Wednesday, September 7, 2011

ချစ်သူကိုဘယ်အချိန်မှာဖုန်းဆက်တတ်သလဲ?

၁။အိပ်ယာနိုးနိုးချင်း  ဖုန်းဆက်တတ်သူ
၂။လမ်းမပေါ်မှာ   ဖုန်းဆက်တတ်သူ
၃။အလုပ်ချိန်မျာ    ဖုန်းဆက်တတ်သူ
၎။အိပ်ယာမဝင်ခင်မှာ ဖုန်းဆက်တတ်သူ
၅။ဆက်ချင်တဲ့အချိန်မှာ  ဖုန်းဆက်တတ်သူ
                     အခုပြောခဲ့ တဲ့ အမျိုးအစား(၅)မျိုး ထဲမှာ...သင်က ဘယ် အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ.......
၁။အိပ်ယာနိုးနိုးချင်းဖုန်းဆက်တတ်သူ
     အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရမ်းလှုပ်ရှားတတ်သူဖြစ်တယ်။သင်ဟာအခွင့်ကောင်းနဲ့ကြုံရင်လက်မလွတ်တတ်သူဖြစ်တယ်။
အချစ်စစ်သူရဲကောင်းအမျိုးအစားဖြစ်တယ်။အချစ်အတွက်ပျော်ပျော်ကြီးစွန့်လွှတ်အနစ်နာခံရဲသူဖြစ်တယ်။
ချစ်သူဆီကဘာမှမမျှော်ကိုးပဲပေးဆပ်သူ  ချစ်သူကျေနပ်အောင်ကြင်နာသူ ချစ်သူဆီကဘာမှတုံ့ပြန်မှုမရလည်းအပြစ်မတင်ပေးဆပ်တတ်သူ
ဖြစ်တယ်။အချစ်မှာသင်ဟာပျော်နေတတ်ပေမယ့်အကြံတစ်ခုတော့ပေးချင်ပါတယ်။
ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ကြင်နာမှုဟာ....ချစ်သူအတွက် အကျင့်ဖြစ်မသွားစေပါနဲ့။
ချစ်သူဆိုတာနှစ်ဦးနှစ်ဖက်  အပေးအယူညီမျှဖို့လိုတယ်။သင့်အတွက် အလိုက်ဖက်ဆုံးသူကလည်း သင့်ကို ကြင်နာတဲ့သူ...
သင့်ကိုတန်ဖိုးထားတဲ့သူပဲ ဖြစ်သင့်ပါတယ်။



၂။လမ်းမပေါ်မှာဖုန်းဆက်တတ်သူ
              အချစ်ကြောင့်အရသာမပျက်သူ  ၊ ဘဝမှာပျော်ပျော်နေတတ်သူ ဖြစ်ပြီးအချစ်မရှားသူဖြစ်ပါတယ်...။ဘဝရဲ့ထောင့်တစ်နေရာကနေကိုယ့်အတွက်ပျော်ရွှင်မှုကိုရှာတတ်သူဖြစ်ပြီး
နှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက်တတ်သူဖြစ်တယ်။
ချစ်သူဘာကိုအလိုရှိသလဲဆိုသင်သိဖို့အတွက်  အကြံတစ်ခုပေးချင်ပါတယ်။
သင်ဟာစန်းပွင့်သူဖြစ်ပေမယ့်တစ်ယောက်တည်းကိုပဲ သတ်မှတ် ချစ်တဲ့ အချစ် ကမှသင် နဲ့ အသင့်တော် ဆုံး ဖြစ်တယ်။
ဘာဖြစ်လဲဆိုတော့သင့်ရဲ့စိတ်  တစ် စိတ်ထဲနဲ့ လူအများကိုခွဲဝေပေးဖို့မဖြစ်နိုင်လို့ပါပဲ။။


၃။အလုပ်ချိန်မှာဖုန်းဆက်တတ်သူ
                   သင့် အချစ်ဟာ အချစ်ရိုးကြီးပါ။ရိုမန်တစ် မဆန် သလို နာဝင်ချိုတဲ့စကားကိုလည်းပြောခဲသူ ဖြစ်ပါတယ်။
အချစ်ဆိုတာဘဝရဲ့ တစ်စိတ်တစ်ပိုင်းထင်သူဖြစ်ပါတယ်။ သင့်အတွက် အကြံက အချစ်သစ်ကို စတင်တော့မယ်ဆိုရင်
သူငယ်ချင်း အဆင့်ကနေ စ တင်တာ အကောင်း ဆုံးပါပဲ။ဒါပေမယ့် သူငယ်ချင်း အဆင့်ပဲရှိသေးတယ် ဆိုပြီး....သူငယ်ချင်း အဆင့်နဲ့တော့
မရပ် လိုက် မိဖို့ပဲ လိုပါတယ်။

၎။အိပ်ယာမဝင်ခင် ဖုန်းဆက်တတ်သူ
                   သင်ဟာ....အချစ်ကို ယုံကြည်ကိုးကွယ် လွန်းတဲံ့သူုဖြစ်တယ်။သင့် ချစ်သူက သင့် အပေါ်နည်းနည်းကောင်းပြီးကြင်နာပြ
လိုက်တာနဲ့ သင်က ဆယ်ဆ လောက် ပြန်ကောင်းသူမျိုး ဖြစ်တယ်။ ချစ်သူအလိုရှိတာကို ပြောလိုက်တယ်နဲ့ အားလုံး
အဆင်ပြေစေရမယ် ဆိုတဲ့ လူမျိုး ဖြစ်တယ်။တစ်ခါတစ်လေ  အချစ်ဆိုတာ မမျှတ တဲ့ ကစားနည်းပါ။
ပေးဆပ်မှုနဲ့ရယူမှုက ဘယ်တော့မှ တစ်ထပ်တည်း မကျနိုင်ပါဘူး။ဒါကြောင့် အချစ်နွံထဲ အရမ်းနစ်ဝင်မသွားစေနဲ့။နောက် သင့်မှာ
အချစ်အတွက် တိုင်ပင်ဖော်လေးလို အပ်ပါတယ်။
ဥပမာ----သင့် သူငယ်ချင်း သို့မဟုတ် သင့်အတွက် အကြံဥာဏ်ကောင်း ပေးနိုင်တဲ့သူကို တိုင် ပင် ကြည့်ပါ။

၅။ဆက်ချင်တဲ့အချိန်ဆက်တတ်သူ
                    ချစ်သူဆီကနေ ကိုယ်လိုချင်တဲံ အရာကို ရှာဖွေတတ်သူ  ဖြစ်တယ်။
ချစ်သူလိုတစ်မျိုး သူငယ်ချင်း လို တစ်မျိုးကူညီစောင့်ရှောက်တတ်သူလည်းဖြစ်တယ်။တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူအပေါ်အချစ်
မပြောင်းလဲသူလည်းဖြစ်တယ်။အကြံ တစ်ခုပေးချင်တာက ချစ်သက်တမ်းကြာလေချစ်သူရဲ့  အပြစ်အနာအဆာ ကို တွေ့မြင်နိုင်ဖို့ခဲယဉ်းလေလေ     ဖြစ်တတ်တာကြောင့် ချစ်သူအပေါ်  မကျေနပ်တာ အလိုမကျတာတွေရှိ ရင် သိုဝှက်မထားပဲ ချက်ချင်းထုတ်ဖော်ပြောသင့်ပါတယ်။အလိုမကျတာတွေ ရင်မှာပဲသိမ်းဆည်းထားရင် နောက်ဆုံမှာ ဒေါသတွေပေါက်ကွဲ  နိုင်ပါတယ်။
                      အားလုံး ပဲ ပျော်ရွှင်ကြပါစေ......ဖတ်မိ မှတ်မိ သလောက် ပြောပြတာပါ....ထိခိုက်နစ်နာဖို့အတွက် မရည်ရွယ်ပါ.....

No comments:

Post a Comment

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }