု(ဒီ) ဦးဆောင်သူ နာမည်ကြီး ပြင်သစ် အသင်းသည် ယခုပွဲ ကပ်ရပ် အနိုင်ရလဒ်ကြောင့် အုပ်စုအား ဆက်လက် ဦးဆောင် ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ပွဲချိန် ၁၁ မိနစ်တွင် ရီးရဲမက်ဒရစ် တိုက်စစ်မှူး ဖြစ်သူ ဘန်ဇီမာမှ အဖွင့်ဂိုးအား ပြင်သစ် အသင်းအတွက် စောစီးစွာ သွင်းယူပေးခဲ့ပြီး ကပ်လျှက် ပွဲချိန် ၁၈ မိနစ်တွင် အမ်ဗီလာ (Yann Mvila)မှ ဒုတိယဦးဆောင် ဂိုးအား သွင်းယူခဲ့ခြင်း ဖြစ်သည်။ အယ်လ်ဘေးနီးယား အသင်း၏ ချေပဂိုးအား ပွဲချိန် ၄၆ မိနစ်တွင် Erjon Bogdani မှ သွင်းယူသွားခဲ့ခြင်း ဖြစ်သည်။



ယူရို ၂၀၁၂ အုပ်စု (E)
ဟော်လန် ၁၁-၀ ဆမ်မာရီနို
ပြတ်သားလှသော ခြေစွမ်းနှင့် အတူ အုပ်စု(အီး)အား ဦးဆောင် ထားသော ဟော်လန် အသင်းသည် ယနေ့တွင်လည်း ဆမ်မာရီနို အသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီ၏ တစ်ဦးတည်း ၄ ဂိုးသွင်းယူမှုကလည်း အာဆင်နယ် အသင်းတွင် မပေါက်ကွဲ ရသဖြင့် နိုင်ငံ အသင်းတွင် ပေါက်ကွဲရော့ လေသလားဟု မေးရလောက်အောင် ဖြစ်ခဲ့သည်။ ဂိုးများအား ဆက်တိုက်ဆိုသလို သွင်းယူခဲ့သော ဟော်လန် အသင်းအား ဆမ်မာရီနိုတို့ ဘယ်လိုမှ ယှဉ်မရ ဖြစ်ခဲ့သည်။

အဖွင့်ဂိုးအား ပွဲချိန် ၇ မိနစ်တွင် ဗန်ပါစီ၊ ၁၂ မိနစ်တွင် အင်တာ ကွင်းလယ် ကစားသမား စနိုက်ဒါ၊ ၁၇ မိနစ်တွင် ဟိန့်တင်ဂါ၊ ဒုတိယပိုင်း ၄၉ မိနစ်တွင် လီဗာပူးလ် ကွင်းလယ်လူ ကူရစ်၊ ၅၆ မိနစ်တွင် ယူရို ၂၀၁၂ ပွဲစဉ် ယခုချိန် အထိ အများဆုံး ဂိုးသွင်းယူ ထားပြီး ၁၀ ဂိုးဖြင့် ဦးဆောင်နေသည့် ဟန်တယ်လာ၊ ၆၅ နှင့် ၆၇ မိနစ် တွင် ဗန်ပါစီ၊ ၇၇ မိနစ်တွင် ဟန်တယ်လာ၊ ၇၉ မိနစ်တွင် ဗန်ပါစီ၏ စတုတ္ထဂိုး၊ ၈၇ မိနစ်တွင် စနိုက်ဒါ၏ ဒုတိယမြောက်ဂိုး၊ ၈၉ မိနစ်တွင် Georginio Wijnaldum တို့မှ အသီးသီး သွင်းယူ ခဲ့ကြသည်။

ဟန်ဂေရီ ၂-၁ ဆွီဒင်
ဟန်ဂေရီတို့သည် ဆွီဒင် အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲဖြစ်သည်။ ၄၄ မိနစ်တွင် Imre Szabics မှ ဟန်ဂေရီ အတွက် ဦးဆောင်ဂိုးအား စတင် သွင်းယူ ပေးခဲ့ပြီး မိနစ် ၆၀ အရောက်တွင် ဆွီဒင် အသင်းမှ Christian Wilhelmsson မှ ပြန်လည် ချေပခဲ့သည်။ ဟန်ဂေရီ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးအား ပွဲချိန် မိနစ် ၉၀ တွင် Gergely Rudolf က သွင်းယူပေးခဲ့ကြောင်းသိရသည်။

ဖင်လန် ၄-၁ မော်ဒိုဗာ
ဖင်လန် အသင်းအတွက် ပွဲစစချင်း ၁၁ မိနစ်နှင့် ၄၃ မိနစ်တို့တွင် ဖင်လန် ကွင်းလယ် ကစားသမား ဖြစ်သူ Kasper Hamalainen မှ တစ်ဦးတည်း နှစ်ဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။၅၂ မိနစ်တွင် ဖင်လန် အသင်းအတွက် တတိယ အနိုင်ဂိုးအား Mikael Forssell မှရရှိလာခဲ့သော ပင်နယ်တီအား ဂိုးအဖြစ် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် မိနစ် ၇၀ တွင် ဖင်လန် အသင်းအတွက် စတုတ္ထမြောက် အနိုင်ဂိုးအား မော်ဒိုဗာ နောက်ခံလူ Igor Armas ၏ လက်ဆောင်ဂိုးဖြင့် ဖင်လန် အသင်း ဂိုးပြတ် ဦးဆောင် ထားနိုင်ခဲ့သည်။ မော်ဒိုဘာ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးအား ပွဲချိန် ၈၅ မိနစ်တွင် Serghei Alexeev မှ ပြန်လည် သွင်းယူခဲ့သည်။

ယူရို ၂၀၁၂ အုပ်စု (F)
အစ္စရေး ၀-၁ ဂရိ
နှစ်ဘက် အသင်း နှစ်သင်း အဝါကတ် ထပ်ခဲ့သော ပွဲစဉ်ဖြစ်ပြီး ဂရိတို့သည် အစ္စရေးအား ဂိုးကပ်ရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ဂရိ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ အရောက်တွင် Sotirios Ninis ၏ ဂိုးဖြင့် ဂရိတို့ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မယ်တာ ၁-၃ ခရိုအေးရှား
ခရိုအေးရှား အသင်းက အပြတ် အနိုင်ယူခဲ့သော ပွဲစဉ်ဖြစ်သည်။ ပွဲစပြီး ၁၁ မိနစ်အရောက်တွင် ခရိုအေးရှားမှ Ognjen Vukojevic ၏ သွင်းဂိုးဖြင့် ခရိုအေးရှား အသင်းဦးဆောင် ထားနိုင်ခဲ့သည်။ ဒုတိယ ဦးဆောင် ဂိုးအား ၃၂ မိနစ် အရောက်တွင် ခရိုအေးရှားမှ Milan Badelj က သွင်းယူ ခဲ့ပြန်သည်။ ယင်းနောက် ၃၈ မိနစ်တွင် မယ်တာ အသင်းမှ ချေပဂိုးသွင်းယူသွားခဲ့ပြီး အဆိုပါ ဂိုးအား Michael Mifsud မှ သွင်းယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ခရိုအေးရှား အသင်းအတွက် အနိုင်သေချာစေသော တတိယ ဂိုးအား ပွဲချိန် ၆၈ မိနစ်တွင် Dejan Lovren က သွင်းယူ သွားခဲ့ကြောင်း သိရသည်။

ဂျော်ဂျီယာ ၀-၁ လက်ဗီးယား
ဂျော်ဂျီယာ အသင်းအား လက်ဗီးယားအသင်းမှ ၁-၀ ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။ ဒုတိယပိုင်း ပွဲချိန် ၆၄ မိနစ်တွင် လက်ဗီးယား ကွင်းလယ် ကစားသမား Aleksandrs Cauna မှ တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူသွားခဲ့ကြောင်း သိရသည်။



ယူရို ၂၀၁၂ အုပ်စု (G)
ဘူဂေးရီးယား ၀-၃ အင်္ဂလန်
အုပ်စု (ဂျီ)ရှိ ငါးသင်းတွင် ယနေ့ ပွဲအား နှစ်သင်းစီ လေးသင်း ယှဉ်ပြိုင်ခဲ့ကြရာ အုပ်စု ဦးဆောင်သူ အင်္ဂလန် အသင်းသည် ဘူဂေးရီးယား အသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပထမပိုင်း ၁၃ မိနစ် အတွင်း အင်္ဂလန် နောက်ခံ ကစားသမား ဖြစ်သူ ကာဟေးမှ အဖွင့်ဂိုးအား အင်္ဂလန် အတွက် သွင်းယူပေးခဲ့ပြီ့း  ပွဲချိန် ၂၁ မိနစ်တွင် တိုက်စစ်မှူး ဝိန်းရွန်းနီမှ ဒုတိယ အနိုင်ဂိုးအား သွင်းယူ ပေးခဲ့သည်။ အင်္ဂလန် အသင်းအတွက် တတိယ အနိုင်ဂိုးအား ပထမပိုင်း ပြီးခါနီး အချိန်ပို ၄၅ မိနစ်ကျော်အတွင်း တိုက်စစ်မှူး ဖြစ်သူ ဝိန်းရွန်းနီမှ သူ၏ ဒုတိယမြောက် ဂိုးအား သွင်းယူသွားပြီး အင်္ဂလန်တို့သည် အုပ်စု ဦးဆောင် နိုင်ခဲ့ကြသည်။

ဝေးလ် ၂-၁ မွန်တီနီဂရိုး
ဝေးလ် အသင်းသည် မောရစ်ဆွန်နှင့် ရမ်ဆေး တို့၏ သွင်းဂိုးဖြင့် မွန်တီ နီဂရိုး အသင်းအား ၂-၁ ရလဒ်ဖြင့် အုပ်စု (ဂျီ)တွင် နိုင်ပွဲ တစ်ပွဲ ရရှိခဲ့ကြောင်း သိရသည်။ ဝေးလ် အသင်း၏ ပထမဆုံး ဂိုးအား မောရစ်ဆွန်မှ ပွဲချိန် ၂၉ မိနစ်တွင် သွင်းယူ ခဲ့ခြင်း ဖြစ်ပြီး၊ ဒုတိယပိုင်း ၅၀ မိနစ်တွင် အာဆင်နယ် ကစားသမား ရမ်ဆေးက ဒုတိယ ဦးဆောင် ဂိုးအား ဝေးလ် အသင်းအတွက် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ မွန်တီနီဂရိုး အသင်းသည် ၇၁ မိနစ်တွင် Stevan Jovetic မှ ချေပဂိုး ပြန်လည် သွင်းယူခဲ့သော်လည်း ပွဲအပြီးတွင် ဝေးလ် အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယူရို ၂၀၁၂ အုပ်စု (H)
၅ သင်းသာ ရှိသော အဆိုပါ အုပ်စု အတွင်း ယနေ့ ပွဲစဉ်တွင် ဆိုက်ပရပ်စ် နှင့် ပေါ်တူဂီ ၊နော်ဝေးနှင့် အိုက်စလန်း အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ဆိုက်ပရပ်စ် ၀-၄ ပေါ်တူဂီ
အုပ်စု ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်သော ပေါ်တူဂီ အသင်းသည် ယနေ့တွင် ဂိုးပြတ် အနိုင်ရရှိခဲ့ကြသည်။ ပင်နယ်တီအား ခရစ်စတီယာနို ရိုနယ်ဒိုမှ ပွဲချိန် ၃၅ မိနစ်တွင် ကန်သွင်းယူပြီးနောက် ပေါ်တူဂီတို့ ဆက်တိုက် ဦးဆောင် နိုင်ခဲ့သည်။ ၈၂ မိနစ်တွင် ရိုနယ်ဒို၏ ဒုတိယ အနိုင်ဂိုး၊ ပွဲချိန် ၈၄ မိနစ်တွင် Hugo Almeida နှင့် မိနစ် ၉၀ အရောက်တွင် Danny Alves (အဲဗက်) တို့က အသီးသီး သွင်းယူခဲ့ကြကြောင်း သိရသည်။

နော်ဝေး ၁-၀ အိုက်စလန်း
နော်ဝေး အသင်းသည် အုပ်စု (အိပ်ခ်ျ) အတွင်း ပြိုင်ဘက် အိုက်စလန်း အသင်းအား တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တစ်လုံးတည်းသော ဂိုးအား ပွဲချိန် ပြီးခါနီး မိနစ် ၈၈ တွင် နော်ဝေး တိုက်စစ်မှူး ဖြစ်သူ Mohamed Abdellaoue က ရရှိလာသော ပင်နယ်တီအား ဂိုးအဖြစ် ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယူရို ၂၀၁၂ အုပ်စု (I)
ယင်းအုပ်စုတွင် ၅ သင်းရှိပြီး ယနေ့ပွဲစဉ် အတွင်း လစ်သူယေးနီးယားနှင့် လက်ချင်စတိန်း အသင်းတို့သာ ကစားခဲ့ကြပြီး ကျန်ရှိသည့် ပွဲစဉ်များအား ၃.၉.၂၀၁၁ နှင့် ၆.၉.၂၀၁၁ များတွင် ယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။ အဆိုပါ အုပ်စုတွင်း လက်ရှိ ချန်ပီယံ စပိန် အသင်း၊ ချက် နှင့် စကော့ တလန် အသင်းတို့ ဖြစ်သည်။

လစ်သူယေးနီးယား ၀-၀ လက်ချင်စတိန်း
အဆိုပါ နှစ်သင်း စလုံးသည် တစ်ဘက်နှင့် တစ်ဘက် ဂိုးရရှိမှု မရှိပဲ သရေ ရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။ လစ်သူယေးနီးယား အသင်း၏ ကွင်းလယ် ကစားသမား ဖြစ်သူ Edgaras Cesnauskis သည် ပွဲချိန် ၇၆ မိနစ် ခန့်တွင် တိုက်ရိုက် အနီကပ်ဖြင့် ထုတ်ပယ်ခြင်း ခံရသော်လည်း ပွဲပြီးဆုံးချိန်တွင် သရေ ရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း တင်ပြရင်း ယနေ့ ယှဉ်ပြိုင် ပြီးခဲ့သည့် ယူရို ၂၀၁၂ အုပ်စု ပွဲစဉ်များအား တင်ပြပေးလိုက်သည်။
 

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }