Friday, September 9, 2011

ဝင်းဒိုး၇ဖောင့်ပြသနာ

Zawgyi Keyboard Installer for Windows 7 (64-bit)




Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။

Monday, May 16, 2011

Unicode ဘယ်လိုသုံး

Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။

စာဖတ်ဖို့

လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။
ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။
Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။


စာရိုက်ဖို့

Keyboard ကတော့ ဒီမှာ ဖတ်လိုက်ပါ။ ပြဿနာ တစ်ခုကတော့ အဲဒါ သွင်းလိုက်ရင် လက်ရှိ ဇော်ဂျီ keyboard သုံးမရတာပဲ။ NHM writer အတွက် keyboard ကတော့ လက်ရှိ zawgyi keyboard နဲ့ တူအောင် ကိုရာဗီ ပြန်ရေးထားတာပါ။ ဒါမှမဟုတ် အက္ခရာ keyboard ကို သုံးပါ။ ရိုက်ရတာကတော့ ဇော်ဂျီနဲ့ မတူဘူး။ သူ့ကို သုံးမယ်ဆိုရင်တော့ 64 bit လား 32 bit လား ဆိုတာ သိဖို့တော့လိုပါတယ်။
Mac အတွက်ကတော့ keymagic ကို အသုံးပြုပါတယ်။ တော်တော်လည်း အဆင်ပြေပါတယ်။

အခြား

Unicode ကော ဇော်ဂျီကော မြင်ချင်ရင်တော့ Parallel Universe ကို သုံးပါ။ Chrome Extension ပါ။ ဇော်ဂျီတွေကိုပါ unicode ပြောင်းပြီး မြင်ချင်ရင်တော့ One Universe သုံးပါ။ Facebook မှာ စာလုံး မမြင်ရရင် one universe ကို ဖြစ်ဖြစ် Parallel universe ကို ဖြစ်ဖြစ် နှိပ်လိုက်ရင် မြင်ရသွားပါလိမ့်မယ်။

WordPress အတွက်ကတော့ MMUnicode Embed ကို သုံးနိုင်သလို combo box လည်းသုံးနိုင်တယ်။ MMUnicode Embed က comment ကို ကြိုက်တာနဲ့ ရိုက် unicode ပြောင်းသိမ်းပေးတယ်။ font ပဲသွင်းထားတယ်။ keyboard မရှိဘူး။ ဇော်ဂျီပဲ ရှိတယ်ဆိုလည်း ဖြစ်တယ်။ ဇော်ဂျီနဲ့သာ ရိုက်ခဲ့လိုက် သူ့အလိုလို unicode ပြောင်းပေးသွားမှာပါ။ 1.2.2 မှာတော့ jquery conflict တွေရှိသေးတယ်။ wordpress blog တွေက plugin တွေ များလာတာနဲ့ jquery library ခေါ်တာတွေလည်း အရမ်းများလာတယ်။ အဲဒီအတွက် Admin panel ရေးရအုံးမယ်။ သောကြာနေ့ ညမှပဲ ရေးပေးတော့မယ်။
ကျွန်တော် font embed javascript ကို တင်ပေးပါ့မယ်။ အဲဒီ javascript ကို သုံးလိုက်ရင် ဘာမှ ထပ်ဖြည့်စရာမလိုဘူး။ သူ့အလိုလို embed လုပ်သွားမယ်။ လက်ရှိ blogspot သုံးနေတဲ့သူတွေလည်း javascript လေး ဖြည့်လိုက်ရုံပဲ။ အဆင်မပြေတာရှိရင် ပြောပါ။
Credit to http://www.saturngod.net/knowledgebase/unicode-using

Tuesday, May 10, 2011

ယူ​နီ​ကုဒ်​ကြောင့် မြန်မာ​စာ စာလုံးပေါင်း​သတ်ပုံ စစ်​လို့​ရ​ပြီ

Why Unicode?
မြန်မာ ​အိုင်​တီ​ပ​ရို​အပါ​အ၀င် အဓိက Web Site တော်တော်​များ​များ ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်းလဲ​ခဲ့​ကြ​ပြီ​ဖြစ်​ပါ​တယ်။ ဘာ​ကြောင့် ပြောင်း​ရ​တာ​လဲ? မြန်မာ​စာ​ကို နိုင်ငံ​တစ်​ကာ​အဆင့်​အဖြစ် မြှင့်​တင်​နိုင်​ဖို့​ပါ။ အခု​ချိန်​မှာ ကွန်​ပြူ​တာ​သုံး​မြန်မာ​စာ​ရဲ့​အဆင့်​အတန်း​ဟာ နိုင်ငံ​တစ်​ကာ​ကို​မ​ဆို​ထား​နဲ့ အိမ်နီးချင်း​နိုင်ငံ​တွေ​နဲ့​တောင်​မှ နှိုင်းယှဉ်​လို့​မ​ရအောင် နိမ့်​ကျနေ​ပါ​သေး​တယ်။
ဘာ​ကြောင့်​နိမ့်​ကျ​ရ​တာ​လည်း​ဆို​တော့ နိုင်ငံ​တစ်​ကာ စံ​ချိန်​စံ​ညွှန်း​နဲ့​ကိုက်​ညီ​တဲ့ စနစ်​တွေ​ကို အသုံး​မ​ပြု​ခဲ့​တဲ့​အတွက်​ဖြစ်​ပါ​တယ်။

ဒီ​လို​မျိုး စံ​နဲ့​မ​ညီ​တာ​တွေ​ကို​သုံး​ခဲ့​တော့ ဘယ် Software က​မှ မြန်မာ​စာ​ကို စာလုံးပေါင်း​သတ်ပုံ စစ်​မ​ပေး​နိုင်​ခဲ့​ပါ​ဘူး။ မြန်မာ​စာ​ကို ဘာသာ​ပြန်​ပေး​နိုင်​တဲ့ ဘာသာ​ပြန်​စနစ် မ​ရှိ​ခဲ့​ပါ​ဘူး။ စနစ်​မ​ကျ​တဲ့​အတွက် ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​ပါ​ဘူး။ ကွန်​ပြူ​တာ​က မြန်မာ​စာ​ကို နား​မ​လည်​တဲ့​အတွက် မ +ျ +ိ +ု +း လို့ ရိုက်​ထား​တဲ့ မျိုး​ကို မ +ိ +ျ +ု +း လို့​ရှာ​ရင် တွေ့​မှာ​မဟုတ်​ပါ​ဘူး။ English စာ​မှာ​ဆို​ရင် Myo လို့​သိမ်းထား​ရင် myo နဲ့​ပြန်​ရှာ​လည်း တွေ့​ပါ​တယ်။ ဒီ​လို​စံ​ချိန်​မ​မှီ​တဲ့ စနစ်​တွေ​ကို​သာ​ဆက်​သုံး​နေ​မယ်​ဆို​ရင် ဒါ​တွေ ဘယ်​တော့​မှ​ရ​လာ​မှာ​မဟုတ်​ပါ​ဘူး။
ဒါ​ဟာ ကျွန်တော်​တို့ ဘာ​ကြောင့် ယူ​နီ​ကုဒ်​စနစ်​ကို ပြောင်း​သုံး​ရ​ခြင်း​ရဲ့ အကြောင်းရင်း​ပဲ ဖြစ်​ပါ​တယ်။ နိုင်ငံ​တကာ​စံ​ညွှန်း​ဖြစ်​တဲ့ Unicode Standard ကို လိုက်နာ​ထား​တဲ့​အတွက် ကျွန်တော်​တို့ မြန်မာ​စာ​လည်း နိုင်ငံ​တစ်​ကာ​အဆင့်​ကို (တ​ဖြည်း​ဖြည်း) မြင့်​တက်​လာ​ခဲ့​ပြီ​ပဲ ဖြစ်​ပါ​တယ်။ ကွန်​ပြူ​တာ​က​လည်း မြန်မာ​စာ​ကို နားလည်​လာ​ပြီ​ဖြစ်​ပါ​တယ်။

တစ်​ယောက်​တစ်​ပေါက်​ဖြစ်​နေ​တဲ့ ပြဿနာ Web Site တွေ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​ကြ​တော့ အခက်​အခဲ​တစ်​ချို့ တွေ့​လာ​ရ​ပါ​တယ်။ အချို့ Site တွေ​က ယူ​နီ​ကုဒ်​သုံး​ပြီး အချို့ Site တွေ​က ဇော်ဂျီ​ကို​ဆက်​သုံး​နေ​ကြ​ပါ​တယ်။
ဇော်​ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ၊ ယူ​နီ​ကုဒ်​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​ရ​တော့ ဇော်ဂျီ​သုံး​ထား​တဲ့ Site တွေ​ကို​ကြည့်​မ​ရ​တာ​မျိုး​တွေ ဖြစ်လာ​ပါ​တယ်။ ဒီ​ပြဿနာ​ကို​ဖြေ​ရှင်း​ဖို့​အတွက် Firefox Addon တစ်​ခု​ကို မိတ်​ဆက်​ပေး​ချင်​ပါ​တယ်။
သံလွင် က​ဖန်တီး​ပေး​ထား​တဲ့ Myanmar Converter Firefox Extension က အခု​ဖြစ်​နေ​တဲ့ ပြဿနာ​ကို ဖြေ​ရှင်း​ပေး​နိုင်​ပါ​တယ်။ အသေး​စိတ်​ကို သံလွင် Website မှာ သွား​ကြည့်​လို့​ရ​ပါ​တယ်။ လက်တွေ့စမ်းသပ်ဖို့ ဒီအဆင့်တွေအတိုင်း လိုက်လုပ်သွားပါ။
၁.) Extension ကို Install လုပ်​ဖို့​အတွက် ဒီ Link ကို​နှိပ်​ပါ
၂.) အောက်​မှာဖော်​ပြ​ထား​တဲ့ Confirmation ပေါ်​လာ​တဲ့​အခါ Allow ကို နှိပ်​ပေး​ပါ။
၃.) Extension ကို Install လုပ်​ပြီး​တဲ့​အခါ Firefox ကို Restart လုပ်​ပေး​ဖို့ လို​အပ်​ပါ​တယ်။
၎.) မြန်မာ​အိုင်​တီ​ပ​ရို​က ဟိုးအရင်က ဇော်ဂျီ ယူ​နီ​ကုဒ် ရော​နေ​တဲ့ Page တစ်​ခု နဲ့ စမ်း​ကြည့်ပါ​မယ်။
ကျွန်တော့်​စက်​မှာ ဇော်ဂျီ Font မ​ရှိ​ပါ​ဘူး။ ရှိ​ရင်​လည်း မြန်မာ​အိုင်​တီ​ပ​ရို​မှာ Myanmar3 ကို အဓိက Font အနေ​နဲ့ သတ်​မှတ်ထား​တဲ့​အတွက် အဆင်​ပြေ​ပြေပေါ်​မှာ​မဟုတ်​ပါ​ဘူး။ Page ကို Load လုပ်​လို​မ​ပြီး​ခင် ဒီ​လိုပေါ်​နေ​မှာ​ဖြစ်​ပါ​တယ်။


ဒါ ​ပေ​မယ့် Page ကို အပြည့်​အ၀ Load လုပ်​ပြီး​သွား​ချိန်​မှာ​တော့ ဇော်ဂျီ​နဲ့ ရေးထား​တဲ့ Text တွေ​ကို ယူ​နီ​ကုဒ်​အဖြစ် အလို​အလျှောက်​ပြောင်း​ပေး​သွား​တဲ့​အတွက် အဆင်​ပြေ​ပြေ မြင်​ရ​သွား​မှာ​ဖြစ်​ပါ​တယ်။


ဒီ Extension က Facebook, Gmail စ​တဲ့ Web Site တွေ​မှာ​ပါ အစဉ်​ပြေ​ပြေ အလုပ်​လုပ်​ပါ​တယ်။ သူများတွေ တစ်ချို့ကဇော်ဂျီနဲ့ တစ်ချို့က ယူနီကုဒ်နဲ့ အမျိုးမျိုးတင်နေတဲ့ Facebook Wall Status တွေအားလုံးကို မြင်ရပါပြီ။ Gmail မှာလည်း သူများတွေက ကိုယ့်ဆီကို ဘာနဲ့ပဲပို့ပို့ မြင်ရပါပြီ။ ဒါ​ကြောင့် ဇော်ဂျီ Font လုံး​၀​မ​လို​အပ်​တော့​ပါ​ဘူး။ သူ​များ​တွေ​ဘာ Font သုံး​ထား​ထား အဆင်​ပြေ​ပြေ မြင်​ရ​မှာ​ပါ။

စက်​ထဲ​မှာ ဇော်ဂျီ​နဲ့ ယူ​နီ​ကုဒ် နှစ်​မျိုးရှိ​နေ​ရင် တစ်​ခု​နဲ့​တစ်​ခု အပြန်​အလှန် "ညိ" နေ​တဲ့​အတွက် အချို့ ပြဿနာ​တွေ​ရှိ​နိုင်​ပါ​တယ်။ ကျွန်တော်​ကတော့ မ​လို​အပ်​တော့​တဲ့ ဇော်ဂျီ​ကို လုံး​၀ ထုပ်​ပစ် (Uninstall) ဖို့ အကြံ​ပြု​ချင်​ပါ​တယ်။ ကျွန်တော့် စက်​ထဲ​မှာ ဇော်ဂျီ Font လုံး​၀​မ​ရှိ​ပါ​ဘူး။ ဒါ​ပေ​မယ့် (ဒီ Extension ကြောင့်) စာ​အားလုံး​ကို ဖတ်​လို့ ရ​နေ​ပါ​တယ်။

မြန်မာ​စာလုံးပေါင်း​သတ်ပုံ
ယူ ​နီ​ကုဒ်​ဟာ Computable ဖြစ်​တဲ့​အတွက် ကွန်​ပြူ​တာ​နဲ့ Software တွေ​က နားလည်​ကြ​ပါ​တယ်။ ကျွန်တော်​တို့​က အဲ့​ဒီ ယူ​နီ​ကုဒ်​စနစ် ပြောင်း​သုံး​လာ​တဲ့​အတွက် (အခြား​ဘာသာ​စကား​တွေ​လို) ဘာသာ​ပြန်​စနစ်​တွေ၊ စာလုံးပေါင်း​သတ်ပုံ​စစ်​တာ​တွေ စတင်​အကောင်အထည် ဖော်​နိုင်​လာ​ပြီ​ပဲ​ဖြစ်​ပါ​တယ်။ မြန်မာ​စာ​ဟာ နိုင်ငံ​တစ်​ကာ​အဆင့်​ကို ထိုး​ဖောက်​ရောက်​ရှိ​လာ​ခဲ့​ပါ​ပြီ။
စောစော​က ကျွန်တော်​တို့ Install လုပ်​ခဲ့​တဲ့ Extension မှာ သတ်ပုံ​စစ်​တဲ့ စနစ် တစ်ခါတည်း ပါလာ​ပါ​တယ်။ တစ်ခါတည်း စမ်းသပ်​ကြည့်​လို့​ရ​ပါ​တယ်။
လက်​ရှိ​စာ​ရိုက် ​နေ​တဲ့ Textarea ထဲ​မှာ Right Click နှိပ်​လိုက်​ရင် Context Menu ပေါ်​လာ​ပါ​တယ်။ အဲ့​ဒီ Menu ထဲ​က Check Spelling ဆို​တဲ့ Check ရဲ့​အောက်​မှာ Language ဆို​တဲ့ Submenu တစ်​ခု​ရှိ​ပါ​တယ်။ အဲ့​ဒီ Submenu ထဲ​က Burmese/Myanmar ဆို​တဲ့ Option ကို​ရွေး​မယ်​ဆို​ရင် မြန်မာ​စာလုံးပေါင်း​သတ်ပုံ စတင်​စစ်ဆေး​နေ​ပြီ​ပဲ ဖြစ်​ပါ​တယ်။

လက်တွေ့ စစ်​ကြည့်​ပါ​မယ်။


ဒီ ​စမ်းသပ်​မှု့​မှာ စာလုံးပေါင်း လေး​နေရာ မှား​နေ​ပါ​တယ်။ သတ်ပုံ​စစ်​တဲ့​စနစ်​က သုံး​နေရာ​ကို မှား​မှန်း​သိ​ပြီး လိုင်း​တား​ပေး​ထား​တာ​ကို တွေ့​ရ​ပါ​တယ်။ အဲ့​ဒီ​လိုင်း​အနီပေါ်​မှာ Right click လုပ်​မယ်​ဆို​ရင် ဖြစ်​နိုင်​ခြေ​ရှိ​တဲ့ စာလုံးပေါင်း အမှန်​တွေ​ကို ဖော်​ပြ​ပေး​ပါ​လိမ့်​မယ်။
အမှား​ထောက်​ပြ​နိုင်​ခြင်း​မ​ရှိ​တဲ့ စကား​စု "ဖြစ်​နေကျ" မှာ "ကျ" ဆို​တဲ့​စကားလုံး​ဟာ သူ​တစ်​လုံး​တည်း​ဆို​ရင် မှန်​နေ​တဲ့​အတွက် မှား​မှန်း စနစ်​က မ​သိ​တာ​ဖြစ်​ပါ​တယ်။ လက်​ရှိ​စနစ်​ဟာ စကားလုံး "တစ်​လုံး​ချင်း​စီ​ကို​ပဲ" စစ်​ပေး​နိုင်​ပါ​သေး​တယ်။ "စကား​စု" တွေ​ကို​တော့ မှန်​အောင် စစ်​မ​ပေး​နိုင်​သေး​ပါ​ဘူး။ လက်​ရှိ​မှာ စာလုံး​တစ်​လုံး​ချင်း​စီ​ကို​ပဲ မှန်​အောင်​မ​ရေး​နိုင်​သူ​တွေ အများ​ကြီး ရှိ​ပါ​တယ်။ အဲ့​ဒီ​လူ​တွေ​အတွက်​တော့ အထိုက်​အလျှောက် အသုံး​၀င်​မှာ​ပါ။
ဒါ​ဟာ အခု​မှ စလုံး​ရေ "စ" ယုံ​ပဲ​ရှိ​ပါ​သေး​တယ်။ အမှန်​တစ်​ကယ် ပြည့်စုံ​ကောင်းမွန်​တဲ့​စနစ်​တွေ ပေါ်ပေါက်​လာ​ဖို့​အတွက်​တော့ ဝိုင်းဝန်း တည်ဆောက်​ကြ​ရ​ဦး​မှာ​ပါ။ အဲ့​ဒီ​လို တည်ဆောက်​ဖို့​ကို ကျွန်တော်​တို့ Professional ရဲ့​တာ​၀န်​လို့​ပဲ ထား​လိုက်​ပါ။ အသုံးပြု​သူ​တွေ ယူ​နီ​ကုဒ်​ကို အသုံးပြု​ပေး​ခြင်း​ဖြင့်​ပဲ ကူညီ​ပေး​ကြ​စေ​လို​ပါ​တယ်။
အသုံးပြု​သူ​တွေ​က နိုင်ငံ​တကာ​စံ​ဖြစ်​တဲ့ ယူ​နီ​ကုဒ်​ကို သုံး​ပေး​မှ​သာ အခု​လို​အသုံး​၀င်​တဲ့​စနစ်​တွေ​ကို တည်ဆောက်​ပေး​လို​သူ​တွေ ဖန်တီး​တည်ဆောက်​ပေး​နိုင်​မှာ ဖြစ်​ပါ​ကြောင်း....
Credit to http://www.myanmaritpro.com/profile/EiMaung ( ကိုအိမောင် @ Myanmaritpro.com)
Credit to http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:232572 ( this blog)

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }